Homeသတင်းမွန်ပြည်နယ်တွင် မူလတန်းပြ ဆရာ/ဆရာမဦးရေ ၂၀ဝ ခန့်တိုးမြှင့်ခန့်အပ်မည်

မွန်ပြည်နယ်တွင် မူလတန်းပြ ဆရာ/ဆရာမဦးရေ ၂၀ဝ ခန့်တိုးမြှင့်ခန့်အပ်မည်

-

မွန်ပြည်နယ်တွင် နေ့စားမူလတန်းပြ ဆရာ/ ဆရာမ ၂၀ဝ နီးပါးခန့် ထပ်မံတိုးမြှင့်ခန့်အပ်မည်ဖြစ်ကြောင်း ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင်က “မွန်ပြည်နယ်မှာကျတော့ ပညာတတ်တွေ အပြည့်အဝ ရှိနေပြီးသားဆိုတော့ တခြားပြည်နယ်တိုင်းထက်စာရင် ဆရာတို့ ပြည်နယ်မှာကျတော့ လိုအပ်ချက်တွေ သိပ်မများဘူး၊ 1 Plus 4 အရ အပြည့်ရဖို့အတွက် လိုလာတဲ့အခါမှာ ဆရာတို့ပြည်နယ်မှာ ဘယ်လောက်လိုလဲဆိုတော့ ၁၉၁ ယောက် လိုတယ်၊ လက်ရှိ အနေထား အရ ဒါကိုဖြည့်မယ်၊ 1 Plus 4 အရ ဖြည့်မယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဆုံးဖြတ်ထားသည့်အတိုင်း လာမည့် ၁၆-၁၇ ပညာသင်နှစ်မှာ ပညာရေးစနစ်က ပြောင်းသွားမည်ဖြစ်ကြောင်း၊ Kindergarten Games- KG Plus အတွဲစနစ်ကို ၂၀၁၆ ဇွန်လတွင် စတင်တော့မည်ဖြစ်သည့်အတွက် ဆရာ/ ဆရာမ လိုအပ်ချက်တွေ ရှိလာပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

မွန်ပြည်နယ် ပညာရေးမှူးရုံး(MNA)
မွန်ပြည်နယ် ပညာရေးမှူးရုံး(MNA)
“ဒီ ၁၆-၁၇ စနစ်အသစ်နဲ့ သွားတဲ့အခါမှာ မူလတန်းအဆင့်မှာဆိုရင် ကျောင်းအုပ် ၁ ယောက်နဲ့ လက်ထောက် ၆ ယောက်၊ အဲသလိုမျိုးနဲ့ သွားမယ်လို့ ရာထားတယ်၊ ဒါပေမယ့် လက်ရှိအနေအထားအရ အခြေခံပညာ ကျောင်းတွေမှာ 1 Plus 6 မပြောနဲ့၊ 1 Plus 4 ကျောင်းအုပ် ၁ ယောက်နဲ့ လက်ထောက် ၄ ယောက်တောင်မှ တင်းပြည့်ကျပ်ပြည့် မရှိနေသေးဘူး၊ လိုအပ်နေသေးတယ်” ဦးမျိုးတင့်အောင်က ပြောသည်။

အဆိုပါ နေ့စား မူလတန်းပြ ဆရာ/ ဆရာမ အဖြစ် ရွေးချယ်ခံရသူများသည် တာဝန်ထမ်းဆောင်နေစဉ် မူလတန်းပြ ဆရာအတတ်သင်ပညာ စာပေးစာယူ သင်တန်း တက်ရောက်ရမည်ဖြစ်ပြီး ယင်းသင်တန်း အောင်မြင်ပါက မူလတန်းပြ ဆရာ/ ဆရာမ အဖြစ် အတည်ပြု ခန့်အပ်မည်ဟု ပြည်နယ် ပညာရေး ညွှန်ကြားရေးက ဆိုသည်။

နေ့စား မူလတန်းပြ ဆရာ/ ဆရာမ လျှောက်ထားသူများသည် လာမည့် ဧပြီလ ၃၀ ရက်နေ့တွင် သင်္ချာ၊ အင်္ဂလိပ်၊ အထွေထွေ ဗဟုသုတ ၁ နာရီမေးခွန်းဖြေကြားရမည်ဖြစ်ပြီး ဧပြီလ ၂၆ ရက်နေ့ကစ၍ မြို့နယ်အဆင့် KG သင်တန်းများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အထက်ပါ နေ့စား မူလတန်းပြ လျှောက်ထားသူများသည် Ph.D ဘွဲ့၊ မဟာဘွဲ့၊ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း အဆိုပါ လျှောက်လွှာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts