spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့ ရေလုပ်သားများ မိခင်အတ္ထရံ ရေလုပ်သားအသင်းဖွဲ့စည်း

    ကျိုက်မရောမြို့ ရေလုပ်သားများ မိခင်အတ္ထရံ ရေလုပ်သားအသင်းဖွဲ့စည်း

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ ရေလုပ်သားများ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်လျှက်ရှိသော အတ္ထရံ မြစ်တွင် ပြဿနာများဖြစ်ပေါ်လာပါက အတူတကွဖြေရှင်းနိုင်ရန် ‘မိခင်အတ္ထရံ ရေလုပ်သားအသင်း’ ကို မတ်လ (၂၂) တွင် ကျိုက်မရောမြို့၊ အတ္ထရံခန်းမတွင် ဖွဲ့စည်းခဲ့သည်။

    မိခင်အတ္ထရံ ရေလုပ်သားအသင်းဖွဲ့စည်းစဉ်(MNA)
    မိခင်အတ္ထရံ ရေလုပ်သားအသင်းဖွဲ့စည်းစဉ်(MNA)

    မိခင်အတ္ထရံ ရေလုပ်သားအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က “ကျွန်တော်တို့ အခုကြုံတွေ့နေရတာက ဒီ MCL ကုမ္ပဏီက သင်္ဘောတ္ပွေပါ။ သင်္ဘောတွေကို မြန်နှုန်းမြင့်နဲ့မောင်းနေတယ်။ မြန်တော့ လှိုင်းကြီးလာတယ်။ အဲဒီ တော့ ကျွန်တော်တို့လှေငယ်တွေ မြုပ်သွားတယ်။ ဒီသင်္ဘောတွေ အတတ်နိုင်ဆုံး အနှေးဆုံးနှုန်းနဲ့ မောင်းပေး နိုင်ဖို့အတွက်နဲ့ ပြဿနာဖြစ်လာရင်လည်း ရေလုပ်သားတွေ အတူဖြေရှင်းနိုင်ဖို့ ဒီအသင်းကို ဖွဲ့စည်းရခြင်း ဖြစ် တယ်” ဟု ဆိုသည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သင်္ဘောများ မြစ်အတွင်းမြန်နှုန်းမြင့် သွားလာခြင်းကြောင့် လှေငယ်များ နစ်မြုပ်ခဲ့သည်ဟု ဆိုသည်။

    မိခင်အတ္ထရံ ရေလုပ်သားအသင်း ဘဏ္ဍာရေးမှူး ကိုမြတ်မိုး က “MCL ပစ္စည်းတင်သင်္ဘောကြောင့် ကျွန်တော်တို့ ပိုက်မျှောရတဲ့အချိန် နှောင်နှေးတယ်။ သင်္ဘောကြီးတွေ မောင်းနှုန်းမြန်တော့ လှိုင်းတွေကြီးစေတယ်။ အဲဒီလှိုင်းကြောင့် စက်လှေငယ်တွေ လည်း နစ်မြုပ်ခဲ့သလို ပိုက်တွေလည်းကွဲဖူးတယ်။ လှေတောင် ဝမ်းဗိုက်ကွဲပြီးမြုပ်ခဲ့ဘူးတယ်။ ဒီကိစ္စကို ကျွန် တော်တို့ အထက်ထက်ကိုတင်ပြသော်လည်း တရားဝင်အသင်းအဖွဲ့မရှိတော့ ထူးမလာဘူး” ဟု ဆိုသည်။

    ကျိုက်မရောမြို့တွင် ယခင်က ရေလုပ်သားအသင်းအဖွဲ့ ရှိခဲ့သော်လည်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိခဲ့ပါ။ ယခု ‘မိခင် အတ္ထရံ ရေလုပ်သားအသင်း’ ကို သက်ဆိုင်ရာအစိုးရဋ္ဌာနတွင် တရားဝင်မှတ်ပုံတင်သွားမည်ဟု ဆိုသည်။
    မိခင်အတ္ထရံ အသင်းအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင် (၉) ဦးနှင့် ဖွဲ့စည်းထားပြီး တရားဝင်အသင်းအဖွဲ့မှတ်ပုံတင် နိုင်ရန်အတွက် အလုပ်အမှုဆောင်ကော်မတီဝင်အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များ စုဆောင်းလျှက် ရှိသည်။

    MCL သင်္ဘောသွားလာခြင်းကြောင့် လှေငယ် အစီး (၂၀) ခန့် နစ်မြုပ်ခဲ့၍ ထိုမြုပ်သွားသော လှေပြဿနာနှင့် တခြားကိစ္စများကို ညှိ့နှိုင်းဖြေရှင်းနိုင်ရန် လာမည့် မတ်လ (၂၄/၂၅) ရက်တွင် MCL ဘိလပ်မြေ ကုမ္ပဏီ တာဝန်ရှိသူနှင့် မိခင်အတ္ထရံအသင်းအဖွဲ့တို့ ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဌာနရုံး၌ တွေ့ဆုံကြမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks