spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းချောင်းဆုံမြို့နယ်တွင် ဆရာမသုံးဦးအား ကြိုတင်မဲမသမာမှုဖြင့် USDP အမှုဖွင့်တိုင်ကြား

    ချောင်းဆုံမြို့နယ်တွင် ဆရာမသုံးဦးအား ကြိုတင်မဲမသမာမှုဖြင့် USDP အမှုဖွင့်တိုင်ကြား

    -

    ချောင်းဆုံမြို့နယ် မဲရုံတစ်ရုံ(Facebook)
    ချောင်းဆုံမြို့နယ် မဲရုံတစ်ရုံ(Facebook)
    အိုက်စိုင်း – အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော ပြည်ထောင်စုကြံ ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး
    ပါတီမှ ကိုယ်စားလှယ်လောင်း ဦးမင်းအောင်သူဖြစ်ကြောင်း ချောင်းဆုံမြို့မရဲစခန်းမှ သိရသည်။

    “၀ယ်လန်ကျေးရွာမှာ ကြိုတင်မဲ ၄၀ ရှိတယ်။အဲ့ဒီထဲကမှ NLD က (၈)မဲ၊မွန်အမျိုးသားပါတီက(၂)မဲ၊ USDP က(၂၇)မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက(၂)မဲ၊ပယ်မဲက တစ်မဲ၊အသီးသီးရကြတယ်။ဒါကို မဲရုံ အတွင်းမှာရှိတဲ့ သူတွေ အားလုံးက အတည်ပြုခဲ့ကြတယ်။အသိသက်သေတွေကလည်း လက်မှတ်ထိုးပြီး တော့ ပြန်သွားကြတယ်။ပြန်လာတဲ့ အခါမှာကြတော့ အစက အတိုငး်မဟုတ်တော့ဘဲ ပြင်ဆင်မှုတွေ လုပ် ထားတာကို မဲရုံကိုယ်စားလှယ်တွေက သိရတဲ့အတွက် ပြန်ကြည့်တဲ့အခါမှာ ပယ်မဲ တစ်မဲ နဲ့ ကျွန်တော်ဆီ က ၂ရ မဲထဲက တစ်မဲ လှျော့နေတယ်။အစက NLD က (၈)မဲ ဒါကို ၁၀ မဲဖြစ်သွားတယ်။ဒါကြောင့် အခုလို ကျွန်တော် အမှုဖွင့်တိုင်ကြားရခြင်းဖြစ်ပါတယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ ့ဖြိုးရေးပါတီ(USDP)မှ ဦးမင်းအောင်သူ ကပြောသည်။

    ချောင်းဆုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံထားရသူများမှာ ဝယ်လန်းကျေးရွာမဲရုံမှ မဲရုံမှူး ဒေါ်အေးဝင်း ၊ဒုမဲရုံမှူး ဒေါ်အေးအေးစိုး၊ မဲစာရင်းစစ်သူ ဒေါ်ချိုချိုထွေးတို့ဖြစ်ပြီး ၎င်းတို့ သုံးဦးအား (ပ) ၂၂၇/၂၀၁၅၊ ပြည်သူ့ လွှတ်တော် ရွေး ကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉(ဂ)ဖြင့် အမှုဖွင့်ထားကြောင်း ချောင်းဆုံမြို ့နယ်ရဲစခန်းမှ သိရ သည်။

    “နဂို ပုံစံ(၁၆)မှာ ရေးသွင်းထားတဲ့ စာရင်းနဲ့ ပြန်စစ်တဲ့ အခါမှာ စာရင်းက ကွဲလွဲနေတယ်။ဒါကို ဘယ်လို လုပ် မလဲဆိုပြီး မဲရုံတာဝန်ရှိတဲ့ သူတွေ ညိှနှုိင်းကြတယ်။အဲဒီအချိန်မှာ မဲရုံကိုယ်စားလှယ်တွေက ပြန်သွားကြပြီး တချို ့လောက်ပဲ ကျန်ခဲ့တယ်။ရပ်/ကျေး ကော်မရှင်နဲ့အတွင်းရေးမှူးကလည်း ရောက်လာတယ်။ဒါနဲ့ လုပ်ထုံး လုပ်နည်းအရ ပုံစံ(၁၆)စာရင်းနဲ့ မဲလက်မှတ်က စာရင်း တူညီဖို့လိုတဲ့အတွက် နဂိုပုံစံ(၁၆)ထဲမှာ ရေးသွင်း ထားတဲ့ စာရင်းကို ဖျက်ပြီး နောက်ဆုံး ပြန်စစ်ထားတဲ့ မဲစာရင်းမှာ ရလဒ်ကို ပြန်ပြင်ပြီး ထည့်သွင်းလိုက် တယ်။ဒါကို အဲ့ဒီအချိန်မှာ ရှိတဲ့ တာဝန်ရှိသူ ကိုးဦးကလည်း သဘောတူတယ်။မဲလက်မှတ်က စာရင်းနဲ့ ပုံစံ (၁၆)မှာ ရေးသွင်းထားတဲ့ စာရင်း အကိုက်လုပ်လိုက်တယ်လို့ ကျွန်တော်တို့ ဆီမှာ ဝယ်လန်းကျေးရွာ မဲရုံ က တာဝန်ရှိသူတွေ လာရောက် ဖြေရှင်းခဲ့ကြတယ်”ဟု ချောင်းဆုံမြို ့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံ က ပြောသည်။

    ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးမင်းအောင်သူက (၁၆၆၁၃)မဲ ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒေါ်ခင်ဌေး ကြွယ် က (၂၃၅၈၀)မဲရရှိကာ အနိုင်ရရှိခဲ့သည်။

    ဝယ်လန်းကျေးရွာမဲရုံမှ မဲရလဒ်များမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးမင်းအောင်သူ က (၂၀၉)မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်ဌေးကြွယ်က (၂၂၆)မဲ တို့အသီးသီး ရရှိခဲ့ကြသည်။

    အလားတူ မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းရှိ ဟံဂံကျေးရွာအုပ်ချုပ်ရေးမှူးက ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်ကို မဲရုံမှ မောင်းထုတ်မှုနှင့် ပတ်သက်ပြီး ထိုမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မွန်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၃ သုံးဦးက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် တိုင်းကြားထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts