Homeသတင်းNLD နှင့် UNA အဖွဲ့ဝင်များ အစည်းအဝေးတစ်ရပ် ပြုလုပ်မည်

NLD နှင့် UNA အဖွဲ့ဝင်များ အစည်းအဝေးတစ်ရပ် ပြုလုပ်မည်

-

အိုက်စိုင်း – ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်သည်အထိ အပြတ်အသတ်အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် နိုင်ငံရေး ပူးပေါင်းဆောက်ရွက်ရေးနှင့်ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်

များ မကြာမီရက်ပိုင်းအတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

UNA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်က “ဟုတ်ပါတယ်။ကျွန်တော်တို့ UNA အဖွဲ့ဝင်တွေ

UNA နှင့် မိတ်ဖက်အဖွဲ့များအစည်းဝေး(Internet)
UNA နှင့် မိတ်ဖက်အဖွဲ့များအစည်းဝေး(Internet)
အစည်းအဝေးတစ်ရပ် လုပ်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နိုင်ငံရေးမှာ ဘယ်လို ပူးပေါင်း ဆောက်ရွက်ကြမလဲဆိုတာကို ဆွေးနွေးကြမယ်။ဒါပေမဲ့ ရက်ကိုတော့ အတိ အကျ မသတ်မှတ်ရသေးဘူး၊ ဦးခွန်ထွန်းဦးတို့နဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ကြမယ်”ဟု ပြောသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ UNA အဖွဲ့ဝင်များဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်သူ့လွှတ်တော် ၁၂ ၊ အမျိုးသားလွှတ်တော် ၃၊ ပြည်နယ်လွှတ်တော် ၂၅ နေရာ၊ ရခိုင်အမျိုးသားပါတီကလည်း ပြည်သူ့လွှတ်တော် ၁၂၊ အမျိုးသားလွှတ်တော် ၁၀၊ ပြည်နယ်လွှတ်တော် ၂၅ နေရာ၊ မွန်အမျိုးသားပါတီသည် အမျိုးသားလွှတ်တော် ၁၊ ပြည်နယ်လွှတ်တော် ၂၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၆ နေရာ အနိုင်ရရှိခဲ့သည်။

ထိုကြောင့် အစိုးရ တစ်ရပ် ဖွဲ့စည်းနိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် ထက်ကျော်လွန် ကာ အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် နိုင်ငံရေးအတွက် ရှေ့ဆက် ပူးပေါင်း လုပ်ဆောင် နိုင် ရန် UNA အဖွဲ့ဝင်များ အစည်းအဝေး တစ်ရပ် ကျင်းပကာ ဆွေးနွေးကြရန် ဆုံးဖြတ်ထားကြခြင်း ဖြစ် သည်ဟု ဦးအေးသာအောင်က ဆိုသည်။

သို့သော် အစည်းအဝေး ပြုလုပ်မည် ရက်ကို အတိအကျ သတ်မှတ်နိုင်ခြင်းမရှိသော်လည်း ယခု တတိယအပတ် ထဲ တွင် အစည်းအဝေး ခေါ်ယူနိုင်ရန် စီစဉ်လှျက်ရှိကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့(UNA)ထံမှ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ ပြီးခဲ့သည့် ဇူလိုင် ၂ရ ရက်မှ ၂၉ ရက်နေ့များအထိ UNA အဖွဲ့ဝင်များသည် ရွေးကောက်ပွဲတွင် နေရာအများအပြား အနိုင်ရရှိရေးအတွက် တတိယအကြိမ်မြောက် ညီလခံ တစ်ရပ်ကို ကျင်းပပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့အပြင် UNA သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊မွန်ပြည်သစ်ပါတီ(NMSP)၊ KNU/KNLA-PC၊ DKBA၊ စသည့် လက်နက်ကိုင်အဖွဲ့များနှင့်လည်း ဆက်ဆံရေး တစ်ရပ် ထူထောင်ထားသည်ဟု သိရသည်။

UNA သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများဖြစ်သော မွန်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ကရင်အမျိုး သားပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင် အမျိုးသားများ ဒီမိုကရေစီကွန်ရက်တို့ဖြင့် ၂၀၀၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts