Monday, March 16, 2026
More
    spot_img
    Homeသတင်းမွန်ကိုယ်စားလှယ်လောင်း ၄ ဦးသာ အနိုင်ရရှိ

    မွန်ကိုယ်စားလှယ်လောင်း ၄ ဦးသာ အနိုင်ရရှိ

    -

    ပြည်နယ်လွှတ်တော်တွင် အနိုင်ရရှိသူ ၃ ဦး(Facebook)
    ပြည်နယ်လွှတ်တော်တွင် အနိုင်ရရှိသူ ၃ ဦး(Facebook)
    အိုက်စိုင်း.- ၂၀၁၅ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ရက်နေ့က ကျင်းပခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် များ အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မွန်ပါတီ နှစ်ပါတီမှ ကိုယ်စားလှယ်လောင်း ၄ ဦး အနိုင်ရရှိခဲ့ ကြောင်း သတင်းရသည်။

    ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပသော ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန် တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

    “ရေးမှာတော့ မွန်အမျိုးသားပါတီက နှစ်ဦး အနိုင်ရထားတယ်။ဒေါက်တာ မင်းစိုးလင်း နဲ့ ဦးနိုင်သီဟတို့ဖြစ် ပါတယ်။ဒါက ကျွန်တော်တို့ နောက်ဆုံး ရထားတဲ့ စာရင်းပါဘဲ အခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို ကျွန်တော်တို့ ပေးပို့နေပါတယ်”ဟု ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

    မွန်အမျိုးသားပါတီမှ မုဒုံမြို ့ ပြည်နယ်လွှတ်တော်(၂)တွင် ဒေါက်တာမင်းကြည်ဝင်း၊ရေးမြို ့ အမျိုးသားလွှတ်တော် (၂) မှာ နိုင်သီဟ၊ ပြည်နယ်လွှတ်တော်(၁)၌ ဒေါက်တာမင်းစိုးလင်းတို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်။

    ထို့အတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာအောင်နိုင်ဦးကလည်း ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော်(၁)တွင် အနိုင်ရရှိခဲ့ကြောင်း ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ပြောသည်။

    မွန်အမျိုးသားပါတီသည် ပြည်သူ့လွှတ်တော် ၁၃ နေရာ၊အမျိုးသား လွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်၂ရ နေရာ၊တိုင်းရင်းသားလူမျိုး ၁ နေရာ စုစုပေါင်း ၅၃ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ၃ နေရာ အနိုင်ရရှိခဲ့သည်။

    ထိုအတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည်လည်း ပြည်သူ့လွှတ် တော် ၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်နယ်လွှတ်တော် ၁၆ နေရာ၊ တိုင်းရင်းသား လူမျိုး ၁ နေရာ၊စုစုပေါင်း ၃၅ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ၁ နေရာသာ အနိုင်ရရှိခဲ့သည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကသာ မဲဆန္ဒနယ်အများဆုံး အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks