Tuesday, May 12, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်ရေးထိုးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်

    NCA လက်မှတ်ရေးထိုးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်

    -

    ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ဟောပြောပွဲ(Facebook)
    ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ဟောပြောပွဲ(Facebook)
    အိုက်စိုင်း – လာမည့်အောက်တိုဘာ (၁၅)ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် မြန်မာအစိုးရ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်
    ရောက် သွားမည်မဟုတ်ကြောင်း အောက်တိုဘာ ၁၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အတည်ပြုပြောကြားလိုက်သည်။

    “ကျွန်တော်တို့ အဖွဲ့ချုပ်ကတော့ ကိုယ်စားလှယ်ဘဲ စေလွှတ်မယ်၊ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တော့ မတက်ဘူး၊ ဘာကြောင့် မတက်ရသလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ မပြောပြနိုင်ပါဘူး”ဟု အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

    အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ ပြည်တွင်း အသိသက်သေအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦး၊ ညီညွတ် သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) ခေါင်းဆောင် ဦးအေးသာအောင်၊ ၈၈ ငြိမ်း ချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့မှ ဦးမင်းကိုနိုင် တို့အပြင် နိုင်ငံရေးပါတီ ၉၂ ပါတီမှ ဥက္ကဌ တစ်ဦးစီ၊အရပ်ဖက် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ စသည်တို့ကို ဖိတ်ကြားသွားရန် လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့်အစိုးရတို့ကြား သဘောတူညီမှုရယူထားသည်။

    NCA လက်မှတ်ရေးထိုးပွဲသို့ မတက်ရောက်ရခြင်း၏ အကြောင်းအရာကို အသေးစိတ်မပြောပြနိုင်သော်လည်း အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည့် မဲဆွယ်စည်းရုံးရေးခရီးစဉ် နှင့် တိုက်ဆိုင်နေခြင်းကြောင့်လည်း ပါဝင်သည်ဟု ဦးဝင်းထိန်က ဆက်ပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်တွင် အားလုံးပါဝင် လက်မှတ်ရေးထိုးခွင့်မပြုသည့်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးကလည်း အသိသက်သေအဖြစ်ပါဝင် လက်မှတ် ရေးထိုးရန် ဖိတ်ကြားလာပါက တက်ရောက်သွားမည်မဟုတ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။

    ထို့အတူ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)မှ ခေါင်းဆောင် ဦးအေးသာအောင် ကလည်း အသိသက်သေအဖြစ် တက်ရောက်သင့်မသင့် UNA အဖွဲ့ဝင်များနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်သွားမည်ဟု အောက်တိုဘာ ၉ ရက်နေ့က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောခဲ့သည်။

    သို့ရာတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးပွဲသို့ မတက်ရောက်ဘူးဟု ပြောဆိုသံများ ထွက်ပေါ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်း၊ပြည်ပ အသိသက်သေများ NCA လက် မှတ်ရေးထိုးပွဲသို့ တက်ရောက် နိုင်ခြင်း ရှိ/မရှိကို အောက်တိုဘာ ၁၂ ရက်နေ့၌ တိတိကျကျသိရှိရမည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုး သား တပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး(ABSDF)၊သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) စသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့တို့ နေပြည်တော်ရှိ (MICC-2)၌ လက်မှတ်ရေးထိုးပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks