spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းအစိုးရသည် တိုင်းရင်းသားအင်အားစုများကိုခွဲ၍ ချေမှုန်းရန်ကြံစည်နေသည်ဟု UNFC ထုတ်ပြန်

    အစိုးရသည် တိုင်းရင်းသားအင်အားစုများကိုခွဲ၍ ချေမှုန်းရန်ကြံစည်နေသည်ဟု UNFC ထုတ်ပြန်

    -

    UNFC ထုတ်ပြန်ချက်(Copy)
    UNFC ထုတ်ပြန်ချက်(Copy)
    အိုက်စိုင်း – တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင် လက် မှတ်ရေးထိုးခွင့်မပြုဘဲ အဖွဲ့အစည်းတချို့နှင့်သာ လက်မှတ်ရေးထိုးရန် လုပ်ဆောင်လာခြင်း

    သည် စုစည်းနေ သော အတိုက်အခံတိုင်းရင်းသား အင်အားစုများကို ခွဲ၍ ချေမှုန်းရန်ကြံစည်နေခြင်းသာဖြစ်သည်ဟု ညီညွတ် သော တိုင်းရင်းသား လူမျိုးများဖယ်ဒရယ်ကောင်စီ(UNFC)က အောက်တိုဘာ (၁၀)ရက်က သဘောထား ထုတ် ပြန်ကြေညာလိုက်သည်။

    ထို့အပြင် အဖွဲ့အားလုံးပါဝင်ခွင့်မရှိသဖြင့် လက်မှတ်မရေးထိုးနိုင်သေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ထိုးစစ်ဆင်တိုက်ခိုက်လာ နေခြင်းသည် လက်မှတ်ရေးထိုးရန် ဖိအားပေးခြင်း သဘောဆောင်နေပြီး၊နှစ်ပေါင်း(၇၀)နီးပါး အင်အားသုံး ဖိ အား ပေးဖြေရှင်း၍ မရနိုင်သည့် နည်းနာကို တဖန်ပြန်၍ အသက်သွင်းနေခြင်းဖြစ်သည်ဟု UNF က ဆိုသည်။

    UNFC ဒုဥက္ကဌနိုင်ဟံသာက “အခြားတဖက်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဟု နာမည်ခံပြီး အချို့အဖွဲ့ကို ချန်၍ အဖွဲ့အချို့ နဲ့သာ လက်မှတ်ရေးထိုးတာဟာ စုစည်းနေတဲ့ အတိုက်အခံတိုင်းရင်းသားအင်အားစုများကို ခွဲ ၍ ချေမှုန်းဖို့ကြံစည်တဲ့လုပ်ရပ်ပါ၊ မိမိတို့ သံသယရှိခဲ့တဲ့အတိုင်း ယခု လက်မှတ်မထိုးနိုင်သေးတဲ့အဖွဲ့တွေကို တိုက်ခိုက်လာနေတာဟာ သူတို့ရဲ့ အတွင်းသဘောထားကို ဖော်ပြနေတာပဲ” ဟု ပြောသည်။

    ထို့သို့ ငြိမ်းချမ်းရေးကို ဟန်ပြလုပ်ပြီး အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သည့် မဟာလူမျိုးကြီးဝါဒအပေါ်အခြေခံသည့် မူလချေမှုန်း ရေး နည်းနာကို ဆက်လက်အကောင်အထည်ဖော်နေမည်ဆိုပါက ပြည်တွင်း ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးနေ ဦးမည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)က ထုတ်ပြန်ထားသည်။

    သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက် မှတ်ရေးထိုးပွဲကို အောက်တိုဘာ (၁၅)ရက်နေ့တွင် အဖွဲ့(၈)ဖွဲ့ဖြင့် နေပြည်တော်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပ ပြု လုပ်ရန် စီစဉ်နေပါကြောင်း၊ တပြိုင်နက်တည်းတွင် လက်ရှိအချိန်၌ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဌာန ချုပ် ဝမ်ဟိုင်းအထိ တိုက်ခိုက်မည်ဟု ကြွေးကြော်ပြီး တိုက်ပွဲကြီးများ ဆင်နွဲလျက်ရှိခြင်း၊ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)တပ်ဖွဲ့ကိုလည်း အကြောင်းအမျိုးမျိုးပြ၍ မြန်မာ့တပ်မတော်မှ ထိုးစစ် ဆင်မှုများ ပိုမိုကျယ်ပြန့်စွာ ပြုလုပ်လာနေခြင်း၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တပ်ဖွဲ့ဝင်များကိုလည်း ပိုမို ပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်လာခြင်းတို့အပြင် ကရင်ပြည်နယ်ဒေသအချို့မှာလည်း ထိတွေ့ပစ်ခတ်မှုများ နှင့်ထိုးစစ်ဆင်မှုများရှိလာသည်ကို ၎င်းတို့အနေဖြင့် တွေ့မြင်နေရပါသည်ဟု UNF ကြေညာချက်တွင် ပါရှိသည်။

    အစိုးရဖိတ်ခေါ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၁၅)အနက် ကရင်အမျိုးသားအစည်းအရုံး(KN N)၊ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ KNU/KNLA-PC ၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ပအိုဝ်းအမျိုးသာလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ချင်းအမျိုးသားတပ်ဦး(CNF)၊ရခိုင်ပြည် လွတ်မြော က် ရေးပါတီ(ALP)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) စသည့် လက်နက် ကိုင် (၈)ဖွဲ့ နှင် ့အောက်တိုဘာ (၁၅)ရက်နေ့တွင် NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။

    မြန်မာငြိမ်းချမ်းရေးစင်တာ MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “မတရားအသင်းကြေညာထားခြင်းနဲ့ ပတ်သက်ပြီး အစိုးရဘက်က NCAလက်မှတ် မရေးထိုးမီ ၂ ရက် သို့မဟုတ် ၃ ရက်လောက် အလိုမှာ ပယ် ဖျက်ပေးသွားမည်ဆိုပြီးတော့ ကတိပြုပြောကြားခဲ့တယ်။ အရင်ကတော့ လက်မှတ်ထိုးပြီးမှ ဖြုတ်ပေးဖို့ လုပ် ခဲ့တာ ဒါပေမဲ့ အခုတော့ အစိုးရက လက်မှတ်မထိုးမီမှာဘဲ မတရားအသင်းကြေညာထားတာကို ပယ်ဖျက် ပေးသွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈)က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရင်း ပြောကြား ခဲ့ပါတယ်”ဟု ပြောသည်။

    ထို့ကြောင့် NCA စာချုပ် လက်မှတ်မရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား မတရားသင်း အဖြစ်မှ ပယ်ဖျက်ပေးမည်မဟုတ်ပေ။

    “ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ တလှျောက်လုံး မတရားအသင်းထဲကနေရပ်တည်လာခဲ့တာပဲ၊ မတရားအသင်းကိစ္စဟာ အစိုးရပေါ်မှာပဲ မူတည်တယ်၊ ဒါကြောင့်ပူပင်စရာလည်းမရှိပါဘူး”ဟု နိုင်ဟံသာက ပြောသည်။

    တဖက်တွင်လည်း လက်မှတ်မထိုးသည့် အဖွဲ့များဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ၊ကချင်လွတ် မြောက်ရေးအဖွဲ့(KIO) တို့ နှင့် အစိုးရတပ်မတော်တို့ကြား ရှမး်ပြည်နယ် နှင့် ကချင်ပြည်နယ်များတွင် တိုက်ပွဲ များဖြစ်ပွားလှျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks