Homeသတင်းရေးတော်ဝင် အခမဲ့သတင်းလွှာ တရားဝင် ထုတ်ဝေပြီ

ရေးတော်ဝင် အခမဲ့သတင်းလွှာ တရားဝင် ထုတ်ဝေပြီ

-

ရေးတော်ဝင် အခမဲ့သတင်းလွှာ တရားဝင်ထုတ်ဝေခြင်း အခမ်းအနား(IMNA)
ရေးတော်ဝင် အခမဲ့သတင်းလွှာ တရားဝင်ထုတ်ဝေခြင်း အခမ်းအနား(IMNA)
လယီဂွန်း – မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် ရေးတော်ဝင် အခမဲ့သတင်းလွှာ တရားဝင်ထုတ်ဝေခြင်း အခမ်းအနားကို ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့

နံနက်ပိုင်းတွင် ရေးမြို့၊ မြမြင့်မိုရ် ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခန်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိိုင်ငံရေးပါတီများ၊ စာပေချစ်မြတ်နိုးသူများနှင့် သတင်းမီဒီယာအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၇၀ ကျော် တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

ရေးတော်ဝင် အခမဲ့သတင်းလွှာ တာဝန်ခံအယ်ဒီတာ ကိုအောင်နိုင်ဝင်း က “အခုဟာက တရားဝင် မှတ်ပုံတင်ပြီးတော့ ထုတ်ဝေလိုက်တာပါ။ ထုတ်ဝေနေတာကို ဒေသခံ ပြည်သူတွေကိုလဲ သိစေချင်တယ်၊ အလားတူ ဌာနဆိုင်ရာတွေနဲ့ ပူပေါင်း ဆောင်ရွက်တဲ့အခါ ယခင်ကထက် ပိုပြီးတော့ နီးစပ်စွာ ဆောင်ရွက်လို့ရအောင် သတင်းမီဒီယာ ဥပဒေအရ လုပ်ထုံလုပ်နည်းနဲ့အညီ သူတို့ဆီက သတင်းတွေကို ကျနော်တို့ ရယူနိုင်အောင် သူတို့ဆီက ရလာတဲ့ အချက်အလက်တွေကို ပြည်သူများကို တိတိကျကျ ပိုပြီးတော့ ဖော်ပြနိုင်အောင် အဓိကတော့ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့အတွက် ဒီပွဲကို လုပ်ဖြစ်ခဲ့တယ် ” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

အခန်းအနားတွင် ရေးတော်ဝင် သတင်းလွှာ ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များ၊ ချမှတ်ထားသည့် မူဝါဒ၊ လက်ရှိဆောင်ရွက်နေသော ထုတ်ဝေခြင်း၊ ဖြန့်ဖြူးခြင်း၊ ပြည်တွင်းရှိ အခြားမီဒီယာများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ အခမဲ့ ထုတ်ဝေရခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လည်ပတ် ဆောင်ရွက်နေမှုများကို တာဝန်ခံအယ်ဒီတာက အခမ်းအနားတွင် ရှင်းလင်းတင်ပြခဲ့သည်။

ဒေသအတွင်း သတင်းများကို ပြည်သူများအားလုံး သိရှိစေရန် ဌာနဆိုင်ရာများ လုပ်ထုံလုပ်နည်းအရ အားနည်းနေတာကို ထောက်ပြဝေဖန်ရန် ပြည်သူနှင့် အစိုးရယန္တရားကြာတွင် ချိတ်ဆက်ပေးမည့် မီဒီယာတစ်ခုလဲ သိရသည်။

“မြို့ပေါ်က အစိုးရအုပ်ချုပ်ရေးနှင့် သတင်းထောက်ကြား ဆက်ဆံရေးအခြေအနေဟာ တစ်နိုင်ငံလုံးလိုပါပဲ အစိုရယန္တရားတစ်ခုလုံးလိုပဲ သတင်းထောက်ဆိုရင်ကြောက်တယ်၊ သတင်းထောက်လာလို့ရှိရင် သူတို့ဆီက မဟုတ်တာတွေ ဘာတွေယူသွားသလဲ၊ ဘာတွေမဟုတ်တာတွေ ထောက်ပြကျမလဲ ဒီစိုးရိမ်စိတ်ရှိတဲ့အတွက် ဆက်ဆံရတဲ့အပိုင်းမှာ ဖြစ်ချင်သလောက် ပွင့်ပွင့်လင်းလင်း မရှိသေးဘူး၊ ဌာနဆိုင်ရာနဲ့ သတင်းမီဒီယာကြားမှာ ပွတ်တိုက်မှု အမြဲတမ်းရှိပါတယ်၊ ဒီအရာတွေက တစ်နိုင်ငံလုံးအတိုင်းတာနဲ့လည်း ဖြစ်နေတယ်၊ ကျနော်တို့ဆီမှာလဲ ဖြစ်နေပါတယ်”ဟု ကိုအောင်နိုင်ဝင်းက ဆက်ပြောသည်။

အဆိုပါသတင်းလွှာအား နှစ်ပတ်တစ်ကြိမ် အုပ်ရေ ၁၂၀၀ ထုတ်ဝေလျှက်ရှိရာ သတင်းများကို အသားပေးထားပြီး ဆောင်းပါး၊ ပြည်သူ့အသံ အစရှိသော ကဏ္ဍများစွာ ပါဝင်နေသည်ကိုလည်း တွေ့ရှိရသည်။

ရေးမြို့ခံ သတင်းလွှာပရိသတ် ကိုမင်းအောင်က “ဒေသခံပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု ပိုရလာတယ်၊ ယခင်နှစ်ထက်စာရင် အများကြီး အားကောင်းလာတယ်” ဟု ပြောသည်။

ရေးတော်ဝင်သတင်းလွှာသည် ၂၀၁၂ အောက်တိုလမှစတင်၍ ရေးမြို့တွင် အခမဲ့ထုတ်ဝေသော ပုံနှိပ်သတင်းလွှာတစ်စောင် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts