Homeသတင်းအောက်တိုဘာ ၁၅ တွင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ NCA စာချုပ် လက်မှတ်ရေးထိုးမည်

အောက်တိုဘာ ၁၅ တွင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ NCA စာချုပ် လက်မှတ်ရေးထိုးမည်

-

NCA ရက်သတ်မှတ်ရေး အကြို ညှိနှိုင်း အစည်းအဝေး(MPC)
NCA ရက်သတ်မှတ်ရေး အကြို ညှိနှိုင်း အစည်းအဝေး(MPC)
အိုက်စိုင်း – တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရတို့ကြား နှစ်ဖက်သဘောတူညီချက်အရ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ရေးထိုးပွဲ ကျင်းပမည်ဖြစ်သည်။

“နှစ်ဖက် သဘောတူညီချက်အရ ကျွန်တော်တို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးသွားမယ်။ ဒီနေ့ကတော့ လက်မှတ်ထိုးမယ့် ရက်ကို ညှိနှိုင်းနိုင်ခဲ့ တယ်။ လောလောဆယ်တော့ ၇ ဖွဲ့က လက်မှတ်ထိုးဖို့ ချင်းမိုင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်။ ကျန်တဲ့ အဖွဲ့တွေ့ကတော့ မထိုးသေးဘူးဆိုပြီးတော့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် ဘယ်သူတွေထိုးမလဲလို့ အစိုးရ က ဒီနေ့ မဆွေးနွေးခဲ့ဘူး မထိုးဖူးလို့ ဆုံးဖြတ်ခဲ့တဲ့ အဖွဲ့တွေ ထပ်ပါလာလို့ ရအောင် တမင် လမ်းဖွင့်ပေးထား ခြင်းဖြစ်ပါတယ်”ဟု မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ဦးလှမောင်ရွှေက ပြောသည်။

ကရင်အမျိုးသားအစည်းအဝေး KNU ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ KNU/KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး ABSDF၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့အစည်းများ NCA လက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ထားသည်။

အလားတူ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် NCA ကို RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့အနေဖြင့် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်နေ့ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ကြောင်း RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက RFA သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။

“NCA ကို ကျန်တဲ့ အဖွဲ့တွေကတော့ မထိုးသေးဘူး အားလုံးပါဝင်လာနိုင်အောင် ညှိနှိုင်းမှုတွေလုပ်အုံးမယ်။ မထိုးဘူးလို့ ဘယ်သူမှ မပြောဘူး။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးမူဘောင်ကိစ္စတွေမှာ သူတို့ အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမယ်ဆိုပြီးတော့ နားလည်မှု တည်ဆောက်ထားကြတယ်။ ကျွန်တော်တို့ လက်မှတ်ထိုးမယ့် အဖွဲ့တွေကလည်း သူတို့ကို ပါဝင်ခွင့်ရအောင် လက်တွဲခေါ်သွားမယ်” ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးမည့် ရက်သတ်မှတ်ရေး အကြို ညှိနှိုင်း အစည်းအဝေးသို့ ကရင်အမျိုးသားအစည်းအဝေး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ KNU/KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS စသည့် တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts