Sunday, March 15, 2026
More
    spot_img
    Homeသတင်းနိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်ချုပ်ဆိုရေး မူအားဖြင့်သဘောတူညီ

    နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်ချုပ်ဆိုရေး မူအားဖြင့်သဘောတူညီ

    -

    ထုတ်ပြန်ကြေညာချက်(Copy)
    ထုတ်ပြန်ကြေညာချက်(Copy)
    ဝံသမွန် – မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ NCA အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဇူလိုင်လပထမပတ်အတွင်းပြုလုပ်ခဲ့သော ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲတွင် လက်ရှိအစိုးရ၏ သက်တမ်းကာလအတွင်း နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုရန် မူအားဖြင့်သဘောတူညီမှုရရှိကြောင်း သဘောထားထုတ်ပြန်ကြေညာချက်အရ သိရသည်။

    တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ NCA အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(Senior Delegation For NCA-SD) ၏ ဒုတိယအကြိမ်အစည်းအဝေးကို ချင်းမိုင်မြို့၌ ဇူလိုင်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိကျင်းပနေစဥ် မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ၂ ရက်တာကြိုတင်ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး သဘောတူညီမှုရရှိခြင်း ဖြစ်သည်။

    မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ ဒီ NCA လက်မှတ်ရေးထိုးဖို့ ကိစ္စနဲ့ပတ်သက်ပြီးတော့ လာမယ့်ဇူလိုင်လ တတိယပတ်လောက်မှ ရန်ကုန်မြို့မှာ ဆက်လက်ဆွေးနွေးဖို့ရှိသေးတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    အဆိုပါမူအားဖြင့်သဘောတူညီမှုသည် အပြုသဘောဆောင်သော ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် မကြာမီရန်ကုန်မြို့တွင် ပြုလုပ်မည့်ဆွေးနွေးပွဲပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

    SD ဒုတိယအဖွဲ့ခေါင်းဆောင်(၂) ပူးဇင်ကျုံးကလည်း ယခုဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အောင်မြင် ရေးအတွက် အပြုသဘောဆောင်ပြီး အောင်မြင်သည့် ဆွေးနွေးပွဲဟု အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ရှင်းပြခဲ့သည်။

    သို့ရာတွင် လော်ခီးလာထိပ်သီးညီလာခံမှ တိုုင်းရင်းသားများ တောင်းဆိုထားသော အချက် ၁၂ ချက်အနက် အခန်း (၃) အပိုဒ် (၉)-(ဇ) ပါ “ဥပဒေနှင့်အညီ” ဟူသည့်စာသားပယ်ဖျက်ရန်နှင့် အခန်း (၅) အပိုုဒ် ၂ဝ (ဂ) ပါ လံုခြံုရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များဆိုရာတွင် “လံုခြံုရေးဆိုုင်ရာ ကိစ္စရပ်များ” ဟု ပြင်ဆင်မည့်ကိစ္စအပါအဝင် အချက် ၆ ချက်ကို တပ်မတော်ဘက်က လက်ခံနိုင်မည်မဟုုတ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးခဲ့သည်ဟု သိရသည်။

    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့သော လော်ခီးလာညီလာခံက တစ်နိုင်ငံလံုးအပစ်အခတ်ရပ်စဲရေး စာချူပ်မူကြမ်း ပြင်ဆင်ဖြည့်စွက်ချက် ၁၂ ချက်အပါအ၀င် ဆံုုးဖြတ်ချက် ၉ ချက်ကို မြန်မာငြိမ်းချမ်းရေးစင်တာ MPC ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့မှတဆင့် မြန်မာအစိုုးရထံ ပေးအပ်ထားပြီး ဖြစ်သည်။

    တစ်နိုင်ငံလံုးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA စာချုပ်မူချော အပြီးသတ်ရေးဆဲွနိုင်ရေးအတွက် အဖဲွ့ခေါင်းဆောင်အဖြစ် KNU ကရင်အမျိုးသားအစည်းအရံုး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် ပါဝင်သော အဖဲွ့၀င် ၁၅ ဦးပါ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖဲ့ွ(Senior Delegation For NCA-SD) ကို ဇွန်လပထမတွင် ကျင်းပသော လော်ခီးလာညီလာခံမှ ဖဲ့ွစည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks