spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းဇွန်လဆန်းတွင် အခြေခံမဲဆန္ဒရှင်စရင်း ကြေညာမည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော

    ဇွန်လဆန်းတွင် အခြေခံမဲဆန္ဒရှင်စရင်း ကြေညာမည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော

    -

    ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲပြုစုထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းကို လာမည့်ဇွန်လ ၈ ရက်နေ့တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများတွင် စတင်ကြေညာသွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိက ပြောသည်။

    မေလ ၂၇ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ခန်းမတွင် ပြုလုပ်သည့် ကော်မရှင်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်လင်းထက်က “အခုကပ်မှာက အခြေခံမဲဆန္ဒရှင် စာရင်းပါ၊ ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းမဟုတ်သေးပါဘူး၊ ဇွန်လ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့ အထိ ၁၄ ရက်ကပ်သွားမယ်၊ ဒီစာရင်းထဲ နာမည်မပါတဲ့လူတွေက ရပ်ကျေးကော်မရှင်မှာ ပြန်လျှောက်လို့ရပါတယ်” ဟု ဆိုသည်။

    ယခု ကြေညာမည့် အခြေခံမဲဆန္ဒရှင်စရင်းသည် ရပ်ကွက်၊ ကျေးရွာခွဲ စုစုပေါင်း ၁၂၆၈ နေရာတွင် ကြေညာသွားမည်ဖြစ်ပြီး၊ ထိုစရင်းထဲတွင် ရဲတပ်ဖွဲ့ဝင်များ၊ တပ်ရင်မိသားစုဝင်များ၊ ရက်ပေါင်း ၁၈၀ နေထိုင်သူများ၊ ဝန်ထမ်းစာရင်းများ ပါဝင်မည်မဟုတ်သေးကြောင်း သိရသည်။

    ထိုအခြေခံမဲဆန္ဒရှင်စရင်းကို ရုံချိန်မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အချိန်ကန့်သတ်ထားသော်လည်း ရုံးလုပ်ငန်း လုပ်ကိုင်နေသူများ ကြည့်ရှု့နိုင်ရန် ညနေ ၆ နာရီအထိ အချိန်တိုးမြှင့်ပေးသွားမည်ဖြစ်သည်။

    “ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စရင်း ရလာတဲ့အချိန်ကျတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်နာမည်စရင်း ပါ၊ မပါကို အွန်းလိုင်းမှာ ကြည့်နိုင်အောင်လည်း စီစဉ်နေပါတယ်၊ ဒီ ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စရင်း ရဖို့အတွက်က ကော်မတီဝင်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေ မီဒီယာတွေ ပူပေါင်းပြီး တိုက်တွန်း ပညာပေးမှသာ ရနိုင်မှာပါ” ဟု ဦးဟိဏ်လင်းထက်က ဆက်ပြောသည်။

    ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကောက်ယူရရှိထားသည့် မွန်ပြည်နယ်အတွင်းရှိ အခြေခံ မဲဆန္ဒရှင်စရင်းတွင် မော်လမြိုင်မြို့နယ်သည် မဲဆန္ဒရှင်ဦးရေ အများဆုံးဖြစ်ပြီး ကျိုက်ထိုမြို့နယ်သည် မဲဆန္ဒရှင်ဦးရေ အနည်းဆုံးဖြစ်ကြောင်း၊ မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မဲဆန္ဒရှင်ဦးရေးပေါင်းမှာ (၁,၄၂၀,ဝ၀ဝ) ကျော်ခန့် ရှိကြောင်း သိရသည်။

    အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ခွဲမှ ထုတ်ထားသည့် လက်ကမ်းစာစောင်များ၊ အသိပေးအစီအစဉ်းများကို ရေဒီယို၊ ရုပ်သံများအပြင် တိုင်းရင်းသားဘာသာနှင့်လည်း ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

    ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှင့် မီဒီယာများတွေဆုံးပွဲတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းထွန်းအေး၊ အတွင်းရေးမှူး ဦးလှိုင်စိုးသန့်နှင့် အဖွဲ့ဝင်များ၊ မီဒီယာ၁၂ ဖွဲ့တို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    အလားတူ လွန်ခဲ့သည့် ၂၅ ရက်နေ့တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် လူမှုအခြေပြုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး၊ လာမည့် ဇွန်လ ၄ ရက်နေ့တွင်လည်း ပြည်နယ်အဆင့် ပါတီ (၆) ပါတီနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts