spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမိမိကံကြမ္မာမိမိဖန်တီးနိုင်ရေး အမျိူးသားရည်မှန်းချက် အကောင်အထည်ဖေါ်ရေး မွန်အမျိုးသားနေ့ဗဟို သဘာပတိမြွက်ကြား

    မိမိကံကြမ္မာမိမိဖန်တီးနိုင်ရေး အမျိူးသားရည်မှန်းချက် အကောင်အထည်ဖေါ်ရေး မွန်အမျိုးသားနေ့ဗဟို သဘာပတိမြွက်ကြား

    -

    မွန်အမျိူးသားလူထုများ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေးဆိုသော တစ်ခုတည်း သော အမျိူးသား ရည်မှန်းချက်အပေါ်တွင် အခြေခံကာ စုစည်းညီညွတ်စွာ တာဝန်သိစွာနှင့် အတူတကွ လက်တွဲသွားကြရန် လိုကြောင်း ဖေဖော်ဝါရီလ (၄) ရက်နေ့ မွန်ပြည်နယ်၊ ရေးမြို့တွင် ကျင်းပသော မွန်အမျိူးသားနေ့အခမ်းအနား (ဗဟို) တွင် သဘာပတိ နိုင်အောင်ဂျနက် ကပြောသည်။

    “ဒီနေ့ဒီအခါ (၂၀ဝ၈) ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးပာ မြန်မာနိုင်ငံရေးမှာ ထိပ်တန်းရောက်နေပါတယ်၊ ဒီနေရာမှာ ကျွန်တော်တို့ ပြင်ဆင်ချင်တာနဲ့ တခြားသူတွေ ပြင်ဆင်ချင်တာ တူညီလိမ့်မှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပုံစံမျိူး နဲ့ အခြားအဖွဲ့အစည်းများ ခံယူထားတဲ့ ဖက်ဒရယ် အခြေခံပြည်ထောင်စု စသည်ဖြင့်အမျိူးမျိူး ကွဲပြားနေပါတယ်၊ ဒါကြောင့် ကျွန်တော်မွန် အမျိူးသားထုပာ အစစ်အမှန်ဆိုတာ ဘယ်ဟာဖြစ်ပြီး လက်တွေ့မှာ အများစုထောက်ခံမှု၊ ဆုံးဖြတ်မှုရရှိမယ့် ဖယ်ဒရယ်ပုံသဏ္ဍန်ကို လေလာရေးဆွဲထားဖို့ လိုအပ်နေပြီလို့ ယူဆပါတယ်။ ” ဟု နိုင်အောင်ဂျနက် ကပြောသည်။

    အဆိုပါ မွန်အမျိူးသားနေ့ အခမ်းအနားသို့ သံဃာတော်များ၊ မွန်အဖွဲ့အစည်းများ၊ ပါတီများ၊ ၈၈ မျိူးဆက် မွန် ကျောင်းသားများ၊ ထိုင်းနိုင်ငံဖွားမွန်များ၊ မွန်ပြည်နယ် ဝန်ကြီးအချို့၊ မွန်မျိူးချစ်များ တက်ရောက်ခဲ့ကြရာ စုစုပေါင်း လူဦးရေ ၅ သောင်းနှင့် အထက်တွေရှိရကြာင်း ခန့်မှန်းရသည်။

    အခမ်းအနား (ဗဟို) ကို နံနက် (၆) နာရီမှ စတင်ကာ လူငယ်များနှင့် ကျောင်းသားများချီတက်သော ဂုဏ်ပြုစစ်ကြောင်းဖြင့် အလံတင် အခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။

    အလားတူ မွန်အမျိူးသားထုအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေးအား ဆန်းစစ်ပြီး အနာဂတ်ကာလတွင် မွန် တစ်မျိူးသားလုံး၏ တန်းတူရေး နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိနိုင်ရေးအတွက် ရည်မှန်းချက်သို့ ဦးတည်ကာ တိုက်ပွဲဝင် သွားရမည်ဖြစ်ကြောင်း အခန်းအနားသို့ မွန်ပြည်သစ်ပါတီပေးပို့သော မွန်အမျိူးသားနေ့ ထုတ်ပြန်ချက်တွင် ရေးသားဖေါ်ပြထားသည်။

    အဆိုပါမွန်ပြည်သစ်ပါတီထုတ်ပြန်ချက်တွင် “ မွန်တစ်မျိူးသားလုံး သွေးစည်းညီညွတ်ရေး တည်ဆောက်ဆဲကာလ တွင် လူမျိူးပေါင်းစုံ သွေးစည်းညီညွတ်ရေး အခြေခံမှု ကို ကိုင်စွဲပြီး UNFC တပ်ပေါင်းစု နှင့် တိုင်းရင်းသား လူမျိူးများနှင့် အတူ နိုင်ငံရေးဆွေးနွေးသွား မည်ဖြစ်သည်” ဟု ပါရှိသည်။

    မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် ပေးပို့သော ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့သည်။

    တဖက်တွင်လည်း မွန်အမျိုးသားနေ့အား တရားဝင်ရုံးပိတ်ရက်ရရှိရေးအတွက် ဦဇင်း ဥက္ကံသ (ခေါ်) ဦးဇင်း ဇော်လတ်နှင့် မွန်လူငယ်အချို့ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး “ မွန်အမျိုးသားနေ့အား တရားဝင်ရုံးပိတ်ရက်ရရှိရေး ဒု့အိရေး ” စာတမ်းပါ စတစ်ကာများကို ဖြန်ဝေခဲ့ကြသည်။

    ၁၉၉၇ ခုနှစ်တွင်ကျရောက်ခဲ့သော အနှစ် ၅၀ ပြည့်ရွှေရတုမွန်အမျိုးသားနေ့မှစတင်၍ မွန်အမျိုးသားအားလုံးကိုယ်စားပြုသော ဗဟိုကျင်းပရေးကော်မတီဖွဲ့စည်းခဲ့ပြီး တစ်နှစ်လျှင် မြို့နယ်တစ်ခုကျ သတ်မှတ်ကျင်းပခဲ့ရာ ယမန်နှစ်တွင် ကမာဝက်မြို့၊ ယခုနှစ်တွင် ရေးမြို့၌အလှည့်ကျ ကျင်းပရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks