Homeသတင်းပထမအကြိမ်မွန်စာပေဟောပြောပွဲ ရန်ကုန်မြို့တွင်ကျင်းပမည်

ပထမအကြိမ်မွန်စာပေဟောပြောပွဲ ရန်ကုန်မြို့တွင်ကျင်းပမည်

-

ရန်ကုန်မြို့၊ ပထမအကြိမ်မွန်စာပေဟောပြောပွဲကို လာမည့် ဇန်နဝါရီလ ၁၈ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်၌ ဗဟန်းမြိနယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စာပေဟောပြောပွဲလက်ကမ်းကမ်းလွှာ(Copy)
စာပေဟောပြောပွဲလက်ကမ်းကမ်းလွှာ(Copy)
အဆိုပါဟောပြောပွဲတွင် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာ၊ ၈၈မျိူးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်နှင့် ပညာရေးဌာနမှအငြိမ်းစားညွှန်ကြားရေးမှူး နိုင်ငွေသိန်းတို့က တက်ရောက် ဟောပြောမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကျင်းပရေးကော်မတီဝင် ဦးကျော်ဝင်းက “နိုင်ဟံသာက နိုင်ငံရေးနှင့်လူမျိူးရေး၊ မင်းကိုနိုင်က မွန်လူငယ်နှင့် အနာဂတ်၊ နိုင်ငွေသိန်းကတော့ အမျိူးသားပညာရေးကြွေးကြော်သံ ခေါင်စဉ်နဲ့ ဟောပြောကြမယ်”ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

ရန်ကုန်မြို့ရှိ မွန်ပြည်သူများအနေဖြင့် မျိူးချစ်စိတ်ရှင်သန်စေရန်နှင့် မိမိတို့၏ စာပေယဉ်ကျေးမူ အဆင့်အတန်းကို သိရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ဟံသာက “ သံဃာတော်တွေ ဦးဆောင်ပြီးတော့ လုပ်တာပါ၊ ဒီပွဲမှာ နယ်ပယ်အလိုက်တတ်ကျွမ်းသူတွေ ပြောကြားမှာဆိုတော့ နက်နဲတဲ့အဖြေတွေကို သိရမှာပေါ့၊ သူတို့က ကျနော့်ကို နိုင်ငံရေးနှင့်လူမျိူးရေး အကြောင်းကို ပြောစေချင်တယ်၊ ဒါကိုအကောင်းဆုံးဖြစ်အောင် သုံးသပ်ပြောဆိုသွားမှာပါ၊ ကိုယ့်ပြည်သူလူထု အတွက် အသိပညာ ဗဟုသုတတွေကို မျှဝေပေးသွားမှာပါ” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

၎င်းဟောပြောပွဲသို့ ပရိတ်သတ် ၇၀ဝ ဝန်းကျင် တက်ရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးစီးကျင်းပ သူများထံမှ သိရသည်။

“ဖိတ်စာနဲ့ရော ပါးစပ်နဲ့ပါ ပြောပြီးဖိတ်ထားတာလည်းရှိတယ်၊ သာကေတ၊ လှိုင်၊ ဗဟန်း၊ လှိုင်သာယာမြို့နယ် တွေ အစုံပါတယ်၊ ခုံအရေအတွက် ၇၀ဝ လောက်စီစဉ်ထားတယ်” ဟု နိုင်ကျော်ဝင်းက ဆက်ပြောသည်။

အလားတူ ယင်းစာပေဟောပြောပွဲများကို မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ(ဘီလူးကျွန်း) မြို့နယ်များတွင် ယခုလပိုင်းအတွင်း ကျင်းပခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts