spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းဒီမိုကရေစီပညာရေး ဥပဒေပေါ်ထွက်ရန် မြန်မာကျောင်းသားထု ချီတက်ဆန္ဒပြမည်

    ဒီမိုကရေစီပညာရေး ဥပဒေပေါ်ထွက်ရန် မြန်မာကျောင်းသားထု ချီတက်ဆန္ဒပြမည်

    -

    ဒီမိုကရေစီ စံနှုန်းနှင့် ညီသော ပညာရေးဥပဒေတစ်ရပ်ပေါ်ထွက်လာရန် နိုင်ငံလုံးဆိုင်ရာကျောင်းသားများက နိုဝင်ဘာ ၁၄ ရက်နေ့တွင် စတင်ချီတက်ဆန္ဒပြမည်ဖြစ်ကြောင်း နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ်အစည်းအဝေးပွဲ တက်ရောက်သော ကျောင်းသားများထံမှ သိရသည်။

    ကျောင်းသားများရန်ကုန်မြို့တော်ခန်းမတွင်ဆန္ဒပြနေပုံ(Facebook)
    ကျောင်းသားများရန်ကုန်မြို့တော်ခန်းမတွင်ဆန္ဒပြနေပုံ(Facebook)
    ရန်ကုန်မြို့မြောက်ဥက္ကလာပ မြို့နယ်မှ မနက်(၁၀)နာရီတွင် ခွင့်ပြုချက်မယူဘဲ စတင်ချီတက်ဆန္ဒပြမည် ဖြစ်ကြောင်း၊ ၎င်းသည် ပထမဦးဆုံးခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(မကသ) များအဖွဲချုပ်မှ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က IMNA သို့ ပြောသည်။

    “စပြီးဖွဲစည်းလိုက်တဲ့ အဖွဲ့က ထုံးစံအတိုင်းလမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ အဆင့်က စမယ်။ကျွန်တော်တို့ အရင်တုန်းက အတက်နိုင်ဆုံးငြိမ်းချမ်းဆုံး အသိမ်မွေ့ဆုံးနဲ့ ကျွန်တော်တို့က တော့ ဒီမိုကရေစီပညာရေးစနစ်ကို ရအောင် ဖော်ဆောင်သွားမှာပဲ” ဟု ကိုရဲရင်ကျော်က ပြောသည်။

    မြန်မာတစ်နိုင်ငံလုံးမှ ကျောင်းသားထုအနေဖြင့် ယခင်ဖွဲစည်းထားသော နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအစည်းအဝေး ဖြစ်မြောက်ရေးကော်မတီကို ၂ ရက်ကြာ အစည်းအဝေး အပြီး တွင် ဖျက်သိမ်းလိုက်ပြီး ကျောင်းသား(၁၅)ဦးဖြင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီပာူ၍ အသစ်ထပ်မံဖွဲ့စည်းကာ ပညာရေးဥပဒေ ပြင်ဆင်ပြောင်းလဲနိုင်ရေးလုပ်ဆောင်ချက်များကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

    နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက် နှစ်ရက် တိုင်တိုင် ကျင်းပခဲ့သည်နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးတွင် ထုတ်ပြန်ချက်တစ်စောင်ကို လည်းကျောင်းသားများက ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ၎င်း ထုတ်ပြန်ချက်တွင် ကျောင်းသားပြည်သူအားအခြေခံသည့် ဒီမိုကရေစီပညာရေး အနှစ်သာရနှင့်ကိုက်ညီသော အမျိူးသားပညာရေးဥပဒေ တစ်ရပ်ပေါ်ထွန်းလာရေးအတွက် တစ်နိုင်ငံလုံးမှ ကျောင်းသားများ အားလုံး ညီညွတ်စွာ တောင်းဆို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ထိုအပြင် လက်ရှိအစိုးရ အတည်ပြုပြဌာန်းထားသော ပညာရေးဥပဒေသည် ဆိုးဝါးလျှက်ရှိပြီး ထိုသိုဆိုးဝါးလျှက်ရှိသော ဥပဒေအား အစားထိုပြင်ဆင်နိုင်ခြင်း ရှိမည်မပာုတ်ဘဲ ယခင်ပညာရေးစနစ်အတိုင်းသာ ရှိနေမည်ဖြစ်ကြောင်း၊ ထိုဥပဒေပါ၀င်သော ပြဌာန်းချက်များသည် ကျောင်းသားများလွပ်လပ်စွာပညာသင်ကြားနိုင်ခွင့်ရှိမည်မဟုတ်ဘဲ ဗပာိုချုပ်ကိုင်မှုစနစ်အတိုင်းသာရှိမည်ဖြစ်ကြောင်း၊ ဥပဒေမူဝါဒ စ၊လယ်၊ဆုံး ဒီမိုကရေစီမဆန်၍ လူအခွင့်အရေးမရှိဘဲ ငြိမ်းချမ်းစွာပညာသင်ကြားခွင့်ကို အာမခံမှုမရှိကြောင်း နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများက ယင်းထုတ်ပြန်ချက်ဖြင့် ကန့်ကွက်ခဲ့ကြသည်။

    မွန်ပြည်နယ် ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးတာဝန်ခံ ကိုဘုန်းမြတ်မိုးက “ဥပဒေမှာ အခွင့်အရေး အပြည့်အဝ ရရှိရင် ကျွန်တော်တို့ တိုင်းရင်းသားတွေလည်းတန်းတူညီမျှတဲ့ အခွင့်အရေး ရရှိမှာဘဲ။ ကျွန်တော်တို့တောင်းထားတဲ့ ဒီမိုကရေစီပညာရေးစနစ် ဖြစ်ပေါ်လာမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ပညာသင်ကြားခွင့်တွေ၊ တိုင်းရင်းသားပညာရှင်တွေရဲ့ မိခင်ဘာသာစကား သင်ရိုးညွှန်းတန်းတွေ အလိုလို ဖြစ်လာလိမ့်မယ်ဗျ။အဲဒီပာာတွေ အားလုံးခြုံပြီးတော့ ဒီမိုကရေစီပညာရေးလိုပြောတာပါ”ဟု ပြောသည်။

    လက်ရှိ ပညာရေးဥပဒေသည် ပညာရေး စနစ် ခန့်ခွဲရာတွင် အစိုးရ အုပ်ချုပ်ရေးပိုင်းအား ပါ၀င်ထိန်းချုပ်ခွင့်ပေးထားခြင်း၊ ပညာရှင်တို့၏ ပါ၀င်မှုအား ပြည့်ဝစွာမပေးထားခြင်း၊ ကျောင်းတွင်း အသင်းအဖွဲ့ များအားလွတ်လပ်စွာ ဖွဲ့စည်းခွင့်မရှိခြင်း၊ အမျိုးသားပညာရေးဥပဒေ၏ ကျောင်းသားလွှတ်တော် တစ်ရပ်ဖြစ်သော ကျောင်းသားသမဂ္ဂများ တည်ထောင်ဖွဲစည်းခွင့် ပြဌာန်းထားမှုမရှိခြင်းကြောင့် အာဏာပိုင်တို့၏ တစ်ဖက်သက် ဖိနှိပ်ခံ ပညာရေးစနစ်အား အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်ပြီး ကျောင်းသားထုအခွင့်အရေးများအား ပစ်ပယ်ရာရောက်ကြောင်း ၎င်းထုတ်ပြန်စာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts