Homeသတင်းမွန်မောင်မယ်သစ်လွင်ကြိုဆိုပွဲ ယဉ်ကျေးမှုအဆိုအကဖြင့်တင်ဆက်

မွန်မောင်မယ်သစ်လွင်ကြိုဆိုပွဲ ယဉ်ကျေးမှုအဆိုအကဖြင့်တင်ဆက်

-

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ-ရန်ကုန်)က ကြီးမှူး၍ မွန်ကျောင်း သား/သူတို့၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား/သူများအား နှုတ်ဆက်ပွဲအခမ်းအနား တွင် မွန်ရိုးရာယဉ်ကျေးမှုအဆိုအကဖြင့် တင်ဆက်ခဲ့သည်။

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဗညားတိုင်းနွန်က “ဒီနှစ်အခမ်းအနားမှာ မွန်ရိုးရာတူရိယာဝိုင်း စုံစုံလင်လင်နဲ့ တင်ဆက်ခဲ့တယ်၊ ခါတိုင်းနှစ်တွေဆို သီချင်းဖွင့်ပြီး ဆိုကြတာပဲရှိတယ်၊ မွန်တွေရဲ့ ရိုးရာယဉ်ကျေးမှုအဆိုအကတွေကို သိရှိခံစားနိုင်ဖို့ပါ” ဟု ပြောသည်။

ကွယ်လွန်သူ မွန်သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ ရေးစပ်ခဲ့သည့် “မွန်တို့ ဂုဏ် ရည်” သီချင်းကို မွန်ဗမာနှစ်ဘာသာဖြင့် တက္ကသိုလ်ကျောင်းသူ/သားများ ဂုဏ်ပြုသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။

ဆယ်နှစ်ရာသီ မွန်ရိုရာဓလေ့များကို စပ်ဆိုသီကုံးထားသည့် တေးသီချင်းသရုပ်ဖေါ်အကများ၊ ခေတ်ပေါ်တေးဂီတများ၊ ခေတ်ပေါ်တေးများနှင့် ရိုးရာဝတ်စုံတေးသရုပ်ဖော် အစီအစဉ်များကိုလည်း တင်ဆက်ခဲ့ကြသည် ဆိုသည်။

အခမ်းအနားကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် Golden Hall, Lion City Restaurant ၌ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ၃ နာရီအထိ ကျင်းပခဲ့ရာ တက္ကသိုလ်အသီးသီးမှ ကျောင်းဆရာ/မများ၊ မွန် စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)အဖွဲ့ဝင်များနှင့် ကျောင်းသား/သူများ စုစုပေါင်း ၃၀ဝ ကျော်ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတက်ရောက်သူ မွန်ကျောင်းသူတစ်ဦးက “ ခုဆိုရင် ကျမတို့ရန်ကုန်တက္ကသိုလ်ကျောင်းသားအသင်းဝင် အင်အား တစ်ထောင်ငါးရာကျော်ရှိပါပြီ၊ ဒီနှစ်မှာ အင်အားလေးရာကျော် တိုးလာတယ်” ဟု ဆိုသည်။

ရန်ကုန် မွန်ကျောင်းသား/သူများအသင်း (တက္ကသိုလ်များ-ရန်ကုန်) သည် မွန်အမျိုးသား တိုင်းရင်းသားဝတ်စုံကို သုတေသနရှာဖွေ တီထွင်ဖန်တီးနိုင်ခဲ့သဖြင့် သမိုင်းတွင်ရစ်ခဲ့သော အဖွဲ့အစည်း ဖြစ်သည်။

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ-ရန်ကုန်) မွန်ကျောင်းသား/သူအသင်းကို ၁၉၆၆-၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု မှတ်တမ်းများတွင်တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts