spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းအနှစ်(၄၀)ပြည့် မွန်ပြည်နယ်နေ့ အခမ်းအနား စက်စဲကမ်းခြေတွင် ကျင်းပမည် ...

    အနှစ်(၄၀)ပြည့် မွန်ပြည်နယ်နေ့ အခမ်းအနား စက်စဲကမ်းခြေတွင် ကျင်းပမည်

    -

    မင်းထူးသစ် – လာမည့် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အနှစ်(၄၀)ပြည့် မွန်ပြည်နယ်နေ့ အခမ်းအနားကို သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရာရှိ စက်စဲကမ်းခြေတွင် စည်းကားသှိုက်မြိုက်စွာကျင်းပမည်ဟု စီစဉ်ထားကြောင်း သိရှိရသည်။

    အခမ်းအနားကို မတ်က ၁၈ ရက်နေ့မှစတင်၍ သုံးရက်သုံးညတိုင် ကျင်းပမည်ဖြစ်ပြီး ဌာနဆိုင်ရာပြခန်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆေးကုမ္ပဏီများ၊INGO များ၊ လုပ်ငန်းရှင်ကုမ္ပဏီများ စသည်များအပြင် ပြခန်းပေါင်း ၅၀ (သို့)၆၀ ဝန်းကျင်ခန့် ခင်းကျင်းပြသရောင်းချမည်ဟု ပြခန်းကျင်းပရေး ကော်မတီတာဝန်ရှိသူမှ မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    သူက “မွန်ပြည်နယ်နေ့ဖွင့်ပွဲအခမ်းအနားကို တစ်မြို့နယ် ကိုယ်စားလှယ် (၁၀ဝ) ဦး၊ စုစုပေါင်းအင်အားတစ်သောင်းလောက်ခန့်မှန်းထားတယ်၊ စက်စဲကမ်းခြေကို လည်း ဘက်စုံဖွံဖြိုးစေချင်လို့ ဒီနေရာမှ ကျင်းပတာဖြစ်တယ်” ဟု ပြောသည်။

    ထိုနေ့တွင်ပင် စက်စဲကမ်းခြေတွင် တည်ဆောက်ပြီးစီးခဲ့သော 21 PARADISE HOTEL အဆင်မြင့်ဟိုတယ်ဖွင့်ပွဲလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    စက်စဲရွာနေ ကိုတရုတ်က “စက်စဲကမ်းခြေ ဖွံဖြိုးလာပါက နိုင်ငံခြား ခရီးသွားနဲ့ ပြည်တွင်းခရီးသွားတွေ များပြားလာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာမယ်” ဟု ပြောသည်၊

    မွန်ပြည်နယ်နေ့ကျင်းပရာတွင် ပျော်ပွဲရွှင်ပွဲများ ၊အားကစားပွဲများ၊ဈေးရောင်းပွဲများ၊ ဇာတ်ပွဲများ ထည့်သွင်းပြုလုပ် သွားမည်ဟုလည်း ကျင်းပရေးကော်မတီဝင်များထံမှ သိရသည်။

    စက်စဲကမ်းခြေတွင် ၁၉၉၆ ခုနှစ်က မွန်ပြည်နယ်နေ့ ပွဲတော်အခမ်းအနားများကို ကျင်းပခဲ့ပြီးနောက် ရပ်နားခဲ့ပြီး ယခုအခါ ပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ မွန်ပြည်နယ်နေ့ပေါ်ပေါက်လာပြီးနောက် မွန်ပြည်နယ်နေ့အခမ်းအနားများကို ၁၉၈၈ ခုနှစ်အထိ မော်လမြိုင်မြို့၊ မိုင်ဒါကွင်းတွင် မွန်အဆိုအကအရေးအတီး ပြိုင်ပွဲများဖြင့် နှစ်စဉ်ကျင်းပခဲ့သည်ကို တွေ့ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts