Homeသတင်းသံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက် ရေပေးဝေနိုင်ရေး စီစဉ်နေ

သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက် ရေပေးဝေနိုင်ရေး စီစဉ်နေ

-

ဘင်္ဂလန်တောင်ကျရေတံခွန်(TW)
ဘင်္ဂလန်တောင်ကျရေတံခွန်(TW)
မင်းထူးသစ် – မွန်ပြည်နယ်၊သံဖြူဇရပ်မြို၊ အောင်သာယာရပ်ကွက်နေ ပြည်သူများအာ ရေလုံလောက်စွာပေးဝေနိုင်ရေးအတွက် World vision Myanmar အဖွဲ့ဝန်ထမ်းနှင့် ပညာရှင်အချို့တို့ မြို့အရှေ့ခြမ်းရှိ ဘင်္ဂလန်ရေတံခွန်သို့ ဒီဇင်ဘာ၂၃ ရက်နေ့တွင် သွားရောက်ကြည့်ရှုလေ့လာခဲ့ ကြောင်းသိရှိရသည်။

အဓိက ရေရှားချိန်ဖြစ်သည့် မတ်လနှင့် ဧပြီလများတွင် ဘင်္ဂလန်ရေတံခွန်မှ ရေအရင်းအမြစ် မည်မျှရရှိနိုင်မည်ကိုလေ့လာပြီး ရေပေးဝေရေးကုန်ကျစရိတ်ငွေများ တွက်ချက်နိုင်မည်ဟု World vision Myanmar အဖွဲ့ဝန်ထမ်း ကိုတင်မောင်လတ်က ပြောသည်။

ကိုတင်မောင်လတ်က “ကျနော်တို့အဖွဲ့အနေနဲ့ မြိုမိမြို့ဖ လူမှုအဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေ၊ မြို့နယ်စည်ပင် တို့နဲ့လည်း ပူပေါင်းဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

သံဖြူဇရပ်မြို့ပေါ်ရှိ ရပ်ကွက်အချို့၌ သောက်သုံးရေရရှိရေး ရေတွင်းရေကန် တူးဖော်စမ်းသပ်မှုများ မအောင်မြင်သဖြင့် မြို၏အ ရှေ့ဘက်(၃)မိုင်ခန့်အကွာ မုဒုံမြိုနယ်ဧရိယာဘက်ရှိ ဘင်္ဂလန်တောင်ကျ ရေတံခွန်မှ သံဖြူဇရပ်မြို၊ အောင်သာယာရပ်ကွက်၊ မြို့တော်ဦး မွန်ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းအရောက် သောက်သုံးရေ သယ်ယူသွယ်တန်းဖြန့်ဝေနိုင်ရေးအတွက် ပဏာမဆောင်ရွက်သွားမည်ဟု သိရသည်။

အောင်သာယာရပ်ကွက်သားတစ်ဦးက “နွေရောက်ရင် မိုးလင်းပြီဆိုတာနဲ့ အလုပ်လုပ်ဖို့ထက် ရေ ဘယ်လိုရမလဲ အရင်စဉ်းစားနေရပါတယ်၊ အလုပ်တွေမသွားနိုင်တဲ့အထိ ရေမရရှိတဲ့ဒုက္ခနဲ့ ကြုံခဲ့ရပါတယ်” ဟု ပြောသည်။

လက်ရှိအောင်သာယာရပ်ကွက်၌ အိမ်ထောင်စု ၁၁၂၅ တွင် လူဦးရေ ၅၂၀ဝ ဦးခန့်နေထိုင်လျှက်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စာရင်းအရ သိရသည်။

သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များ၌ နှစ်စဉ်ပွင့်လင်းရာသီ ဖြစ်သော ဖေဖေါ်ဝါရီ၊ မတ်နှင့် ဧပြီလများတွင်သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လေ့ ရှိသဖြင့် ရေဖြန့်ဖြူးရောင်းချသော မော်တော်ယာဉ်များမှ ဝယ်ယူသုံးစွဲနေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts