spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘိလပ်မြေစက်ရုံလမ်းကြောင့် ရေကြီးမှုပိုဖြစ်

    ဘိလပ်မြေစက်ရုံလမ်းကြောင့် ရေကြီးမှုပိုဖြစ်

    -

    မင်းတော်လဝီ – မွန်ပြည်နယ်၊ ကျိုက္မရောမြို့နယ်တွင် တမြို့နယ်လုံးရေကြီးမှုဖြစ်ပေါ်နေပြီး ဇေကမ္ဘာကုမ္ပဏီမှ ဘိလပ်မြေစက်ရုံ လမ်းဖေါက်ထားမှုကြောင့် ကျိုက္မရောမြို့နယ်နိတုံရွာတွင် အထူးသဖြင့်ရေကြီးမှုနှင့်ရေနစ်မှုဒဏ်ပိုခံနေရ သည်ဟု ဒေသခံများထံမှ သိရသည်။

    ကျိုက်မရောမြို့နယ် ရေလွှမ်းနေပုံ(Facebook)
    ကျိုက်မရောမြို့နယ် ရေလွှမ်းနေပုံ(Facebook)
    “၁၅နှစ်အတွင်း ဒီနှစ်ရေကပိုကြီးတယ်၊ ကျိုက္မရောမြို့ ကလိုင်းကနိုင်ကနေ အတ္ထရန်မြစ်အထိ ဇေကမ္ဘာ ကုမ္ပဏီ က ဘိလပ်မြေစက်ရုံအတွက် အဲဒီလမ်းကြောင့် နိတုံရွာက ရေပိုကြီးပြီး စပါးတွေရေနစ်ရတယ်” ဟုနိတုံရွာမှ လယ်သမား တဦးကပြောသည်။

    ကျိုက္မရောမြို့ကလိုင်းကနိုင်ရွာမှ အတ္ထရန်မြစ်အထိ နိတုံရွာပိုင်လယ်မြေဧက ၇၀ဝ ကျော်ကိုဖြတ်ပြီး အနိမ့်ပိုင်း ၁၀ ပေ အမြင့်ပိုင်း၅ ပေခန့်အမြင့်ရှိ ကားလမ်းကိုမြေဖို့ဖေါက်ထားသည့်အတွက် ၄င်းလမ်းသည် ရေကာတာကဲ့ သို့ ဖြစ် နေသည်ဟုပြောသည်။

    “ လမ်းအရှည် သုံးမိုင်ကျော်ကို ၂၅ ပေအကျယ် ရေထွက်ပေါက်က ၄ ပေါက်ပဲ ဖေါက်ထားတော့ ရေဆွဲအား မနိုင်လို့ခါတိုင်းနှစ်ထက်ရေပိုကြီးဖြစ်ရတယ်”ဟုနိတုံရွာမှ လယ်သမားအကျိုးဆောင်နေသူ နိုင်ငြိမ်း ကပြော သည်။

    ဇူလိုင်လ ၂၈ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ရေဆွဲအားနည်းမှုကြောင့် ချက်ချင်းရေကြီးမှု ဖြစ်ပေါ် ရပြီး စိုက်ပြီးစစပါးများပိုထိခိုက်ရပြီး ကားလမ်းအပေါ်ပိုင်းဘက်တွင်ရှိသော နိတံရွာ ၊ကွမ်းငန်းရွာ၊မယ်ကသမ်ရွာ၊ ဦးလေးရွာနှင့် ငါးပြေမရွာ များနှင့် ၄င်းရွာများမှလယ်မြေဧက သုံးပုံနှစ်ပုံခန့် ရေလွှမ်းနေဆဲ ဖြစ်နေသည်ဟု ပြောသည်။

    “အတ္ထရန်မြစ်အထက်ပိုင်း ကြာအင်းဆိပ်ကြီးမြို့နယ် ဘက်က တောင်ကျရေနှင့်အတူ ကျလာတဲ့ရေနီ၊ရေနောက် တွေက စပါးပင်အသေအပျောက် များမယ် ကားလမ်းမှာ အမှိုက်တွေ၊ ဒိုက်တွေ၊ စုနေတာလည်းရှိနေတယ်”ဟု နိတုံရွာမှ ဇေကမ္ဘာဘိလပ်မြေစက်ရုံအတွက် လယ်မြေမရောင်းခဲ့သူ နိုင်ငြိမ်းမောင်ကပြောသည်။

    လောလောဆယ်ရေကြီမှုနှင့်ပတ်သက်၍ နိတံရွာကျောင်းဟောင်းဆရာတော်က ဦးဆောင်၍ ကားလမ်းမှ ကာထားသည့်အတွက်ရေမစီးနိုင်သည့်အခြေအနေ လယ်မြေများရေလွှမ်းမိုးမှုများနှင့်နိတုံရွာနှင့် အနီးရွာများ မှရေဘေးသင့်ခံရသည့် ဗွီဒီယိုမှတ်တမ်းကို သြဂုတ်လ ၄ ရက်နေ့က လှည့်လယ် ရိုက်ကူးထားပြီဟု နိတုံရွာကျောင်းသစ်ဆရာတော်က မိန့်သည်။

    မွန်ပြည်နယ် ရေဘေးကယ်ဆယ်ရေး အဖွဲ့မှ ဦးသောင်းရွှေက မွန်ပြည်နယ် အတွင်းက ရေဘေးသင့် မြို့နယ်များသို့ ကျန်းမာရေးစောင့်ရှောက်မှု၊ ရိက္ခာထောက်ပံ့မှုများ၊ ထောက်ပံ့မှုများဆောင်ရွက်ပေးနေပြီး ကျိုက္မရောမြို့နယ်သို့လည်း ဇူလိုင်လ ၃၁ ရက်နေ့က ထောက်ပံ့ပေးခဲ့သည်ဟု ပြောသည်။

    သို့သော် ဇေကမ္ဘာဘိလပ်မြေစက်ရုံအတွက် ဖေါက်လုပ်ထားသော လမ်း အနီးအနားရွာမှ ကျိုက္မရောမြို့နယ် နိတုံရွာ၊ကွမ်ငန်းရွာ၊မယ်ဂရိုရွာ ၊မယ်ကသမ်ရွာ၊ဦးလေးရွာနှင့် ငါးပြေမရွာများမှ ရေဘေးသင့် ရွာသားများကို ထောက်ပံ့မှု တစုံတရာ မရရှိသေး ဟု ဒေသခံရွာသားများထံမှသိရသည်။

    မွန်ပြည်နယ်ကျိုက္မရောမြို့နယ်သည် မိုးစပါးစိုက်ဧက တစ်သိန်းခန့် စိုက်ပျိုးနေသည့် မြို့နယ်တမြို့နယ်ဖြစ်သည်။ မိုးတွင်းအခါ ရေကြီးနစ်မြှုပ်ဒဏ်ကို နှစ်စဉ်ခံနေရသည့်မြို့နယ်လည်းဖြစ်နေသည်။ အထူးသဖြင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တောတောင်များမှ မိုးရေမှစီးဆင်းလာသော ရေများသည် အတ္ထရန်မြစ်မှ စီးဆင်းလာရ၍ အတ္ထရန်မြစ်အကွေ့အကောက်များနေခြင်းနှင့် မြစ်ကြောင်းကျဉ်းနေခြင်းကြောင့်ရေစီးဆင်းမှု နည်း၍ ယခုလိုနှစ်စဉ် ရေကြီးမှုဖြစ်နေရသည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာသူများက ခန့်မှန်းနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks