Homeသတင်းသံဖြူဇရပ်မြို့တွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးသင်တန်း ကျင်းပပြုလုပ်ခဲ့

သံဖြူဇရပ်မြို့တွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးသင်တန်း ကျင်းပပြုလုပ်ခဲ့

-

အေမီအောင် – သြစတေးလျနိုင်ငံအခြေစိုက်၊ Buzzoff အဖွဲ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ၄ ရက်ကြာသင်တန်းဖွင့်လှစ်ခဲ့ရာ ယနေ့တွင်ပြီးဆုံးခဲ့သည်။

ငှက်ဖျားရောဂါတိုက်ဖျက်ရေးသင်တန်းပြုလုပ်နေစဉ်(Ngwe Moe)
ငှက်ဖျားရောဂါတိုက်ဖျက်ရေးသင်တန်းပြုလုပ်နေစဉ်(Ngwe Moe)
သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်၊ မွန်နှစ်ခြင်းခရစ်ယာန်ကျောင်း သင်တန်းပေးခဲ့ရာတွင် Buzzoff အဖွဲ့မှ မစ္စတာဒေးဗစ်နှင့်အတူ နိုင်ငံခြားသား ၆ ဦးတို့ ပါဝင်ပြီး သင်တန်းသား ၄၁ ဦး တက်ရောက်ခဲ့ကြသည်။

“တောထဲတောင်ထဲမှာ ငှက်ဖျားရောဂါဖြစ်ပြီဆိုရင် လူနာကိုဘယ်လိုဆေးကုသရမှာလဲ၊ ဆေးထိုးအပ်ကိုဘယ်လိုသုံးရမယ်၊ ဆေးထိုးအပ် အမြဲတမ်းသုံးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ အရေးအကြောင်းဆိုရင် ဘယ်လိုကုသရမလဲ စတာတွေကို သိရှိထားဖို့ပါ”ဟု သင်တန်းတက်ရောက်သူ တစ်ဦးက ပြောသည်။

ထို့အပြင် ငှက်ဖျားရောဂါဖြစ်စေသော ခြင်ပေါက်ဖွားနိုင်သည့် ရေအိုင်၊ ရေမစီးဆင်းသည့်ရေမြောင်းများကို ရေထုတ်ပေးခြင်၊ ခြင်ဥများမပေါက်ပွားစေရန် မည်ကဲ့သို့လုပ်ဆောင်သင့်သည်များကိုလည်း ဗဟုသုတအနေဖြင့်ဆွေးေ နွးခဲ့ကြသည်။

သင်တန်းတက်ရောက်ခဲ့သူ ကိုမင်းသူက “ငှက်ဖျားရောဂါနဲ့ပတ်သက်လို့ အသေးစိတ်နားလည်သိရှိလွယ်ပြီး တန်ဖိုးရှိတဲ့သင်တန်းတစ်ခုလို့မှတ်ချက်ပြုပါတယ်” ဟု ပြောသည်။
အထူးသဖြင့် ငှက်ဖျားရောဂါသည် ခံနိုင်ရည်အနည်းဆုံးဖြစ်ကြသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ခလေးငယ်များအတွက် အလွန်စိုးရိမ်ရသည်ဟုလည်း သိရသည်။

“Buzzoff အဖွဲ့ကနေ သင်တန်းတွေကို အထောက်အကူပြု စာရွက်စာတမ်းတွေနဲ့ ကာကွယ်ကုသခြင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို အခမဲ့ပေးပါတယ်”ဟု သင်တန်းတက်ရောက်ခဲ့သူ ဦးငွေမိုးက ပြောသည်။

Buzzoff အဖွဲ့သည် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ထိထိရောက်ရောက် စွမ်းဆောင်နိုင်ရန်အတွက် ကျေးလက်နေပြည်သူများ အပါအဝင် ကဏ္ဍအသီးသီးမှပရဟိတလူငယ် ၁၀ဝ ကျော်အား မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်မြောက်ပိုင်းဒေသများတွင် သင်တန်းများ ပို့ချခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts