spot_img
Wednesday, June 25, 2025
More
    spot_img
    Homeသတင်းအရည်အသွေးမပြည့်ဝသော ဓါတ်မြေနှင့် ပိုးသတ်ဆေးများမသုံးပြုရန် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ သတိပေး

    အရည်အသွေးမပြည့်ဝသော ဓါတ်မြေနှင့် ပိုးသတ်ဆေးများမသုံးပြုရန် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ သတိပေး

    -

    မင်းတော်လဝီ – တောင်သူလယ်သမားများအတွက် အရည်အသွေးကောင်းမွန်သည့် ဓါတ်မြေနှင့်ပိုးသတ်ဆေးများကို အသုံးပြုရန်နှင့် အရည်အသွေးမပြည့်ဝသော ဓါတ်မြေနှင့်ပိုးသတ်ဆေးများကိုမသုံးရန် မြန်မာနိုင်ငံ တောင်သူ လယ်သမားအသင်းက သတိပေးတိုက်တွန်းလိုက်ကြောင်း သိရသည်။

    Cal-Bo ရွက်ဖြန်းဓါတ်မြေသြဇာတစ်မျိုး(ဓါတ်ပုံ-Facebook)
    Cal-Bo ရွက်ဖြန်းဓါတ်မြေသြဇာတစ်မျိုး(ဓါတ်ပုံ-Facebook)
    ပြည်ပမှ ပြည်တွင်း ဈေးကွက်အတွင်းသို့ ဆိုင်တင်ရောင်းချနေသော ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေး များ စွာရှိသည့်အနက်မှ တောင်သူလယ်သားများ အသုံးပြုနေသော ဓါတ်မြေသြဇာ ၁၅ မျိုးနှင့် ပိုး သတ် ဆေး ၁၃ မျိုးစုစုပေါင်း၂၈ မျိုးကို မတ်လအတွင်းက စစ်ဆေးတွေ့ရှိချက်အရ အရည်အသွေး မပြည်းဝသည့် ဓါတ်မြေသြဇာများပါရှိနေသည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက် တာစိုးထွန်းက ပြောသည်။

    ဒေါက်တာစိုးထွန်းက “ဓါတ်မြေနဲ့ ပိုးသတ်ဆေးများစွာရှိတဲ့အထဲမှာ အချို့သံသယရှိတဲ့ဓါတ်မြေနဲ့ ပိုးသတ်ဆေးတွေကို ကျဘမ်းအနေနဲ့ ကောက်ယူပြီးစစ်ဆေးတာရှိသလို လယ်သမားများဆီက သံသယရှိနေတဲ့ ဓါတ်မြေသြဇာသုံးမျိုးကိုစစ်ဆေးတဲ့အခါ အရည်အသွေးမပြည့်ဘူးလို့ စိုက်ပျိုးရေး ဓါတ်ခွဲခန်းကတွေ့ရှိတာကြောင့် ဓါတ်မြေသြဇာတင်သွင်းတဲ့အဖွဲ့ကို တင်ပေးလိုက်တယ်” ဟု ပြောသည်။

    သံသယရှိသည့် ဓါတ်မြေပိုးသတ်ဆေးများကို အစိုးရဓါတ်ခွဲခန်းများတွင် ထပ်စစ်ဆေးကြည့်၍ အရည်အသွေးမပြည့်ပါက လယ်ယာဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသို့တင်ပေးပြီး အရေးယူဆောင်ရွက်သွားမည်ဟု သူက ပြောသည်။

    ယခုလက်ရှိတွင် ဆိုင်များမှာရောင်းဝယ်နေသည့် ပိုးသတ်ဆေးများမှာ နိုင်ငံအသီးသီးမှ တင်သွင် လာသည့် ပိုးသတ်ဆေးများဖြစ်ပြီး ဆေးအညွှန်းမှာ မြန်မာနှင့် အင်္ဂလိပ်စာများ မပါသည့်အပြင် နိုင်ငံတကာမှ ပိတ်ပင်ထားသည့် ပိုးသတ်ဆေးများလည်းတင်ရောင်းနေသည့်အတွက် တောင်သူ လယ်သမားများနှင့် စားသုံးသူများလည်း အန္တရာယ်ရှိနိုင်သည်ဟု ဆိုသည်။

    ထို့အပြင် ဓါတ်မြေသြဇာများလည်း အဟာရဓါတ်ပြည့်ဝမှုမရှိသည့်အပြင် ဈေးနှုန်းလည်းကြီးမြင့်နေ၍ လယ်သမားများအတွက် တွက်ခြေမကိုက်ဖြစ်နေရကြောင်း တချို့ပိုးသတ်ဆေးများက ကင်ဆာ ရောဂါအပြင် တခြားရောဂါအန္တရာယ်အမျိုးမျိုနှင့်ရင်ဆိုင်နိုင်၍ စစ်ဆေးမှုမှာ လယ်သမားများကို ကာကွယ်ပေးရာလည်းဖြစ်သည်။

    တည်ဆဲဥပဒေအရ ပိုးသတ်ဆေးအန္တရာယ်များကို ကာကွယ်နိုင်သည့် ဥပဒေများပြဌာန်းပြီးဖြစ်၍ ပိုးသတ်ဆေးအန္တရာယ်များမှကင်းရန် အရောင်းဆိုင်များမှစနစ်တကျရောင်းဝယ်ဖြန့်ဖြူနိုင်ရန် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများမှ စိစစ်ပြီး တရားဝင်လိုင်စင်များကို ထုတ်ပေးထား သည်ဟု ပဲခူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းတဦးက ပြောသည်။

    “ဆိုင်မှာတင်ရောင်းနိုင်အောင် ဆိုင်ရှင်များကို ပိုးသတ်ဆေးသင်တန်းကို တက်ရောက်သင်ကြား စေတယ်၊ ဥပဒေရပ်များကိုပါသိရှိနားလည်ပြီးမှ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပိုးသတ်ဆေးတွေ ရောင်းခွင့်လိုင်စင်ထုတ်ပေးတယ်၊ ဓါတ်မြေရောင်းခွင့် လိုင်စင်ကိုတော့ မြေအသုံးချရေးဌာနက ထုတ်ပေးတယ်” ဟု ၎င်းကပြောသည်။

    ထိုကဲ့သို့ အရည်အသွေးမပြည့်ဝသည့် ဓါတ်မြေ ပိုးသတ်ဆေးများကိုရောင်းဝယ်နေသူများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စစ်ဆေးမှုများဆက်လုပ်ရန် ရှိသည်ဟု သိရသည်။

    အရည်အသွေးမပြည့်ဝသည့် ဓါတ်မြေ၊ ပိုးသတ်ဆေးများကို လာမည့် ဇွန်လတွင် စစ်ဆေးဖေါ်ထုတ် ရန်အတွက် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်နေသည့် ဧရာသတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများမှာ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဟု ဒေါက်တာစိုးထွန်းက ဆက်ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,500SubscribersSubscribe
    spot_img

    Latest posts