spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

    သံဖြူဇရပ်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

    -

    မင်းတော်လဝီ – ၂၀၁၃-၁၄ ပညာသင်နှစ် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၏ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတစ်ရပ်ကို သံဖြူဇရပ်မြို့ အထက(၁) ကျောင်းဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

    အထက(၁) သံဖြူဇရပ်( ဓါတ်ပုံ-facebook)
    အထက(၁) သံဖြူဇရပ်( ဓါတ်ပုံ-facebook)
    အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီးဦးမျိုးညွန့်နှင့် ပြည်နယ်အဆင့်အကြီးအကဲများ၊ သံဖြူဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာအကြီး အ ကဲများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ အန် ဂျီအိုအဖွဲ့ဝင်များနှင့် ကျောင်းသားကျောင်းသူများအပါအဝင် စုစုပေါင်း ၁၀ဝ၀ ခန့်တက် ရောက် ခဲ့သည်ဟု သံဖြူဇရပ် အထက(၁) ကျောင်းအုပ်ဆရာကြီးက ပြောသည်။

    ၎င်းက “အခမ်းအနားမှာ ဝန်ကြီးက ပညာရေးကိစ္စရပ်များအကြောင်းကို ပြောကြားတယ်၊ နောက် မြို့နယ်အုပ် ချုပ်ရေးမှူးနဲ့မြို့နယ်ပညာရေးမှူးတို့က အမှာစကားပြောပြီး ကျောင်းအပ်နှံ ရေးနေ့အစီ အစဉ်ကို စတင် လိုက်တယ်” ဟု ပြောသည်။

    ယနေ့မေလ ၂၈ ရက်နေ့ကို သံဖြူဇရပ်တမြို့နယ်လုံး၏ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ဖြစ်၍ မြို့နယ်အတွင်းရှိ အခြေခံ မူလတန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ အထက်တန်းကျောင်းများ အားလုံး၊ တပြိုင်တည်းကျောင်းအပ်နှံရေးကို လက်ခံကြသည်။

    ယနေ့ ကျောင်းအပ်နှံရေးနေ့မှာ ကျောင်းသားကျောင်းသူဦးရေ ၁၀ဝ၀ ကျော်ခန့် လာရောက်အပ်နှံ လက်ခံနိုင်ခဲ့ပြီး မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံမှု လက်ခံသွားမည်ဖြစ်သည်။

    ကျောင်းအပ်နှံရေးတွင် မူလတန်းအဆင့်တွင် အခမဲ့ပညာရေးသတ်မှတ်ထားသည့်အတွက် ငွေကုန် ကျမှုမရှိပဲ အလယ်တန်းနှင်းအထက်တန်းအဆင့်များကို ကျောင်းဝင်ကြေးများအဖြစ် (၅) တန်းမှ (၁၀) တန်းအထိ ကျောင်းသားတစ်ဦးကို ကျပ်ငွေ ၅၀ဝ မှ ၁၀ဝ၀ ကျပ်အထိ ကုန်ကျသည်ဟု ဆိုသည်။

    နိုင်ငံတော်၏ပညာရေးမူဝါဒအရ မူလတန်းအဆင့်ကို အခမဲ့ပညာရေးဖြင့် သတ်မှတ်ထားသည့်အတွက် ငွေကြေးကုန်ကျရန်မလိုပဲ အစိုးရမှ ထောက်ပံ့ပေးမည့်အစီအစဉ်ကိုလည်း ရရှိမည်ဖြစ်သည်။

    တချို့မြို့နယ်များတွင် ထောက်ပံ့မှုကိုပေးနေပြီးဖြစ်သော်လည်း သံဖြူဇရပ်မြို့နယ်အနေဖြင့် မြို့နယ် လုံးကျွတ် ထောက်ပံ့မှုပေးပွဲအခမ်းအနားကိုလည်း ဆက်လက်ကျင်းပသွားမည်ဟု ဆရာကြီး ကပြောသည်။

    ကျောင်းအပ်နှံချိန်တွင် အလယ်တန်းအဆင့် ၅ တန်းကျောင်းသား တဦးလျှင် အားကစား၊ စာအုပ်အ တမ်းကြေးအဖြစ် ကျပ်ငွေ ၁၀ဝ၀ နှင့်ပီတီအေခေါ်သည့် ကျောင်းသားမိဘအသင်းကြေး ကို ၅၀ဝ ကျပ် နှင့်စုစုပေါင်း ၁၅၀ဝ ကျပ်ပေးဆောင်ရသည်ဟု သိရသည်။

    သံဖြူဇရပ်အခြေခံအဆင့်မြင့် အထက်တန်းကျောင်းသည် ၁၀ တန်းစာမေးပွဲမှာ နှစ်စဉ်အောင်မြင် မှုရလဒ်ကောင်းရှိသည့် မြို့နယ်တမြို့နယ်ဖြစ်ပြီး၂၀ဝ၈ခုနှစ်က မွန်ပြည်နယ်(၁၀)မြို့နယ်တွင် ၁၀တန်း အောင်ချက်အကောင်းဆုံး ပထမရရှိခဲ့ပြီး၂၀၁၂ ခု ပညာသင်နှစ်တွင် ၁၀တန်းစာမေးပွဲကို ၆၂ ရာခိုင် နှုန်းအောင်ခဲ့၍ မွန်ပြည်နယ်တွင် ၄ နှစ်ဆက်တိုက် ဒုတိယ ၁၀ တန်းအောင်ချက် အကောင်းဆုံး မြို့နယ်တမြို့နယ် လည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts