spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းထိုင်းဝန်ကြီးချုပ်ဟောင်း ချာဗလစ်နှင့်အဖွဲ့ မွန်လုပ်ငန်းရှင်များအားလာရောက်တွေ့ဆုံ

    ထိုင်းဝန်ကြီးချုပ်ဟောင်း ချာဗလစ်နှင့်အဖွဲ့ မွန်လုပ်ငန်းရှင်များအားလာရောက်တွေ့ဆုံ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ထိုင်းဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ချာဗလစ်ယောင်ချိုင်ယုဒ်နှင့်အဖွဲ့တို့သည် မွန်လုပ်ငန်းရှင်ကြီးများအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ မွန်ပြည်နယ်ဝန်ကြီးရုံး၌ ယနေ့နံနက် ၉ နာရီခန့်တွင် လာရောက် တွေ့ဆုံခဲ့ကြသည်။

    ထိုင်းဝန်ကြီးချုပ်ဟောင်း ချာဗလစ်အား ကြိုဆိုနေစဉ်(TLT)
    ထိုင်းဝန်ကြီးချုပ်ဟောင်း ချာဗလစ်အား ကြိုဆိုနေစဉ်(TLT)
    တွေ့ဆုံပွဲသို့ ချာဗလစ်နှင့်အတူအဖွဲ့ဝင် ၁၇ ဦးနှင့် မွန်ပြည်နယ် ခရီးသွားပို့ဆောင်ရေး လုပ်ငန်းရှင်များအပါအဝင် မွန်အမျိုးသားလုပ်ငန်းရှင်ကြီး ၄ ဦးတို့ တက်ရောက် ခဲ့ကြသည်။

    ချာဗလစ် ယောင်ချိုင်ယုက ယနေနံနက်ပိုင်း၌ မွန်ပြည်နယ် မော်လမြိုင်မြို့လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး မွန်အမျိုးသားလုပ်ငန်းရှင်ကြီးများနှင့် မွန်လူငယ်များ စုစုပေါင်း ၅၀ ကျော်ခန့် သွားရောက်ကြို ဆိုနှုတ် ဆက်ခဲ့ကြသည်။

    မွန်အမျိုးသားလုပ်ငန်းရှင် တစ်ဦးက “ထိုင်းဝန်ကြီးချုပ်ဟောင်း ချာဗလစ်ယောင်ချိုင်ယုဒ်က မွန်ပြည်နယ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ဘာတွေရှိလဲ၊ လက်ရှိမှာ ဘာလုပ်ငန်း တွေလုပ်နေသလဲ လို့မေးမြန်းတယ်၊ နောက် စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးဖို့အတွက် ထိုင်းလုပ်ငန်းရှင်တွေနဲ့ ပူးတွဲလုပ်ကိုင်သွားဖို့ လာရောက်ညှိနှိုင်းတာဖြစ်တယ်” ဟု ပြောသည်။

    ချာဗလစ်၏ မွန်ပြည်နယ်ခရီးစဉ်သည် ဖွံ့ဖြိုးရေးစီမံကိန် လုပ်ငန်းနှင့်ပတ်သက်၍ နှစ်နိုင်ငံရင်းနှီးမြုပ်နှံရေးအတွက် လေ့လာသည့်ခရီးစဉ်ဖြစ်ပြီး ထိုင်းလုပ်ငန်းရှင်းများနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားကြရန်လည်း တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။

    ယင်းခရီးစဉ်သည် မွန်ပြည်နယ်အခြေစိုက် ခရီးသွားပို့ဆောင်ရေးလုပ်ငန်း Mon & Thanakorn Group မှ စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

    ယခုလာရောက်သည့်ခရီးစဉ်သည် ချာဗလစ်အနေဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး မွန်ပြည်နယ်တွင် ပထမဆုံးအကြိမ် ခရီးစဉ်ဖြစ်သည်။

    ထို့အပြင် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွါမည်ဖြစ်ကြောင်း သိရသည်။

    ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးစီမံကိန်များဖော်ဆောင်နိုင်ရန်အတွက် ထိုင်းအစိုးရက ထိုင်းဘတ်ငွေ ၅၂ ဘီလျံ၊ အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ၇၀ဝ ကျော် ချပေးလိုက်ပြီဖြစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၂၂ နေ့တွင် ထိုင်းသတင်းဌာနများက ရေးသားဖော်ပြထားသည်။

    ထိုင်းအစိုးရက ခွင့်ပြုခဲ့သည့် စီမံကိန်းမှ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသက အထူးစီးပွားရေးဇုန်ကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ရေးအတွက်ပါဝင်နေ၍ လွန်ခဲ့သောနှစ်က မြဝတီ-မဲဆောက် နယ်စပ်ဒေသကုန်သွယ်မှုအတွက် ထိုင်းဘတ်ငွေ ဘီလျံ ၃၀ အထိရှိခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ၌ အမြင့်ဆုံး စံချိန်ဖြစ်ခဲ့ပြီး သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts