Homeသတင်းအစိုးရ၏ငြိမ်းချမ်းရေးမူ ၈ ချက်အနက် ၄ ချက်ကိုလက်မခံနိုင်

အစိုးရ၏ငြိမ်းချမ်းရေးမူ ၈ ချက်အနက် ၄ ချက်ကိုလက်မခံနိုင်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းမြန်မာနယ်စပ်တွင် မွန်ပြည်သစ်ပါတီလူထုတွေ့ဆုံရှင်းလင်းပွဲများ ကျင်းပလျှက်ရှိရာ အစိုးရ၏ငြိမ်းချမ်းရေးမူ ၈ ချက်အနက် နောက်ပိုင်း ၄ ချက်ကိုလက်မခံနိုင်ကြောင်း အပြန်အလှန်မေးမြန်းဆွေးနွေးချက်များမှ သိရသည်။

အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းပါ အချက် ၈ ချက်အနက် အဆင့်(၅) ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရေး၊ (၆) ၂ဝဝ၈ ဖွဲ့စည်းပုံကို လွှတ်တော်အတွင်းမှ သဘောတူဆောင်ရွက်ရေး (၇) ထာဝရ ငြိမ်းချမ်းရေး အတွက် ဥပဒေဘောင် အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံနှင့်အညီတန်းတူညီတူ နေထိုင်သွားလာလုပ်ကိုင်စားသောက်ရေးနှင့်(၈) ဖွဲ့စည်းပုံဥပဒေနှင့်အညီ တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်းပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး ဆိုသည့် အချက်များအား လက်မခံနိုင်ကြောင်း တွေ့ဆုံရှင်းလင်းပွဲတက်ရောက်သူများက ဆွေးနွေးခဲ့ကြသည်။

ဂျပန်ရေတွင်း လူထုတွေ့ဆုံရှင်းလင်းပွဲသို့တက်ရောက်သူများ
“ကျနော်တို့တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့အချက် ၆ ချက်ပါလမ်းပြမြေပုံကို ပြီးခဲ့တဲ့လက ရေးဆွဲထားပြီးပြီ၊ အဲဒီအထဲက လက်တွေ့ကျပြီး အလုပ်ဖြစ်နိုင်တာ မဖြစ်နိုင်တာတွေကို ထောက်ပြပေးပါ” ဟု မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်၌ မွန်လူမှုအခြေပြုအဖွဲ့ အစည်းများအား ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ ရက်နေ့၄င်း၊ ဂျပန်ရေတွင်းရွာ၌ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံဝန်ထမ်းများအား အောက်တိုဘာ ၂၁ ရက်နေ့တွင်၄င်း တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အငြိမ်းစားဗိုလ်မှူးကြီးကောင်းရွတ်က “ဒုတိယပင်လုံဖေါ်ဆောင်ဖို့ ကလေးမြို့ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည် ကလည်း ၂၁ ရာစုပင်လုံကိုပြောလာပါတယ်၊ ဒါပေမယ့် အခုအချိန်မှာတော့ ဒေါ်စုကြည်နဲ့ UNA တို့က အဲဒီပင်လုံအကြောင်း အသံတိတ်သွားပါပြီ၊ ဒါကြောင့် တိုင်းရင်းသားညီလာခံကချမှတ်တဲ့ လမ်းပြမြေပုံ အဆင့် ၅ ဖြစ်တဲ့ဒုတိယပင်လုံညီလာခံက မလွယ်တဲ့ကိစ္စဖြစ်နေတယ်”ဟု ပြောသည်။

၂ဝ၁ဝ အောက်တိုဘာ ၂၄ ရက်နေ့ ဇိုမီးအမျိုးသားကွန်ဂရက် ZNC တည်ထောင်ခြင်း ၂၂ နှစ်ပြည့်တွင် ‘ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း’အား ထုတ်ပြန်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က “၂၁ ရာစု ပင်လုံညီလာခံ’ ဟု ခေါ်တွင်လှုပ်ရှားလာခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်အရေးအခင်းနှင့် ကချင်ပြည်နယ်တိုက်ပွဲများအပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေးပြောဆိုခြင်းမရှိသည်ကို တွေ့ဆုံရှင်းလင်းပွဲတက်ရောက်သော မွန်လူငယ်များက ထောက်ပြဝေဖန်သုံးသပ်ခဲ့ကြသည်။

အလားတူ နယ်မြေဒေသ(၄)နေရာခွဲ၍ မွန်ပြည်သစ်ပါတီခေါင်းဆောင်များက လက်အောက်ခံပါတီအဖွဲ့ဝင်များ၊ ဒေသခံရဟန်းရှင်လူပြည်သူများ၊ လူမှုအဖွဲ့အစည်းများအား ပြီးခဲ့သည့် ဇွန်လတွင် လူထုတွေ့ဆုံရှင်းလည်းပွဲများကို စတင်ပြုလုပ်ခဲ့ကြပြီး ယခုအခါ တွေ့ဆုံရှင်းလင်းပွဲများတဖန် ပြုလုပ်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်း

1 COMMENT

  1. I think it need a lot of dicussion within mutual sides.
    Actually, We , Burmese people in Rangoon, Mandalay has a lot of mix blood liked that
    Bamar, Mon and Chinese. Pegu, Rangoon are ancient Mon cities.
    So, all should be considered by economic developing of our country.
    Actually Thailand / Chinese are getting illegal big profit from our country.

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts