spot_img
Friday, November 14, 2025
More
    spot_img
    Homeသတင်းနိုင်ငံခြားမှ တင်သွင်းဆားကြောင့် မွန်ပြည်နယ်ရှိ ပြည်တွင်းဆားဈေးကွက် ထိခိုက်

    နိုင်ငံခြားမှ တင်သွင်းဆားကြောင့် မွန်ပြည်နယ်ရှိ ပြည်တွင်းဆားဈေးကွက် ထိခိုက်

    -

    မိလရီထော – မွန်ပြည်နယ်တွင် နိုင်ငံခြားမှတင်ပို့သည့်ဆားများကို ပြည်သူများ ဝယ်ယူစားသုံးနေခြင်းကြောင့် ပြည်တွင်းဆားဈေးနှုန်း ကျဆင်းနေသည်ဟု ဆားလုပ်ငန်းရှင်များက ပြောသည်။

    မွန်ပြည်နယ် သံဖြူဇရပ် ပင ရွာမှ နေလှန်းဆာမြင်ကွင်း။
    ပြည်တွင်းမှ ဆားကြမ်းတစ်ပိဿာကို မြန်မာကျပ်ငွေ (၄၅) ကျပ်နှုန်းဖြင့်သာပေးဝယ်ရပြီး ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှတင်သွင်းလာသည့် အလေးချိန်(၅) ကျပ်သားရှိ အိုင်အိုဒင်း အိမ်သုံးဆားတထုပ်ကိုမူ ကျပ်ငွေ (၁၅၀) မှ (၂၀ဝ) အထိ ပေးဝယ်နေသည်ဟု မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    ၎င်းက “နိုင်ငံခြားက တင်ပို့တဲ့ဆားတွေက ဖြူတယ်။ သန့်တယ်။ အဲကြောင့် လူတွေစားသုံးကြ တာများတယ်၊ တို့နိုင်ငံက လုပ်တဲ့ဆားတွေ ဘယ်သူမှမဝယ်ချင်ကြတော့ဘူး” ဟု ပြောသည်။

    ယင်းသို့ ပြည်တွင်း ဆားဈေးကျဆင်းခြင်းနှင့် ဝယ်ယူစားသုံးသူနည်းပါးခြင်းတို့ကြောင့် ဆားလုပ်ငန်းရှင်တချို့က လုပ်ငန်းရပ်နား ရသည်အထိ နစ်နာမှုများရှိလာနိုင်သည်ဟု ယင်းဆားလုပ်ငန်းရှင်က ပြောသည်။

    ၎င်းက “မနှစ်တုန်းက (ဆား) ဈေးကွက်မရှိလည်း ဝယ်တဲ့သူတွေ ရှိသေးတယ်၊ ဒီနှစ်တော့ ဆားတွေ ဘယ်လောက်ဈေးနဲ့ရောင်းရမှန်းတောင် မသိတော့ဘူး၊ လောလောဆယ် ဆားတွေကို ဂိုထောင် ထဲထည့် လှောင်ထားတုန်းပဲ” ဟု ပြောသည်။

    ယမန်နှစ်တွင် ဆားကြမ်းတစ်ပိဿာ၏ ဈေးနှုန်းမှာ (၅၀) ကျပ်ရှိပြီး ကြိတ်ပြီးသားဆားချော တစ်ပိဿာ၏ ဈေးနှုန်းမှာ (၈၀) ကျပ်အထိ ရှိခဲ့သည်။

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုက်ခမီမြို့နှင့် စက်စဲတို့တွင် ဆားကို အဓိက ထုတ်လုပ်နေသည်။  ထို့ပြင် ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ်ရှိ ပလိုင်ကီးကျေးရွာ တွင်လည်း ဆားအများအပြား ထုတ်လုပ်နေသည်။

    ပငကျေးရွာတွင် အစိုးရပိုင်ဆားလုပ်ငန်းအပြင် ပုဂ္ဂလိကပိုင် ဆားဖို (၄၀) ခန့်ရှိပြီး ဆားကွင်းဧက (၁) ထောင်ကျော်ရှိကာ မွန်ပြည်နယ်တွင် ဆားအများဆုံး ထုတ်လုပ်သည့်နေရာဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,900SubscribersSubscribe
    spot_img

    Latest posts