Homeသတင်းမွန်နိုင်ငံရေးလှုပ်ရှားသူများအတွက် Myanmar Egress မှ သင်တန်းပို့ချပေး

မွန်နိုင်ငံရေးလှုပ်ရှားသူများအတွက် Myanmar Egress မှ သင်တန်းပို့ချပေး

-

ဂျူရီချိုင်း – မွန်ပြည်နယ်ရှိ မွန်နိုင်ငံရေးလှုပ်ရှားသူများအတွက် ရန်ကုန်အခြေစိုက် Myanmar Egress တို့မှ နိုင်ငံရေးကဏ္ဍ အရည်အချင်းမြှင့်တင်ရေး သင်တန်း ပို့ချပေးနေကြောင်း သိရသည်။

ယင်းသင်တန်းကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ 
(AMDP) ရုံးတွင် မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ ပို့ချပေးသွားမည်ဖြစ်ပြီး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများကိုလည်း ပို့ချပေးနေသည်ဟု သင်တန်း တက်ရောက်နေသူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နိုင်စံတင်က ပြောသည်။

၎င်းက “သင်တန်းအတွက် အဓိကတော့ နိုင်ငံရေးလမ်းကြောင်းတွေ မြှင့်တင်ဖို့ပဲ နောက် အုပ်ချုပ်ရေးအပိုင်းတွေရော အစုံပဲ၊ ဒီနေ့ဆို ဒုတိယနေ့ရှိနေပြီး”

အဆိုပါသင်တန်းသို့ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ကျိုက်မရော၊ ပေါင်၊ ချောင်းဆုံ (ဘီလူး) ကျွန်းမြို့နယ်များမှ ဒေသခံမွန်လူမှုအခြေပြုအဖွဲ့အစည်း ၅ ဦးစီပါဝင်ပြီး၊ မော်လမြိုင်မြို့ရှိ မွန်လူမှုအသင်းအဖွဲ့များ၊ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့မှ စုစုပေါင်း သင်တန်းသား ၃၀ ခန့် တက်ရောက်ခဲ့ကြသည်။

Myanmar Egress မှ သင်တန်းဆရာများမှာ ဦးနိုင်လင်းထွန်း၊ ဦးအောင်ကိုကို အပါအဝင် အဖွဲ့ဝင်သင်တန်းဆရာ ရ ဦး ပါဝင်သည်ဟု နိုင်စံတင်က ပြောသည်။

“ဒီသင်တန်းမျိုးကို နယ်မှာရှိတဲ့ ကျေးလက်ဒေသရွာတွေမှာ ဆင်းပြီးတော့ ပို့ချပေးဖို့ တောင်းဆို ထားတာလဲ ရှိတယ်” ဟု ရေးမြို့နယ်မှ သင်တန်းသားတစ်ဦးက ပြောသည်။

Myanmar Egress မှ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ မြှင့်တင်ရေး သင်တန်းပို့ချချက်ကို မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်များတွင် ပြုလုပ်ပေးခြင်းဖြစ်ပြီး၊ ဒုတိယအကြိမ်အဖြစ် မွန်ပြည်နယ်တွင် ပြုလုပ်ပေးခြင်းဖြစ်သည်။

Myanmar Egress သည် လူ့အဖွဲ့အစည်းအတွက် လူထုပညာပေးသင်တန်းကို ပြည်တွင်း အခြေစိုက် နိုင်ငံရေးလှုပ်ရှားသူများနှင့် ပြည်ပအခြေစိုက် နိုင်ငံရေးလှုပ်ရှာသည့်အဖွဲ့အစည်းများထံ ပို့ချပေးလျှက်ရှိပြီး နိုင်ငံရေးပဋိပက္ခဖြေးရှင်းရာမှာလည်း ပါဝင်ဆောက်ရွက်လျှက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts