Homeသတင်းမွန်ပြည်နယ်၌ ပုလဲသွယ်စပ်မျိုးနွေစပါးမှန်းထားသလောက်မထွက်ရှိ

မွန်ပြည်နယ်၌ ပုလဲသွယ်စပ်မျိုးနွေစပါးမှန်းထားသလောက်မထွက်ရှိ

-

မင်းတော်လဝီ – မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့်ပေါင်မြို့နယ် အစိုးရစိုက်ပျိုးရေးဌာနများ စိုက်ပျိုးထားသော ပုလဲသွယ်စပ်မျိုးနွေစပါးရိတ်သိမ်းခဲ့ရာတွင် လျာထားချက်အထွက် မပြည့်မီကြောင်းသိရသည်။

ပုလဲသွယ်စပ်မျိုးစပါးပင်(Photo-Internet)
ပုလဲသွယ်စပ်မျိုးစပါးပင်(Photo-Internet)

“ပုလဲသွယ်စပ်မျိုးဟာ မုဒုံမြို့နယ်မှာ ပထမဆုံး စိုက်ရလို့ နည်းစနစ်ပိုင်းနဲ့ ဓါတ်မြေသြဇာလုံလုံလောက်လောက် မထည့်နိုင်လို့ မှန်းထားတဲ့အထွက်မရဘူး၊ ဧပြီလ ၁၈ ရက်က စက်နဲ့ရိတ်တာ တစ်ဧက ၁၂၄တင်းပဲထွက်တယ်”ဟု မုဒုံမြို့နယ် စိုက်ပျိုးရေးရုံးမှ စိုက်ကွက်တာဝန်ခံဝန်ထမ်းတဦးက ပြောသည်။

မွန်ပြည်နယ် ဘီးလင်း၊ ပေါင်နှင့် မုဒုံမြို့နယ်တို့တွင် စုစုပေါင်း ၄၁ ဧကစိုက်ပျိုးရန် စီမံကိန်းချမှတ်ပေးထားရာ မုဒုံမြိုဗဟိုခြံ(၁၀)ဧက၊ မုဒုံမြို့နယ်၊ ကွမ်တာရွာ(၁၁) ဧက၊ ပေါင်မြို့နယ်၊ ဖြူဘရွာတွင် (၁၀)ဧက၊ ကျန်စိုက်ဧကများကို ဘီးလင်း နှင့်သထုံမြို့နယ်တို့၌ စိုက်ပျိုးကြရသည်ဟု မွန်ပြည်နယ်၊ စိုက်ပျိုးရေးရုံး ဝန်ထမ်းတဦးကပြောသည်။

၄င်းနွေစပါးတစ်ဧကစိုက်ပျိုးရန်အတွက် ရ ကီလိုဂရမ်ရှိ ပုလဲသွယ်မျိုးစေ့တအိတ်ကို ငွေကျပ်လေးသောင်း (၄၀၀၀၀) ဝယ်ယူရပြီး ညွှန်ကြားချက်နည်းစနစ်အတိုင်း စိုက်ပျိုးပါကတစ်ဧကကို တင်း၁၅၀ မှ ၂၀၀ ထွက်ရှိနိုင်မည်ဟုု ပြည်နယ်စိုက်ပျိုးရေးရုံးမှ အထက်ပါဝန်ထမ်းက ပြောသည်။

ထိုအတူ “ပေါင်မြို့နယ်၊ ဖြူဘရွာမှာ ကတိုက်ဆည်ရေကလုံလောက်တယ်၊ ပေါင်စနစ်နဲ့ပျိုးထောင်တယ်၊ ဓါတ်မြေသြဇာလည်း အလုံအလောက်သုံးပေမယ့် ဧပြီလ၂၄ရက်မှာရိတ်တာ တစ်ဧက ၁၂၈ တင်းပဲထွက်တယ်၊ ပြည်နယ်လျာထားချက် မမီဘူး”ဟု ပေါင်မြို့နယ်၊ စိုက်ပျိုးရေးရုံးမှ စိုက်ကွက်ကြီးကြပ်သည့်ဝန်ထမ်း တဦးကပြောသည်။

မွန်ပြည်နယ်အတွင်း လာမည့်မိုးရာသီတွင် ပုလဲသွယ်စပ်မျိုးစပါးကို တိုးချဲ့စိုက်ပျိုးမည့် အစီအစဉ်ချမှတ်ထားပြီး ယခုနွေစပါးမှထွက်သည့်စပါးကို မျိုးစေ့အဖြစ်ပြန်လည်အသုံးမပြုရသဖြင့် မိုးစပါးရာသီစိုက်ပျိုးလိုသူများ ပုလဲသွယ်မျိုးစေ့ထုတ်စိုက်ကွက်များမှ မျိုးစေ့ထပ်ဝယ်ရမည် ဖြစ်သည်။

အကယ်၍ ပုလဲသွယ်စပ်မျိုးစပါးကို မိမိအစီအစဉ်ဖြင့် မျိုးစေ့ထုတ်နိုင်ရန် နည်းပညာလိုအပ်မှုနှင့် ငွေကြေးအကုန်ကျများခြင်းကြောင့် လောလောဆယ်လယ်အကောင်အထည်မဖေါ်နိုင်သေးကြောင်း မုဒုံမြို့ ဗဟိုစိုက်ပျိုးရေးခြံမှ ဝန်ထမ်းတဦးက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေ၏ ယခုနှစ်နွေစပါးရာသီတွင် ပုလဲသွယ်စပ်မျိုးစပါးစိုက်ပျိုးပြီးစီးမှု ၂၃၄၀ ဧကရှိပြီး တစ်နိုင်လုံးအတိုင်းအတာအရ စုစုပေါင်း ၁၀၁၃၀ ဧက စိုက်ပျိုးထားရှိကြောင်း ဧပြီလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြပါရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts