Homeသတင်းယနေ့မဲရုံမှာ လုံခြုံရေးတင်းကြပ်ထား

ယနေ့မဲရုံမှာ လုံခြုံရေးတင်းကြပ်ထား

-

၂၀၀၉ ခုနှစ်တွင် သံဃာတော်များ ဆွမ်းကြီးလောင်အချိန်မှာ အာဏာပိုင် လုံခြုံရေးချထားစဉ်

မင်းအာသံ – မွန်ပြည်နယ်မြို့နယ်များအပါအဝင် အခြားသောမွန်ကျေးရွာတွေမှာ ယနေ့မဲထည့်ရက် မဲရုံစဖွင့်ချိန်မှာ မဲရုံအနီးအနားတဝိုက် စစ်တပ်များ လုံခြုံရေးတင်းကြပ်ချထာသည်။

ယနေ့နံနက်ပိုင်း မဲရုံစဖွင့်ချိန်မှာတော့ မဲရုံဧရိအတွင်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေမှ စစ်တပ် အင်းအားနှင့်အတူ မဲရုံဘေးပတ်လည်မှာလည်း စစ်တပ်၊ ရဲ၊ စရဖအစရှိသူတွေ လုံခြုံရေး ကြီးကြပ်ထားသည်ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

“ကျနော်တို့မှာတော့ ထက်တန်းကျောင်းမှာ မဲရုံထားတယ်၊ အပြင်မှာ စစ်တပ်တွေ အများကြီး ကြီးကြပ်ထားတာ ရှိသလို ကျောင်းဝင်ထဲမှာလဲ ၅ ယောက်လောက်စောင့်နေတာတွေ့ရတယ်၊ ဒါပေမယ့် ခြိမ်းခြောက်တာတော့ မရှိသေးဘူး”ဟု ၄င်းက ပြောသည်။

အလားတူပင် ကျိုက်မရောမြို့နယ် ကျိုက်ပရမ်းကျေးရွာမှာလည်း မွန်လူထုကိုယ်စားပြုသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲကော်မရှင်ရုံက မဲရုံအတွင်းသို့ ဝင်ခွင့်မပေးကြောင်း မျက်မြင်ကိုယ်တွေ့ထားသည့် ဒေသခံတစ်ဦးက ပြောသည်။

“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုပေးထားတဲ့ ကဒ်ပြားတံဆိတ်ဟာ မထင်လို့ဆိုပြီး မဲရုံအတွင်းသို့ ဝင်ခွင့် မပေးတော့တယ်”ဟု ၄င်းက ပြောသည်။

ထိုနည်းလည်းကောင်း ဘားအံမြို့နယ် သံလှယ်မွန်ကျေးရွာ မဲဆန္ဒနယ်မှာလည်း မဲရုံဘေးပတ်လည်တွင် စစ်တပ်နှစ်ဆယ်လောက် လုံခြုံရေး ကြီးကြပ်ချထားသည်ဟု ဒီမနက် မဲသွားထည့်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts