spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းတက္ကသိုလ်စာမေးပွဲ စောစစ်သည့်သတင်းကြောင့် ကျောင်းသား/သူများ ပြာယာခတ်

    တက္ကသိုလ်စာမေးပွဲ စောစစ်သည့်သတင်းကြောင့် ကျောင်းသား/သူများ ပြာယာခတ်

    -

    ရန်ကုန်တက္ကသိုလ်

    မင်းအာသံ – စက်တင်ဘာလ ၁၇ ရက်နေ့တွင် တနိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းသား/သူများအတွက် ဒုတိယနှစ်ဝက်စာမေးပွဲကို ကျင်းပခြင်းကြောင်း ဆရာအပါအဝင် ကျောင်းသား/သူများ ကျောင်းစာအတွက် ပြာယာခတ်နေကြသည်။

    ပါချူပ်မှတဆင့် (၁၇-၉-၂၀၁၀) ရက်စွဲဖြင့် စာမေးပွဲဖြေဆိုမည့်ရက် အချိန်ဇယား ထုတ်ပြန်ထားပြီး ဆရာ ဆရာမတို့ကလည်း သင်ကြားရမည့် သင်ခန်းစာအဆုံးသတ်ရန် အချိန်ပြည့် သင်ကြားနေပြီး၊ ကျောင်းသား/သူများလည်း ကျူရှင်နှင့် ကျောင်း ပြေးနေရသည့် အနေအထားရောက်နေကြောင်း ကျောင်းသားတို့က ပြောသည်။

    မော်လမြိုင်တက္ကသိုလ်မှ အင်္ဂလိပ်မေဂျာ တက္ကသိုလ်ကျောင်းသူတစ်ဦးက “ကျောင်းက ဆရာတွေ အခုလို စာမေးပွဲစောစောစီးစီး ဖြေခိုင်းတော့ ကျမတို့ ဖြေရတယ်ပေါ့၊ ဘာကြောင့် အခုလိုမျိုး လုပ်တာလဲတော့ ကျမတို့လည်းမသိဘူး၊ အခက်အခဲတော့ဖြစ်တာပေါ့ ဆရာတွေလည်း စာဖိသင် ကျူရှင်လည်းရှိသေး” ဟု  ပြောသည်။

    စာမေးပွဲရက် နီးကပ်လာသဖြင့် ကျောင်းသား/သူများကလည်း စာမရဘဲ ဖြေဆိုရတော့မည်ဟု နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးက ပြောသည်။

    “စာတမ်းပြုစုဖို့ အတွက်ရော ကျောင်းစာပါ မပြီးသေးလို့ အခုထိ ဆက်သင်နေတယ်၊ ကျောင်းမှာ ဆရာတွေ ထွေထွေထူးထူးမပြောပါဘူး၊ ဒါပေမဲ့ စက်တင်ဘာ ပထမအပတ်လောက်မှာ အပြီးသင်သွားမယ် ထင်တယ်၊ စာမေးပွဲမရောက်မချင်း ကျောင်းသား/သူတွေ ကျောင်းမတက်လည်း စာက သင်နေမှာပဲ” ဟု နောက်ဆုံးနှစ် ကျောင်းသူက ပြောသည်။

    ယခုလို ဒေးကျောင်းသား/သူများ စာမေးပွဲရက် စောဖြေရသော်လည်း အခြားသော ကွန်ပျူတာတက္ကသိုလ်မှ စာမေးပွဲကို ပုံမှန်အတိုင်းသာ ဖြေဆိုကြောင်း ယမန်နှစ်က ဘွဲ့ရထားသူ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။

    “ကွန်ပျူတာကျောင်းတော့ ပုံမှန်အတိုင်းပါပဲ၊ စက်တင်ဘာလ ၃ ရက်နေ့မှာ ဖြေမယ်၊ ခါတိုင်းဆို ဒေးကျောင်းတွေက စက်တင်ဘာ နောက်ဆုံးပတ်လောက်မှ စဖြေတာလေ အခုတော့ ကွန်ပျူတာကျောင်းဖြေပြီးတာနဲ့ ဆက်တိုင်ဖြေသွားမယ်” ဟု အဆိုပါ ကျောင်းသားက ပြောသည်။

    ယခုကဲ့သို့ တက္ကသိုလ်ကျောင်းမှ စောစောစီးစီး စာမေးပွဲဖြေဆိုရခြင်းအပေါ် ရွေးကောက်ပွဲ ကျင်းပသည့်ကာလ၌ လူထုအုံကြွမှုများ ဖြစ်ပေါ်လာနိုင်၍ နအဖစစ်အစိုးရက ကြိုတင်တားဆီးသည့်အနေဖြင့် ရွေးကောက်ပွဲရက်မတိုင်မီ တက္ကသိုလ် စာမေးပွဲများကို စောလုပ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ခေတ်ပြိုင်သတင်းဌာနမှာ ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts