Homeသတင်းလွတ်မြောက်လာသော ရွာသားများစစ်တပ်မှ လမ်းပြအဖြစ်ခေါ်ယူထားဆဲ

လွတ်မြောက်လာသော ရွာသားများစစ်တပ်မှ လမ်းပြအဖြစ်ခေါ်ယူထားဆဲ

-

ကွန်းဟဒေ့

နိုင်ချမ်းဒိန်းဦးဆောင်သော မွန်ခွဲထွက်ရေးအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ထားသော တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျောက်ကဒင် ရွာသား ၇ ဦး ပြန်လွတ်လာသော်လည်း အဆိုပါ ရွာသားများကို စစ်အစိုးရတပ်မှ ခေါ်ယူထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၄င်းတို့ လွတ်မြောက်လာသည့်နေ့မှာ လော့သိုင်းရွာအနီးတွင် စခန်းချနေသာ ခမရ ၂၈၂ တပ်ရင်းမှ ဗျူဟာမှူး ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် သူတို့တပ်ရင်းမှာ ခေါ်ယူထိန်းချုပ်ထားကာ တချို့ကို လမ်းပြအဖြစ်အသုံးပြုနေသည်။

“လွတ်လာတဲ့ ၇ ယောက်ကို ရေဖြူဘက် ခေါ်သွားပြီးတော့ အခုဆို ၂ ယောက်ကို ရွာကနေ ဘယ်မှမပေးသွားခိုင်းဘူး၊ နောက် ၂ ယောက် ကို နိုင်ချမ်းဒိန်းတို့ လှုပ်ရှားတဲ့နေရာကို သွားဖို့ လမ်းပြအဖြစ်နဲ့ ယခုအထိ ခေါ်ထားတုန်းပဲ၊ ကျန်တဲ့ ၃ ယောက်ကိုတော့ သူတို့စခန်းမှာ ထိန်းထားတယ်” ဟု အခြားရွာသားတစ်ဦးက ပြောသည်။
နိုင်ချမ်းဒိန်းခေါင်းဆောင်သော မွန်ခွဲထွက်ရေးအဖွဲ့မှ ကျောက်ကဒင်ရွာသား ၇ ဦးကို ခေါ်ဆောင်သွာပြီး နောက်ပိုင်း ကျောက်ကဒင်ရွာတွင်း တရပ်ကွက်လျှင် လူ ၅ ဦး၊ ရပ်ကွက်တိုင်း ညပိုင်းကင်းစောင့်ပေးနေရသည်ဟု ၄င်းက ပြောသည်။

“ကိုယ့်ရပ်ကွက်နဲ့ကိုယ် ကင်းစောင့်ရတယ်၊ ဘာလက်နက်မှတော့ ပေးမထားဘူး၊ အခြေအနေထူးခြားရင်တော့ အကြောင်းပြန်ဖို့ ခေါက်တုံးတစ်ခုပဲ ပေးထားတယ်၊ မလုပ်မနေရ ခိုင်းလို့သာ လုပ်ပေးရတယ်၊ ဟိုအဖွဲ့က ရန်လုပ်မှာကို ကြောက်နေတယ်” ဟု ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်ကဒင်ကျေးရွာအနားတဝိုက်ရှိ လော့သိုင်းကျေးရွာ၊ ကျောက်တလင်းကျေးရွာ၊ ရာဖူးကျေးရွာမှ ဒေသခံများ တောတွင်း ညအိမ်ခွင့်ကို စစ်အစိုးရတပ်မှ ယနေ့အထိ ပိတ်ပင်ထားဆဲဖြစ်သည်။

လွန်ခဲ့သည့် မေလ ၅ ရက်နေ့က ကျောက်ကဒင်ကျေးရွာ ရွာသား ၇ ဦးကို နိုင်ချမ်းဒိန်းအဖွဲ့တို့မှ ငွေတောင်းခံရန် ခေါ်ဆောင်သွားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts