Homeသတင်းဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှ ဖောက်ခွဲသူထံ ပြန်မှန်

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှ ဖောက်ခွဲသူထံ ပြန်မှန်

-

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့

လွယ်ထော

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပြင်ဂိတ်မှာ ဧပြီလ ၉ ရက်နေ့ ည ၉ နာရီအချိန်မှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားပြီး ဖောက်ခွဲသူနှစ်ဦးထံ ပြန်မှန်ကာ အာဏာပိုင်တို့မှ ဖမ်းဆီးမိခဲ့သည်။

မြို့ပြင်ရှိ မြန်မာအာဏာပိုင် စစ်ဆေးရေးဂိတ်ရှေ့တွင် ဗုံးသယ်ဆောင်လာသူနှစ်ဦးဖြစ်သူ အောင်အောင်နှင့် မောင်ဖြူဆိုသူတို့က ဖောက်ခွဲရန်ကြိုးစားရာ၌ သူတို့ကို ပြန်မှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိသည်။

အာဏာပိုင်တို့မှ ထိုသူနှစ်ဦးကို ဆေးရုံတွင် ဆေးကုသခံယူပြီး ခဏအကြာမှာ ဘုရားသုံးဆူအခြေစိုက် ခလရ ၂၈၄ သို့ စစ်ဆေးရန်အတွက် ခေါ်ဆောင်သွားခဲ့သည်။

မောင်ဖြူမှာ ဘယ်လက်တဖက်ပျက်သွားပြီး ပေါင်မှာလည်း ဒဏ်ရာရရှိခဲ့သည်။ ထိုနည်းတူစွာ အောင်အောင်လည်း ပေါင်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

“သူတို့နှစ်ဦးက ဆိုင်ကယ်နဲ့ ဂိတ်ရှေ့ရောက်တော့ အဲဒီဗုံးကို လှမ်းပစ်ဖို့ လမ်းဆင်းလျှောက်တော့ လက်ထဲမှာ ပေါက်ကွဲမှုဖြစ်ပွားတာ ပြီးတော့ ဂိတ်ကတာဝန်ခံတွေက ချက်ချင်း သူတို့ကို ဖမ်းဆီးလိုက်တယ်” ဟု မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက ပြောသည်။

“သူတို့နှစ်ဦးကိုတော့ ချက်ချင်းဆေးရုံ တင်လိုက်ရတယ်၊ ပြီးတော့ သုံးဆူမှာ တပ်ချထားတဲ့ ခြေလျင်တပ်ရင်း တပ်မ (၂၈၄) ကို စစ်ဆေးဖို့အတွက် ခေါ်သွားတယ်”ဟု ထိုအရာရှိက ပြောသည်။

မောင်ဖြူနှင့် အောင်အောင်တို့သည် ဟောင်သရော်အဖွဲ့ဝင်ဟောင်းဖြစ်ကြပြီး၊ အောင်အောင်သည် ထိုကရင်တပ်ဖွဲ့ထဲသို့ မဝင်မီ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ရဲတာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

သို့သော် ထိုဖေါက်ကွဲရေးသမားနှစ်ဦးသည် KPF အဖွဲ့မှ အနားယူလိုက်ပြီးဖြစ်သည်။ ထိုပေါက်ကွဲမှု ဖြစ်ပွားသည့်အကြောင်းနှင့်ပတ်သက်ပြီး KPF အဖွဲ့အနေနှင့် သူတို့နှင့်မသက်ဆိုင်ကြောင်း KPF နှင့် နီးစပ်သောအသိုင်းအဝိုင်း သိရသည်။



ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts