spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းနိုင်ငံရေးပါတီမှတ်ပုံတင်ရေး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ပြန်လည်သုံးသပ်မည်

    နိုင်ငံရေးပါတီမှတ်ပုံတင်ရေး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ပြန်လည်သုံးသပ်မည်

    -

    မင်းသုတ၊ နိုင်မာန်( နိုဝင်ဘာ-၇-၂၀၁၁ )- သမ္မတဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရသစ်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်/မတင်သည့် ကိစ္စအားမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF က ပါတီတွင်း မကြာမီဆွေးနွေး သွားကြမည်ဟု ဒုဥက္ကဌနိုင်ငွေသိမ်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ယနေ့ ပြောကြားသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒုဥက္ကဌ -နိုင်ငွေသိမ်း ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒုဥက္ကဌ -နိုင်ငွေသိမ်း ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    မနက်ဖြန်အင်္ဂါနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်း နိုင်ငံရေးပါတီ မှတ်ပုံတင်ရေးကိစ္စ ဆွေးနွေးမည်ဟု သိရပြီး ၄င်းမှ ထွက်ပေါ်လာသော ရလာဒ်အပေါ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ပြန်လည်သုံးသပ်ကြမည်ဟု သိရသည်။

    “တမြန်မနေ့ကပဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းလိုက်တယ်၊ NLD နဲ့ တခြားတိုင်းရင်းသားမဟာမိတ်ပါတီတွေရဲ့ သဘောထားကို ကြည့်ရမယ်၊ ကိုယ့်ပါတီတစ်ဖွဲ့တည်း ချက်ချင်း လက်ငင်းဆုံးဖြတ်ဖို့ အချိန်စောပါသေးတယ်” ဟု သူက ပြောသည်။

    ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၁ ခုနှစ် နို၀င်ဘာ ၄ ရက်နေ့ရက်စွဲဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) ကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး” အပြင် အချို့စာပိုဒ်များကိုလည်း ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

    “ကျနော်တို့မူက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး၊ NLD လည်း နဂိုလ်က ဒီသဘောထား အတူတူပဲ၊ အခုအခါမှာ NLD က ဘယ်လိုစဉ်းစားမယ်၊ တိုင်းရင်းသားပါတီတွေနဲ့လည်း ထပ်ဆွေးနွေးရမယ်၊ တရားဝင်ပါတီအဖွဲ့အစည်းဖြစ်မှလည်းပဲ အစိုးရရဲ့   မူဘောင်အတွင်းက ဆက်လှုပ်ရှားလို့ ရမယ်၊ ဒါကြောင့် သုံးသပ်စရာတွေ အများကြီး ရှိနေသေးတယ်” နိုင်ငွေသိမ်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ(၂၉) ရက်နေ့တွင် မော်လမြိုင်မြို၌ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးတရပ် ကျင်းပခဲ့ရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အစိုးရက ပြင်ဆင်ခဲ့လျှင် ပြန်လည်သုံးသပ်မည်ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။

    “မွန်ဒီမိုကလည်း တရားဝင်ပါတီ ဖြစ်လာရင် မွန်ပါတီ ၂ ပါတီဖြစ်လာမယ်၊ ရွေးကောက်ပွဲတွေမှာ ဘယ်ဖက်ကို မဲပေးရမလဲဆိုတာ ဇဝေဇဝါ ဖြစ်သွားနိုင်တယ်” ဟု မွန်လူငယ်ခေါင်းဆောင် မင်းစိုက်ရွတ်က ပြောသည်။

    လက်ရှိတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ AMDP ပါတီတစ်ခုတည်းသာ မွန်အမျိုးသားကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ၁၉၈၈ ခု၊ အောက်တိုဘာလ ၁၁ နေ့တွင် စတင်ဖွဲ့စည်းခဲ့၍ ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ အနိုင်ရရှိခဲ့သည်။

    ထို့နောက် ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက် (မွန်ပြည်နယ်နေ့) တွင် တရားဝင်ပါတီ တည်ရှိခွင့်မှ ရုတ်သိမ်းခံခဲ့ရပြီး ထိပ်ပိုင်းခေါင်းဆောင်များ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. NLD ဘာလဲဘယ်လဲ မေးခွန်းထုတ်ဖို့ကြိုးစားနေချိန်မှာ အခုမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကလည်း ပါတီမှတ်ပုံတင်ရေးကိစ္စကို ပြန်သုံးသပ်ဖို့ကြိုးစားနေတော့ မွန်တစ်ဦးအနေနဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဘာလဲဘယ်လဲနဲပဲမေးခွန်းထုတ်ရမှာပါ၊ “ဆက်တိုက်မလား၊ နောက်လိုက်မလားဆိုတာ” ကိုယ်ပိုင်မူတွေပျောက်ကုန်ပြီလား၊ ဝါရင့်တယ်ဆိုတာကော၊ ဒုတိယပင်လုံကော၊ အစကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘူးဆိုတာကော၊ ဒါတွေကိုမေ့ကုန်ပြီးလား၊ မလုပ်နိုင်၊ မထိန်းနိုင်ရင် အစကတည်းကမပြောစေချင်၊ ပါတီမှတ်ပုံတင်ရေးဥပဒေ စကားလုံး သုံးလေးလုံးပြောင်းလဲရုံနဲ့ ပါလီမန်တိုက်ပွဲဆင်နွှဲဖို့ လုံလောက်ပြီလား၊ ဒါအဓိကထွက်ပေါက်လို့မြင်ပါသလား၊ တခြားအရေးကြီးစရာ အချက်အလက်တွေ မရှိ၊မမြင်တော့ဘူးလား၊ ဒု-ဥက္ကဌနိုင်ငွေသိမ်း(IMMA) ထဲကပြောတဲ့စကားနဲ့ အတွင်းရေးမှူးမင်းစိုးလင်း (Kaowao)ထဲကပြောတဲ့စကားက လည်း ရှေ့နောက်နည်းနည်းဆန့်ကျင်ဘက်ဖြစ်နေသလိုခံစားရတယ်၊ လိုအပ်ရင် ပါတီမှတ်ပုံရေးကိစ္စကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်အနေနဲ့မဆုံးဖြတ်သေးခင်၊ မွန်ပြည်သူတွေရဲ့ထင်မြင်ယူဆချက်တွေကိုလည်း မေးမြန်းစေချင်တယ်။ အပို-အလိုတွေလည်းသတိထားရင်း

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts