Homeသတင်းဘုရားသုံးဆူတွင် ပညာရေး ထောက်ပံ့ကြေး တောင်းခံ

ဘုရားသုံးဆူတွင် ပညာရေး ထောက်ပံ့ကြေး တောင်းခံ

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် စီးပွားရေး လုပ်ငန်းရှင်များထံ ပညာရေး ထောက်ပံ့ကြေး တောင်းခံနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ဓာတ်ပုံ - Eleven Media Group
ဓာတ်ပုံ - Eleven Media Group

မေလ ၂၃ ရက်နေ့တွင် မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးမျိုးကြည်က မြို့ပေါ်ရှိ ရွှေဆိုင်ပိုင်ရှင်၊ လက်ဖက်ရည်ဆိုင်ရှင်၊ ကုမ္ပဏီပိုင်ရှင်နှင့် အခြားစီးပွားရေး လုပ်ငန်းရှင် စုစုပေါင်း ၂၀၀ ကျော်ကို အစည်းအဝေး ခေါ်ယူပြီး ၂၀၁၁-၁၂ ပညာသင်နှစ်အတွက် ပညာရေး ထောက်ပံ့ကြေး တောင်း ခံခြင်း ဖြစ်သည်။

“ရွှေဆိုင်၊ လက်ဖက်ရည်ဆိုင်လို ဝင်ငွေနည်းတဲ့ လုပ်ငန်းဆို ထိုင်းဘတ် ၅၀၀၀ ပေးရမယ်လို့ ပြောတယ်၊ ကုမ္ပဏီတွေလို တခြား လုပ်ငန်းကြီးတွေကို ဘတ် ၆၀၀၀၊ ၇၀၀၀ ကနေ တသောင်းကျော်ထိ တောင်းတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်နှင့် နီးစပ်သည့် မြို့ခံတဦးက ပြောသည်။

ယခုကဲ့သို့ သုံးဆူမြို့တွင် ပညာရေး ထောက်ပံ့ကြေး တောင်းခံခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များက တောင်းသည့် ပမာဏအတိုင်း ပေးကြလိမ့် မဟုတ်ကြောင်း ပြောသည်။

“စေတနာဆိုရင်တော့ ထည့်ဖို့ ကျနော်တို့ ဆန္ဒ ရှိပြီးသားပဲ၊ ခုဟာက အကန့်အသတ်နဲ့ ဆိုတော့ ဘယ်သူက စေတနာ မရှိဘူး” ဟု  လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက ပြောသည်။

“အားလုံး မပေးကြဘူးလို့ ငြင်းကြတယ်၊ ဦးမျိုးကြည်က မပေးရင် အရေးယူမယ်လို့ ခြိမ်းခြောက်ထားတယ်၊ ဘယ်လိုအရေးယူမလဲတော့ မသိဘူး” ဟု သူက ဆက်ပြောသည်။

မေလ ၁၉ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများကို တွေ့ဆုံရာတွင်၂၀၁၁ ခုနှစ် ကျောင်းဖွင့်ချိန်၌ အခြေခံပညာမူလတန်း အဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်များ အခမဲ့ဖြန့်ဝေရန် ပြောကြားခဲ့သည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြခဲ့သည်။

“မူလတန်း အခမဲ့ ပညာသင်ကြားရေးလို့သာ ပြောတယ်၊ ဒီနှစ် ကျောင်းအပ်ခကတော့ မနှစ်ကထက်တောင် ပိုကုန်ကျတယ်” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

မူလတန်းအဆင့်၌ သူငယ်တန်း ကျောင်းသားတဦးလျှင် ကျောင်းအပ်ခ၊ စာအုပ်ခ ထိုင်းငွေ ၂၇၅ ဘတ်နှင့် စာရေးခ ဘတ် ၂၀ ပေးရပြီး စတုတ္ထတန်း ကျောင်းသားတဦးလျှင် ကျောင်းအပ်ခ၊ စာအုပ်ခ ၆၇၀ ဘတ်နှင့် စာရေးခ ဘတ် ၂၀ ထိ ပေးဆောင်ရကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

ဆက်စပ်သတင်း

2 COMMENTS

  1. ဟုတ်တယ်အဲဒါအမှန်ပဲ.ဥက္ကဌကတရား၀င်စာဖြန့်တောင်းတာ..မလာတဲ့လူကိုအိမ်လိုက်တောင်းခိုင်းတယ်..
    သုံးဆူဒေသဖွံ့ဖြိုးရေးအသင်း ဆိုပြီးမယားငယ်အယူပြိုင်တဲ့အသင်းကပိုက်ဆံကောက်တာကလွဲလို့
    ဘယ်လူမှှု့ေ၇းမှလှူတာမဟုတ်ဘူး..အားအားရှိအလှူကောက်နေတာပဲ.

  2. ဦးမျိုးကြည်ဆိုတဲ ့လူဟာစာဖတ်လို ့မတတ်ဘူးလားမသိဘူး..ကျောင်းရှေ ့မှာဆိုင်းဘုတ်ထောင်ထားတာ..ကလေး တွေကိုဖတ်ခိုင်းလိုက်..ပြီးရင်.ကိုယ်ဘာကောင်ဖြစ်သွားလည်းဆိုတာစဉ်းစား..

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts