Homeသတင်း၂၀၁၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မွန်ပြည်နယ်အောင်ချက်အကောင်းဆုံးဖြစ်

၂၀၁၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မွန်ပြည်နယ်အောင်ချက်အကောင်းဆုံးဖြစ်

-

ဇွန်လ ၁၁ ရက်နေ့တွင် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း(၁၀ တန်း) အောင်စာရင်းထုတ်ပြန်ကြေညာခဲ့ရာ မွန်ပြည်နယ်ကျောင်းသား/သူ ၁၉၆၈၁ ဦးအနက် ၇၇၄၉ ဦး ၃၉.၃၇% အောင်မြင်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အောင်ချက်အကောင်းဆုံး ဖြစ်သည်။

13434750_461477537310101_6081475765467912478_n

မွန်ပြည်နယ်အတွင်း ၆ ဘာသာဂုဏ်ထူး ၁၂ ဦး၊ ၅ ဘာသာဂုဏ်ထူး ၄၈ ဦး၊ ၄ ဘာသာဂုဏ်ထူး ၁၇၀ ဦး၊ ၃ ဘာသာဂုဏ်ထူး ၂၁ရ ဦး၊ ၂ ဘာသာဂုဏ်ထူး ၃၄၄ ဦးနှင့် ၁ ဘာသာဂုဏ်ထူး ၁၈၂ရ ဦးရရှိပြီး ပြည်နယ်အောင်ချက်အကောင်းဆုံး မုဒုံမြို့နယ် ၅၄.၇၈% ပထမ၊ သံဖြူဇရပ်မြို့နယ် ၅၃.၇၂% ဒုတိယ ၊ မ်ေလမြိုင်မြို့နယ် ၄၄.၄၈% နှင့် အောင်ချက်အနိမ့်ဆုံး ၃၀.၇၉% ကျိုက်ထိုမြို့နယ် ဖြစ်သည်။

အလားတူ မွန်အမျိုးသားပညာရေးဌာလက်အောက်ခံ အထက်တန်းကျောင်း ၃ ကျောင်းတွင် မြန်မာအစိုးရ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ ၉၂ ဦးအနက် ၁၁ ဦး ၁၁.၈၃% သာ အောင်မြင်ခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံးအောင်ချက်တွင် မန္တလေးတိုင်း ၃၅.၅၀% ဒုတိယ၊ စစ်ကိုင်းတိုင်း ၃၃.၀၇% တတိယဖြစ်ပြီး အောင်ချက်အနည်းဆုံး ချင်းပြည်နယ် ၁၄.၃၆% ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး စာဖြေသူ ၆ သိန်း ၃ သောင်းကျော်အနက် ၁ သိန်း ၉ သောင်းကျော် အောင်ချက် ၂၉.၉၂% ဖြစ်ကြောင်း အောင်စာရင်းပါအချက်အလက်အရ သိရသည်။

ယမန်နှစ် ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မွန်ပြည်နယ်သည် ခြောက်နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံးအဖြစ် ရပ်တည်ခဲ့ရာမှ ဒုတိယအဆင့်အောင်ချက်အကောင်းဆုံးသို့ လျောကျခဲ့သည်။

ယမန်နှစ်တွင် တစ်နိုင်ငံလုံး၏ အောင်ချက်အကောင်းဆုံးအရ ဧရာဝတီတိုင်း ၅၁ ဒသမ ၇၈ ရာနှုန်းဖြင့် ပထမ၊ မွန်ပြည်နယ် ၄၃ ဒသမ ၄၀ ရာနှုန်းဖြင့် ဒုတိယ၊ မကွေးတိုင်း ၄၀ ဒသမ ၈၆ ရာနှုန်းဖြင့် တတိယ၊ ရန်ကုန်တိုင်း ၃ရ ဒသမ ၁၆ ရာနှုန်းဖြင့် စတုတ္ထ အသီးသီး ရရှိကြသည်။

၂၀၁၆ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲအောင်စာရင်းအရ ကျရှုံးသူ ၄ သိန်းခွဲနီးပါးခန့်(၄၄၅,၈၄၉) ၂၉.၉၂% သာအောင်မြင်သဖြင့် ရှိသဖြင် ရ နှစ်ကာလအတွင်း ၂၀၁၆ ခုနှစ်တွင် အောင်ချက်အနည်းဆုံး နှစ်တစ်နှစ်ဖြစ်နေသည်ကို တွေ့ရှိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများ နှစ်အလိုက်ဖြေဆိုခဲ့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အောင်ချက်များအရ၂၀၁၅ ခုနှစ် ၃၇.၆၀%၊၂၀၁၄ ခုနှစ် ၃၁.၆၇%၊၂၀၁၃ ခုနှစ် ၃၄.၈၉%၊ ၂၀၁၂ ခုနှစ် ၃၄.၃၇%၊၂၀၁၁ ခုနှစ် ၃၅.၁၂%၊၂၀၁၀ ခုနှစ် ၃၄.၉၂% အသီးသီးရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts