(၁) ဘာကြောင့် ပြည်တွင်းစစ်က သက်စိုးရှည်နေခဲ့လဲ လူမျိုးပေါင်းစုံက လက်နက်ကိုင်ကြတယ်ဆိုကတည်းက (မြန်မာ)နိုင်ငံမှာ တရားမျှတမှု မရှိဘူးဆိုတာ သက်သေပဲ။ တရားမျှတမှု မရှိတာ ဘာကြောင့်လဲ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ပြည်နယ်တစ်ခုနဲ့တစ်ခု၊ ပြည်နယ်တွေနဲ့ ပြည်မကြား အင်အားချိန်ခွင်လျှာ မမျှလို့ပဲ။ အင်အားချိန်ခွင်လျှာမျှဖို့နဲ့ ပြည်ထောင်စုအနာကို ကုစားဖို့ Centralized, Decentralized, Unitary, Federal, Confederation, Independent ဆိုတဲ့ နိုင်ငံရေးဝေါဟာရ (၆)လုံးကို သိဖို့လိုတယ်။ Centralized ဆိုတာ ဗဟိုချုပ်ကိုင်မှု တင်းကြပ်တဲ့ စနစ်၊ Decentralized ဆိုတာ ဗဟိုချုပ်ကိုင်မှု လျှော့လျဲတဲ့စနစ်ပါ။ ဒီနှစ်ခုဟာ Unitary တပြည်ထောင်စနစ်ကို အထောက်အကူပြုတယ်။ ဗဟိုချုပ်ကိုင်မှုတင်းကြပ်လွန်းလို့ အုပ်ချုပ်ရေးက အလုပ်မဖြစ်တဲ့အခါ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပေးပြီး …
Read More »အပစ်ရပ်အဖွဲ့တို့၏ ဘုံသဘောထား ရပ်တည်ချက် ရှာပုံတော်
တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၀၂/၂၀၁၈) ကို ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်ထိထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် သဘာပတိဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပြောခဲ့သည့် မိန့်ခွန်းအပိုဒ်တိုလေးကို သတိပြုမိခဲ့သည်။ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “အခုအချိန်မှာ ကျနော်တို့ ၁၀ ဖွဲ့ကြားမှာ ဘုံသဘောထားရပ်တည်ချက်တွေ ချမှတ်ဖို့ မဖြစ်မနေ လိုအပ်နေပြီး ဖြစ်ပါတယ်” ဟု ဆိုသည်။ လတ်တလော တစ်ဆို့နေသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တပ်မတော်ကိုယ်စားလှယ်မှ တင်သွင်းထားသော “ပြည်ထောင်စုမှခွဲမထွက်ရေး” ကိစ္စပင်ဖြစ်သည်။ …
Read More »အထိန်းအကွပ်မဲ့ ရေးနယ်က လျှပ်စစ်ဖြန့်ဖြူးရေး
မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသ၊ လမိုင်းမြို့နှင့် အနီးတဝိုက်ကျေးရွာများတွင် လွန်ခဲ့သည့် လပိုင်း အတွင်းက လျှပ်စစ်ဓါတ်အား စတင်ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသော Southern Myanmar Development-SMD ကုမ္ပဏီအနေဖြင့် ဒေသခံ လျှပ်စစ်ညှိနှိုင်းရေးကော်မတီများနှင့် ဆွေးနွေးညှိနှိုင်းမှုမပြုဘဲ ကြီးမားသော လျှပ်စစ် မီတာခ နှုန်းထားများသတ်မှတ် ကောက်ခံနေသည်ကို ပြည်နယ်အစိုးရမှ မသိချင်ယောင် ဆောင်ပေး နေသလော။ SMD ကုမ္ပဏီအနေဖြင့် လျှပ်စစ်မီတာနှုန်းထားခ တစ်ယူနစ် ၄၂၅ ကျပ် သတ်မှတ်၍ လျှပ်စစ်မီးသုံးစွဲသူ တစ်ဦး ချင်းစီနှင့် ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သည့် သဘောတူညီမှုစာချုပ် အချက်အလက်များတွင်မပါရှိသော တစ်လ ဝန်ဆောင်ခ ၅၀၀ ကျပ်အပြင် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသော လမ်းမီးခ ၄၂၅၀ ကျပ်ကိုပါ …
Read More »ဒေသခံအတွက်ဝန်ပိစေသော ဘက်စုံဖွံ့ဖြိုးရေးကို အလိုမရှိ
. ဘက်စုံဖွံ့ဖြိုးရေး ယခင်မြန်မာ့လမ်းစဉ်ဆိုရှယ်လစ်ပါတီ-မဆလအစိုးရလက်ထက်မှာ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံများကို ဒေသခံများမှစက်လှေကြီးများဖြင့် တိုက်ရိုက်ကုန်သွယ်ခဲ့သည့် မှောင်ခိုဒေသအဖြစ် နာမည်ကြီးခဲ့သော မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းတခွင် လမိုင်း(မြို့)၊ မော့ကနင်၊နှစ်ကရင်၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ပုံကျေးရွာတို့တွင် Southern Myanmar Development Co.,Ltd.(SMD) လျှပ်စစ်ဓါတ်အားဖြန့်ဖြူး ထုတ်လုပ်ရေးကုမ္ပဏီက ၂၄ နာရီအချိန်ပြည့် လျှပ်စစ်မီးဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးတော့မည် ဖြစ်သည်။ ၂၀၁၇ ခုနှစ် မေလ ၁၂ ရက်နေ့က ရေးမြို့ရွှေဆံတော်ဓမ္မာရုံ၌ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ပူပူနွေးနွေး မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသူ ဒေါက်တာအေးဇံမှ ရေးမြို့နယ်တစ်ခုလုံး ၁၈ လအတွင်း လျှပ်စစ်မီးလင်းစေရမည်ဟု ကတိပေးခဲ့သည်ကို ဒေသခံပြည်သူများ ဝမ်းသာပီတီဖြစ်ရပါသည်။ မွန်ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ ပထမဦးစားပေးလုပ်ငန်းအဖြစ် အမေရိကန်ဒေါ်လာ(၂၆,၄၅၇)သန်း …
Read More »မိုးစက်ကြားက လေညင်းကြွေသံ
မိုးစက်တွေကြား အမှတ်တမဲ့တိုက်ခတ်သွားတဲ့ လေညင်းရဲ့ကာရန်ကို ကျွန်တော် လိုက်ရှာနေမိတယ်။ စည်းချက်ညီညီ လည်ပတ်နေတဲ့ နာရီလက်တံများလား။ အလင်းတစ်စလို မြန်နှုန်းမြင့်ထိုးဖောက်နေတဲ့ ကစင့်ကလျားသီအိုရီများလား။ ဒါမှမဟုတ် နိမိတ်ပုံထပ်နေတဲ့ မိုးသက်မုန်တိုင်းများလား။ တစ်ခုမှဟုတ်မယ်မထင်။ ဒါဆို ငြိမ်သက်နေတဲ့ ကန်ရေပြင်ပေါ် ဖြတ်တိုက်သွားတဲ့ လေညင်းတွေပေ့ါ။ ဖြည်းဖြည်းလေး နဲ့ ငြိမ့်ငြိမ့်လေး ကြက်ခွပ်သွားတဲ့ တံလျှပ်တွေပေါ့။ ဟုတ်ပါတယ်။ နူးညံ့ပျော့ပြောင်း ညီညာတဲ့တေးသွားနဲ့ လေညင်းကြွေသံတွေ။ မိုးစက်မိုးငွေ့ကြားက “လေညင်းကြွေသံ” တွေ ကျွန်တော် ဖမ်းဆုပ်နားထောင်မိခဲ့ပေါ့။ ဒီလိုနဲ့ ကျွန်တော့်စိတ်တွေ လွန်ခဲ့တဲ့သုံးနှစ်ကျော် အချိန်ကာလတစ်ခုဆီသို့ ပျံ့လွင့်သွားတော့တယ်။ ကဗျာဆရာ လင်းခ(မော်လမြိုင်) နဲ့ ကျွန်တော် ဆိုရှယ်မီဒီယာပေါ်မှာ ကနဦး စတင်ကျွမ်းခဲ့ပါတယ်။ အပတ်စဉ်ထုတ်ဝေနေတဲ့ ဂျာနယ်တစ်ခုမှာ ကဗျာတစ်ပုဒ်ဖော်ပြခံရပြီးနောက် စာပေပိုးတွေ …
Read More »၂၀၀၈ ကို NCA ပြင်လို့မရနိုင်ပါ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အရ ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) ချုပ်ဆိုပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို့ရနိုင်၊ မနိုင်ဆိုတာ တင်ပြလိုပါတယ်။
Read More »ပွဲတော်များ
ရှေးနှစ်ပေါင်းများစွာကပင် လူသားတို့ ဘဝအမောများပြေပျောက်ရန်နှင့် စိတ်အဆာဖျော်ဖြေရန်အတွက် ပွဲတော်များကို ဖန်တီးထားကြသည်။ နေ့စဉ်ဖြတ်သန်းနေရသည့် မွန်းကြပ်သော လူနေမှုဘဝတွင် စိတ်ထွက်ပေါက်ရရန် ပွဲတော်များလိုအပ်ပါသည်။ ဓလေ့ရိုးရာနှင့် သက်ဆိုင်သော ပွဲတော်များရှိသကဲ့သို့ လူသားတို့ဖန်တီးထားသော ဒရမ်မာဆန်လွန်းသည့် ရာသီစာပွဲတော်များလည်း (၂၁)ရာစုတွင် ပိုမိုကျယ်ပြန့်လာသည်။
Read More »ကိုယ်စားပြု၏ မပြု၏
အသံတွေကြားနေရတယ်။ တမျိုးသားလုံးကိုယ်စားပြုတဲ့ ပါတီထောင်မယ်တဲ့။ ဒီစာမှာ ပါတီထူထောင်သူတွေကို တိုက်ခိုက်ဘို့ရည်ရွယ်တာမဟုတ်ဘဲ ကိုယ်စားပြုခြင်းသဘောတရားကို ဖွင့်ဆိုပြဘို့ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ တမျိုးသားလုံးခြုံပြီး ကိုယ်စားပြုဘို့ဆိုတာ ရည်ရွယ်ချက်အရ ဖြစ်နိုင်တယ်။ တခြားနိုင်ငံရေးပါတီတွေ တရားဝင်ရှိနေပါလျက်နဲ့ တမျိုးသားလုံးကိုယ်စားပြုတဲ့ ပါတီထောင်မယ်လို့ ပြောတာ ယုတ္တိသဘောအရ မမှန်ဘူး။ မလွတ်မြောက်သေးတဲ့ လူမျိုးစုတရပ်မှာ နိုင်ငံရေးပါတီတွေရှိနိုင်သလို လက်နက်ကိုင်အင်အားစုတွေလည်း ရှိနိုင်တယ်။ အားလုံးမှာသူ့ထောက်ခံမှုနဲ့ သူရှိနိုင်တယ်။ အနည်းအများသာ ကွာပါလိမ့်မယ်။ အားလုံးမှာ သူ့ဦးတည်ချက်-သူ့ရည်ရွယ်အုပ်စုနဲ့သူ ရှိနေကြတယ်။ ပါတီတရပ်ဟာ သူဦးတည်ချက်ရောက်ဘို့ သူ့ရည်ရွယ်အုပ်စုကို စည်းရုံးတယ်။ ဦးစွာလှုပ်ဆော် လှုပ်ရှားမှုလုပ်ရတယ်။ ဝင်လာတဲ့သူတွေကို ပါတီမှာ ခိုင်ခိုင်မာမာဆက်ကျန်နေဘို့ စည်ရုံးရတယ်။ အဲဒီမှာ လမ်းစဉ်လုပ်ငန်းစဉ်တွေသိဘို့ ယုံကြည်ဘို့ ပညာပေးမှု၊ လူထုကြားဝင်ဆန့် အလုပ်လုပ်နိုင်ဘို့ လေ့ကျင့်မှုတွေ ဆက်ပါလာတယ်။ …
Read More »JMC-S နှင့်တစ်ဆို့နေရသည့် NMSP
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ် မရေးထိုးခင်တွင် အစိုးရ၊ တပ်မတော်ထိပ်တန်းအကြီးအကဲများနှင့် မွန်ပြည်သစ်ပါတီခေါင်းဆောင်များကြား ဆွေးနွေးမှုများတွင် အဆင်ပြေသလိုရှိခဲ့သော်လည်း အမှတ်တကယ် လက်မှတ်ရေးထိုးဖြစ်သည့်အခါ မျှော်လင့်မထားသည့် တစ်ဆို့မှုများနှင့် ကြုံတွေ့နေရသည်ဟု မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ပြောသည်။ နိုင်ထောမွန်က “သမ္မတဦးသိန်းစိန်လက်ထက်က သတ်မှတ်ပေးထားတဲ့ ဇီးနှစ်ပင်၊ ဘုရားတောင် တပ်တည်နေရာတွေကို အစိုးရစစ်တပ် မနှစ်ကဝင်သိမ်းထားတာ ပြန်မအပ်သေးဘူး၊ နောက်တစ်ချက် JMC-S နေရာမှာ ကျနော်တို့တပ်ဖွဲ့တွေရှိတဲ့ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာလည်း ပါဝင်ခွင့်မပြုဘူး၊ မွန်ပြည်နယ် JMC-S တစ်ခုပဲ ပါဝင်ခွင့်ပြုတယ်၊ အဲဒီကိစ္စတွေမှာ ကနေ့အထိ တစ်ဆို့နေတုန်းပဲ” ဟု ဆိုသည်။ ယင်းသို့ ကရင်နှင့် တနင်္သာရီ JMC-S တို့တွင်ပါဝင်ခွင့်မရှိသဖြင့် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) …
Read More »မွန်နိုင်ငံရေး မုန်တိုင်း
မွန်နိုင်ငံရေးပါတီပေါင်းစည်းရေးကို ၂၀၁၂ ခုနှစ်မှ ယနေ့အချိန်ထိ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ ကြသော်လည်း မအောင်မြင်ခဲ့ပေ၊ မွန်ပြည်သူများသည် မွန်နိုင်ငံရေးပါတီများ ပြန့်ကျဲနေသည်ကို လုံးဝအလိုမရှိကြပါ။
Read More »
မွန်သတင်းအေဂျင်စီ Mon News Agency