မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

အမြင်နှင့်သုံးသပ်ချက်

မွန်ပြည်သစ်၏ NCA တစ်နှစ်ပြည့်ခရီး

ဗညားအောင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) သည် နိုင်ငံရေးဆွေးနွေးသည့် နည်းလမ်း တစ်ခုသာဖြစ်ပြီး မိမိတို့ မွန်ပြည်သစ်ပါတီ(NMSP)၏ ရည်မှန်းချက်ပန်းတိုင် မဟုတ်ကြောင်း ယမန်နှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် NMSP ဥက္ကဌ နိုင်ထောမွန် ပြောခဲ့သော မိန့်ခွန်းတခုကို အမှတ်ရမိသည်။ သို့နှင့် နေပြည်တော်မှာ NCA လက်မှတ်ရေးထိုးသော အခမ်းအနားပြီးသည့် နောက်တစ်လအတွင်း တပ် တည်ခွင့်ရ နယ်မြေများဖြစ်သည့် မွန်လူမျိုး အများစုနေထိုင်ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ NMSP သထုံခရိုင်ရုံး၊ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ရွာအနီးရှိ NMSP မော်လမြိုင်ခရိုင်ရုံး၊ ရေးချောင်း ဖျား ဒေသအပြင် မွန်လူထုများနေထိုင်ရာ ရန်ကုန်(သို့မဟုတ်) ပဲခူးတိုင်းဒေသကြီးတွင် တစ်နေရာရာ မတ်လအတွင်း …

Read More »

တပ်နေရာချထားရေး အပစ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးသို့

ဗညားအောင် NCA လက်မှတ်ရေးထိုးပြီးသော ကရင်အမျိုးသားအစည်းအရုံး KNU, သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့နှင့် တပ်မတော်အကြား တပ်နေရာချထားရေးအတွက် အကြေအလည်ဆွေးနွေးနိုင်ခြင်းမရှိဘဲ ပြည်နယ်/ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စဲရေး Bilateral အရင်စလိုလက်မှတ်ရေးထိုးခဲ့ခြင်း၏ နောက်ဆက်တွဲရလဒ်များကို ယခုအခါနှစ်ဖက်စလုံးကြုံတွေ့နေရပြီ ဖြစ်သည်။ “KNU နှင့် အစိုးရကြား ပြုလုပ်ခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ ရက်ဆွေးနွေးပွဲတွင် KNU ဘက်မှ နှစ်ဖက်ထိပ်တိုက်ထိတွေ့ရင်ဆိုင်မှုကိုရှောင်ရှားရန်အလို့ငှာ တပ်ပိုင်းဆိုင်ရာဆွေးနွေးမှုများပြုလုပ်နိုင်ရေးနှင့် ပတ်သက်သည့် အဆိုပြုလွှာကိုအစိုးရနှင့် တပ်မတော်အား ပေးအပ်ထားခဲ့ပြီး ထိုကိစ္စကိုဆွေးနွေးရန် သဘောတူခဲ့သော်လည်း ယခုချိန်ထိ နှစ်ဖက်တပ်တွေ့ဆုံနိုင်ခြင်း မရှိသေးပါ” ဟု မကြာခင်ရက်ပိုင်းက KNU မှ ထုတ်ပြန်ခဲ့သည်။ ထို့အတူ မကြာသေးခင်က ထုတ်ပြန်သော RCSS …

Read More »

အသွင်ကူးပြောင်းရေးကာလအတွင်း အစွန်းအဖျား၏ ဗဟိုအချက်အချာကျမှု

မာန်ဏီ မြန်မာစစ်အစိုးရ အသွင်ကူးပြောင်းရေးကာလသည် အခြားအခြားသောစစ်အစိုးရ အသွင်ကူးပြောင်းရေးများကဲ့ သို့ပင် စရိုက်လက္ခဏာအမျိုးမျိုးရော ပြွမ်းလျှက်ရှိသည် စံတော်ဝင်ကုထုံး လေ့လာချက်များအရ စစ်အာဏာရှင် များသည် ပြည်တွင်းဂိုဏ်းဂဏစုဖွဲ့မှုနှင့် ပြင်ပတော်လှန်ရေးများကို အလျှော့ပေးခြင်းမရှိဘဲနှင့် နိုင်ငံရေးတွင် တိုက်ရိုက်ပါဝင် ထိမ်းချုပ်မှုမှ ဆုတ်ပေးတတ်ကြသည်။ သို့သော် သူတို့ဝင်ရောက်စွက်ဖက်ရန် တွန်းအားဖြစ်စေခဲ့ သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြဿနာများကို ပိုင်ပိုင်နိုင်နိုင်ကိုင်ကွယ်နိုင်ပြီးဟု ယုံကြည်မှုရှိပါမှဖြစ်ပြီး ဆက်ခံမည့်အစိုးရသည် သူတို့၏စိတ်ကြိုက်အစီအစဉ်များနှင့် အကျိုးစီးပွားများကို ထိမ်းသိမ်းစောင့်ရှောက် ကာကွယ်ပေးနိုင်ရလိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံ စစ်တပ်နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုတွင် အရပ်သားအစိုးရများ ကြုံတွေ့နေရသော ဗဟိုနှင့် နယ်စပ်အစွန်းအဖျားပြဿနာ၊ လူမျိုးစု ခွဲထွက်ရေးဝါဒအပေါ် မနိုင်မနင်းဖြစ်နေမှုတို့ကို အကြောင်းပြုရန် ၎င်းတို့၏ခံယူထားရှိသည့်သဘောထားက တွန်းအားဖြစ်လာခဲ့သည်။ (၁၉၈၈) ခုနှစ် …

Read More »

ဓာတ်ပုံထဲကအပြုံးများ

မောင်နောင်မွန် အခန်းလေး၏ ပြတင်းပေါက်ကို တွန်းထိုးဖွင့်လိုက်မိသည်။ နေရောင်ခြည်သည် ဝင်ပေါက်ရသွားသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ အခန်းအတွင်း ကမူးရူးတိုး ပြေးဝင်လာသည်။ မှောင်မိုက်နေသော အခန်းလေးသည် ရုတ်ခြည်းလင်းလက်သွားတော့သည်။ အောင့်သက်သက် အနံ့တချို့ လေထုထဲသို့လွှင့်ထွက်သွားသည်။ မှောင်မိုက်နေသော အခန်းလေးထဲတွင် သဘာဝ၏အကူအညီဖြင့် အလင်းရောင်ရနေသည်။ ဤအခန်းလေးဆီ မရောက်သည်မှာ အချိန်ကာလအားဖြင့် အတော်ကြာနေပြီဖြစ်သည်။ အခန်းလေးဆိုသော် အိမ်တစ်အိမ်၏ အလှပြအခန်းတစ်ခန်း။ မိသားစုတစ်စု၊ မျိုးဆက်တစ်ခု၏လက်ဆင့်ကမ်းအမွေများ၊ အောင်မြင်မှုများအား ပြသရာ ပြတိုက်ငယ်လေးတစ်ခုဟု ခေါ်ဆိုလျှင် ပိုမှန်မည်ထင်သည်။ အခန်းနံရံတစ်ခုလုံးကို နို့နှစ်ရောင်ဆေးသားကြီးဖြင့် ခြယ်သထားသည်။ ထိုနံရံတွင် မျိုးရိုးစဉ်ဆက်ပြ ဇယားကြီးတစ်ချပ် ချိတ်ဆွဲထားသည်။ လူဝင်မှုကြီးကြပ်ရေးဌာနအခေါ် “မျိုးဆက်ပြသစ်ပင် (family tree)” ပုံကို တခမ်းတနား ချိတ်ဆွဲထားသည်။ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်၊ …

Read More »

မရေရာသော အနာဂတ်အသိုးများ

မောင်နောင်မွန် မျက်စိနှစ်လုံးဖွင့်ဖွင့်ချင်း လင်းအာရုဏ်ဦးသည်နှင့် ဘာလုပ်ရမှန်းမသိ။ ဘာကိုင်ရမှန်းမသိ။ မြူမှုန်တွေဆိုင်းနေသလို အာရုံထဲတွင် ဝေဝေဝါးဝါး။ အလင်းရောင်က ပြတင်းပေါက်ဆီမှတဆင့် ထိုးကျလာခဲ့တယ်။ စာကလေးတွေ ကူးလူးပျံသန်းနေတာကို ငေးကြည့်နေရင်းက မရေရာတဲ့နေ့ရက်တွေရဲ့ အသက်ရှင်နေထိုင်ရေးအတွက် စိတ်မောလူမော နံနက်ခင်းတွေကို တွေးနေမိတယ်။ နိစ္စဓူဝ နေ့စဉ်ဘဝသည်ပင် မသေချာမရေရာသောအဖြစ်မျိုး ဖြစ်နေတော့တယ်။ မိုးလင်းတာနဲ့ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝဟာ မရေမရာမှုတွေနဲ့ပဲ နိုးထလာခဲ့ရတယ်။ အဝေးကတိုက်လာတဲ့ လေပြေအေးအေးကို ခံစားကြည့်ဖို့ အချိန်မရှိ။ ကျေးငှက်တေးသံကို ခံစားနေဖို့အချိန်မရှိ။ မရေမရာသော အခိုက်အတံ့တွေအတွက် ဘာလုပ်ရမှန်းမသိသော အကြံဉာဏ်တွေကို စဉ်းစားဖို့အချိန်မရှိ။ ဘာမှလုပ်ဖို့အချိန်မရှိသလို ဘာလုပ်မယ်ဆိုတဲ့ အလုပ်တွေလဲမရှိချေ။ မြှားတွေလို အထက်အောက်၊ ဘယ်ညာ ထိုးထားသော လမ်းညွှန်ဆိုင်းဘုတ်တစ်ခုလိုပဲ။ ထွက်ခွါရာပြ ဝိဘတ်တွေကို လှိုင်လှိုင်သုံးထားတဲ့ စိတ်ဓာတ်အားတက်စရာ …

Read More »

လမ်းကြောင်းပိတ်လုနီး မြန်မာ့ငြိမ်းချမ်းရေးခရီး

ရေးသားသူ-ဗညားအောင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ လတ်တလော ကျင်းပပြုလုပ်မည့် အစည်းအဝေးများ တက်ရောက် ပါဝင်မှုအား ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ယာယီဆိုင်းငံ့ထားမည် ဖြစ်ကြောင်း (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးမှ အောက်တိုဘာလ (၂၇) ရက်က ရေးသားပေးပို့ခဲ့သည်။ ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် လက်နက် ကိုင် (၁၀) ဖွဲ့အနက် အင်အား အကြီးမားဆုံး ဖြစ်သော KNU သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီဆိုင်းငံ့ထားပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းမှ တဆင့် ဆွေးနွေး …

Read More »

အလင်းမဲ့ဘဝများ

ရေးသားသူ-ကမ်လူဝေး မှောင်မိုက်သောညသည် တစ်ခါတရံ အတွေးစတို့ကို ရှည်လျားစေသည်။ ကာလကြာပြီဖြစ်သော ကိစ္စတို့သည် တိုက်ဆိုင်သောအခါ အတွေးထဲသို့ အလိုအလျှောက် တိုးဝင် ရောက်ရှိလာတတ်သည်။ မထူးဆန်းလှပါ။ အိမ်ရှေ့ကိုလှမ်းကြည့်လိုက်တော့ မီးမလင်း၍ မှောင်နေသော လမ်းမီးတိုင်ကို တွေ့သည်။ မှောင်ပေမှာပေါ့ မီးပျက်နေတာကိုး။ မီးပြန်လာချိန်မှာတော့လင်းမှာပေါ့။ ဤကဲ့သို့တွေးမိတော့ အတွေးစတို့က ဆက်လာပြန်သည်။ အိမ်ရှေ့က လမ်းမီးတိုင် မီးလင်းဖို့ ကြိုးစားခဲ့ရသော အကြောင်းတွေ။ အိမ်ရှေ့လမ်းမီးတိုင်မှ မီးလုံးမကောင်း၍ မီးမလင်းသည်မှာ အတော်ကြာခဲ့ပြီ။ ဘယ်လောက်တောင်ကြာပြီလဲ ဟုဆိုလျှင် တစ်လလား၊ သုံးလလား၊ တစ်နှစ်လား ဆိုသည်ကိုပင် မသိလောက်အောင် ကြာခဲ့ပြီ ဖြစ်သည်။ မီးလုံး မကောင်း၍ မီးမလင်းကြောင်း လျှပ်စစ်ရုံးသို့သွားရောက် ပြောဖြစ်သည်။ လျှပ်စစ်ရုံးကလည်း မီးလုံးလဲပေးမည်။ သို့သော် …

Read More »

လမ်းဖယ်ခြင်းအနုပညာ

ရေးသားသူ-ကမ်လူဝေး မနက်မိုးလင်းပြီ။ မနက်မိုးလင်း အိပ်ယာထသည်နှင့် ဒီကနေ့ အလုပ်သွားမည်ဟု ဝန်ထမ်းတယောက်ကစဉ်းစားသည်။ ကျောင်းသွားရမည်ဟု ကျောင်းသားတယောက်ကတွေးသည်။ အကယ်စင်စစ် လူတစ်ယောက်အသက်ရှင်နေခြင်းသည် အချိန်ကာလတခုကို ဖြတ်သန်းနေရသော ခရီးတခုကိုသွားနေရခြင်း ဖြစ်ပါသည်။ ခရီးတခုကိုသွားနေသရွေ့ လမ်းများကိုဖြတ်သန်းရမည်ဖြစ်ပါသည်။ ဖြတ်သန်းရမည့် လမ်းများသည် ဖြောင့်ဖြူးနိုင်သလို အခက်အခဲ ပိတ်ဆို့မှုများနှင့်လည်းတွေ့နိုင်မည်ဖြစ်သည်။ ထိုအခက်အခဲ ပိတ်ဆို့မှုများကို မိမိကကျော်လွားရသလို အခြားသူများ၏ လမ်းများကိုလည်း မိမိက ပိတ်ဆို့ထားမိတတ်ပါသည်။ ထိုသို့ ပိတ်ဆို့ထားမိသော အများနှင့်ဆိုင်သောလမ်းများကို ကောင်းစွာ လမ်းဖယ်ပေးတတ်အောင် ကြိုးစားရမည်ဖြစ်သလို မပိတ်ဆို့မိအောင်ဆင်ခြင်ဖို့ ကြိုးစားရမည်ဖြစ်ပါသည်။ သို့သော် ယနေ့ လူ့အဖွဲ့အစည်းတွင် ရှင်သန်နေကြသော လူများစုသည် လူတယောက်၏ အခြေခံ ကျင့်ဝတ်ဖြစ်သော အခြားသူ၏လမ်းကို မပိတ်ဆို့ရဟူသော သဘောတရားကို ကောင်းစွာနားလည်လက်ခံ ကျင့်သုံးကြခြင်းမရှိကြပါ။ …

Read More »

မယ်ရစ်တိုကရေစီ (Meritocracy)

မာန်ဏီ နိုင်ငံရေးသမားတွေဟာ ကမ္ဘာပေါ်မှာ အရင့်အရင်ကရော၊ အခုရော အရင်ကရော၊ အခုရော အညံ့ဆုံး၊ သုံးမရဆုံး လူတန်းစားတရပ်ဖြစ်နေတာကတော့ ရယ်စရာဘဲ။ လူ့ဘဝရဲ့ခြေလှမ်းတိုင်းမှာ ကောင်းမြတ်ခြင်းဆိုတာကို ရှေ့တန်းတင်ထားပေမဲ့ နိုင်ငံရေးမှာတော့ အဲဒီလိုမဟုတ်ဘူး။ နိုင်ငံရေးမှာပဲ ကောင်းမြတ်ခြင်းဆိုတာ တန်ဘိုးမဲ့နေတယ်။ အမှန်တော့ နိုင်ငံရေးသမားဆိုတာ ဒုက္ခသည်ပဲ၊ အံချော်မှုတွေရဲ့ ဒုက္ခသည် ငမိုက်သားပဲ။ လူတစ်ယောက်ဟာ ဘာအရည်းအချင်းမှမရှိပေမယ့်လည်း နိုင်ငံရေးအတွက်တော့ အရည်အချင်းမီနေတယ်။ နိုင်ငံရေးကွင်းပြင်ကို ဝင်ချင်တဲ့သူတွေအတွက် အထူးပြုလေ့လာထားသင့်တဲ့ ဗဟုသုတတွေ၊ သီးသန့်အရည် အသွေးတွေကို နိုင်ငံရေးက မတောင်းဆိုဘူး။ ဒါဟာ အထူးဆန်းတဲ့ အသက်မွေးဝမ်းကျောင်းမှုဘဲ၊ ဆောင်ပုဒ်တွေကို အော်နိုင်ရမယ်။ နောက်လိုက်နောက်ပါအချို့ ရှိရမယ်။ ဒါဆိုရပြီး။ ဖိနပ်ဆိုင်မှာ ဖိနပ်ရောင်းတဲ့အလုပ်ကို မလုပ်နိုင်တဲ့သူဟာ နိုင်ငံရဲ့ ပညာရေးဝန်ကြီး …

Read More »

သီတင်းကျွတ်ညလေးတစ်ည

ရာမညမင်းငြိမ်းချမ်း မိုးကောင်းကင်ယံတစ်ခွင် ဆီမီးပဒေသာ ထွန်းညှိထားသည့်အလား။ အရပ်ရှစ်မျက်နှာခွင်လုံး မီးပုံးပျံကြီးများဖြင့် ထိန်ထိန်ညီ ထွန်းလင်းတောက်ပနေပါသည်။ `ဝါကျွတ်ပွဲတော်´ဟု ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထား တန်ဖိုးထားရာ အဘိဓမ္မာအခါတော်နေ့။ မော်ဒန်ခေတ်တွင် ပြန်လည်ဆန်းသစ်လာသည့် သီတင်းကျွတ်ညလေးတစ်ည။ တိမ်ဇလာယံထက်၌သာမက ရပ်ရွာထဲတွင်လည်း အိမ်တိုင်းလိုလို ဆီမီးများ ပူဇော်ထွန်းညှိထားကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး စိတ်နှလုံးချမ်းမြေ့စရာ ဗုဒ္ဓ၏အဆုံးအမ တရားဒေသနာတော်များ ဖုံးလွှမ်းထားလျက်။၊ ဓမ္မတေးသံများ မြန်မာနိုင်ငံအဝှမ်း လွှမ်းခြုံသော သီတင်းကျွတ်ညလေးတစ်ညပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေ့ရက်ဖြစ်သည်နှင့်အညီ အလုပ်ရုံ၊ ရုံး၊ ကျောင်း၊ အခြားသောလုပ်ငန်းခွင်များစွာ တရားဝင်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြသည်။ သီတင်းကျွတ်ညရင်ခွင်ထဲ အိပ်မပျော်သူတစ်ယောက်အတွက် ညတာရှည်ခြင်းဖြင့် ဆွဲဆန့်ထားသလိုပါ။ အလိုလိုနေရင်း လွမ်းချင်းထုတ်ချင်သူ ကျနော့်အား လွမ်းခွင့်သီးသန့်ဖန်ဆင်ထားသလား အောက်မေ့နေမိသည်။ အလွမ်းအဆွေးဒဏ်ကို အလူးအလဲ …

Read More »