မွန်ပြည်နယ်တွင် ကျောင်းတက်ရောက်သူ ကျောင်းသားဦးရေ တစ်သိန်းကျော်အထိရှိလာ

မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၁၆) မွန်ပြည်နယ်တွင် အခြေခံပညာကျောင်းတက်ရောက်သူ ကျောင်းသားကျောင်းသူဦးရေ တစ်သိန်းကျော်အထိရှိလာကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။ ကျောင်းသားအချို့တွင် ကိုဗစ်ပိုးများ စစ်ဆေးတွေ့ရှိခဲ့သော်လည်း ကျောင်းတက်သူဦးရေ ပိုမိုတိုးလာကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစန်းအောင်က ဆိုသည်။ “ကျောင်းသားဦးရေကတော့ တစ်သိန်းကျော်အထိရှိလာပြီ ဖြစ်ပါတယ်။ ကိုဗစ်ပိုးတွေ့တဲ့ကျောင်းသားတွေ၊ ဆရာမတွေကို ကွာရန်တင်းဝင်ခိုင်းပြီး အခုပြန်စစ်တော့ ကိုဗစ်ပိုးမတွေ့တော့ပါဘူး၊ ကျန်းမာရေးဌာနနဲ့လည်းပူးပေါင်းပြီးလုပ်နေတော့ ကျောင်းတက်တဲ့သူတွေလည်း ပြန်များလာတယ်”ဟု ဦးစန်းအောင်က ဆိုသည်။ မွန်ပြည်နယ်တဝန်းတွင် နိုဝင်ဘာ ၁ ရက် ကျောင်းဖွင့်စတွင် ကျောင်းသား ၄ သောင်းကျော်သာ တက်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၀ အထိ ကျောင်းသားများကို ပြန်လည်လက်ခံပေးနေကြောင်း၊ ထို့ပြင် လစ်လပ်သွားသော ဆရာ၊ ဆရာမများနေရာတွင် အစားထိုး ပြန်လည်ခန့်ထားလျက်ရှိကြောင်း သိရသည်။ “ထွက်သွားတဲ့နေရာတွေမှာ ဆရာ၊ … Continue reading မွန်ပြည်နယ်တွင် ကျောင်းတက်ရောက်သူ ကျောင်းသားဦးရေ တစ်သိန်းကျော်အထိရှိလာ