မွန်သတင်းအေဂျင်စီ

လာမည့်သၚ်္ကြာန်ပွဲတော် ပါဝင်ဆင်နွှဲခြင်းမပြုကြဖို့ လူငယ်အဖွဲ့များ တိုက်တွန်း

မွန်သတင်းအေဂျင်စီ (၇ ဧပြီ ၂၀၂၁)

မကြာမီ ကျရောက်လာတော့မည့် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုကြဖို့ မွန်ပြည်နယ်အတွင်း မြို့နယ်အချို့က နွေဦးတော်လှန်ရေးလှုပ်ရှားမှု အာဏာရှင်ဆန့်ကျင်သော လူငယ်အဖွဲ့များက တိုက်တွန်းထားကြောင်း တွေ့ရသည်။

ဧပြီလ ၁၄ ရက်နေ့တွင် စတင်ကျရောက်တော့မည့် မြန့်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲလိုက်ခြင်းဖြင့် ဖမ်းဆီးခံထားရသော ခေါင်းဆောင်များ၊ ပြည်သူများ၊ ကျောင်းသားများနှင့် ကျဆုံးသူများကို မလေးစားရာရောက်ကြောင်း တိုက်တွန်းချက်များတွင် ဖော်ပြထားသည်။

“သင်္ကြန်ဆိုတာက ဒီနှစ်မကျင်းပဖြစ်လဲ နောက်နှစ်တွေမှာ ကျင်းပပြီး ပျော်လို့ရတယ်။ အခုက တစ်နိုင်ငံလုံးက လူတွေ အဆင်မပြေမှုတွေနဲ့ အများကြီးကြုံတွေ့နေရတယ်ပေါ့နော်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ကျဆုံးသွားတဲ့ သူတွေရှိတယ် သူတို့ရဲ့ မိသာစုဝင် ဝမ်းနည်းနေရတယ်။ ပျော်ပွဲရွင်ပွဲ ကျင်းပလိုက်လို့ ပြည်သူတွေ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားနည်းသွားမှာကိုလည်းစိုးရိမ်တယ်” ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသည့် လူငယ်တစ်ဦးက ဆိုသည်။

ထို့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှာသူများက စစ်ကောင်စီလက်ထက် သင်္ကြန်ပွဲတော်သည် ဆန္ဒပြလှုပ်ရှားမှုများကို အရှိန်လျော့နည်းအောင် ပြုလုပ်လာနိုင်ကြောင်းနှင့် ဆက်လက်ပြီး အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုများကို ဝန်းရံကြဖို့ ၎င်းက ဆက်ပြောသည်။

မော်လမြိုင်၊ မုဒုံမြို့နှင့် ပေါင်မြို့နယ်တို့ အပြင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နှင့် မြိတ်မြို့တို့က အာဏာရှင်ဆန့်ကျင်သော တက်ကြွလှုပ်ရှားသူ လူငယ်များအဖွဲ့တို့က အဆိုပါတိုက်တွန်းစာများ ဖြန့်ဝေထားကြောင်း တွေ့ရသည်။

မော်လမြိုင်မြို့ အပြင် အခြားမြို့နယ်များတွင်လည်း သင်္ကြန်ပွဲတော်ကျင်းပရေး ရေကစားမဏ္ဍပ်များ ဆောက်လုပ်နေသည်ကို မတွေ့ရှိရသေးကြောင်းနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်၏ သင်္ကြန်မဏ္ဍပ် ဆောင်လုပ်မှုကို မတွေ့ရကြောင်း ဒေသခံ ပြည်သူများက ဆိုသည်။

“အခုဆိုရင် သင်္ကြန်ရောက်မည့် ရက်ကတော်တော်လေး နီးလာပြီးပေါ့နော်။ အရင်တုန်းက ပုံမှန်အခြေနေ မျိုးမှာဆိုရင်တော့ သက်ဆိုင်ရာ အစိုးရအဖွဲ့က မော်လမြိုင် ကမ်းနားလမ်းမှာ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေတာ တွေ့ရတယ်။ အခုကတော့ သူတို့ဘက်က ဘာမှလုပ်တာ မတွေ့ရဘူးပေါ့နော်။ ပြီးတော့ ကမ်းနားလမ်းမှာလည်း လူငယ်တွေ အခုလည်း မဏ္ဍပ်ထိုးတာမျိုးတွေ မရှိဘူး” ဟု မော်လမြိုင်မြို့ခံ ဦးမျိုးမင်းက ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် မြန်မာ့နှစ်သစ်ကူး ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပြီးခဲ့သည့်နှစ်တွင်လည်း ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားနေမှုကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။  


Fatal error: Uncaught Error: Call to undefined function ctype_upper() in /hermes/walnacweb06/walnacweb06ah/b2385/moo.monnews/burmese/wp-content/plugins/amp/includes/sanitizers/class-amp-style-sanitizer.php:713 Stack trace: #0 /hermes/walnacweb06/walnacweb06ah/b2385/moo.monnews/burmese/wp-content/plugins/amp/includes/sanitizers/class-amp-style-sanitizer.php(3338): AMP_Style_Sanitizer->has_used_class_name(Array) #1 /hermes/walnacweb06/walnacweb06ah/b2385/moo.monnews/burmese/wp-content/plugins/amp/includes/sanitizers/class-amp-style-sanitizer.php(2863): AMP_Style_Sanitizer->finalize_stylesheet_group(0, Array) #2 /hermes/walnacweb06/walnacweb06ah/b2385/moo.monnews/burmese/wp-content/plugins/amp/includes/sanitizers/class-amp-style-sanitizer.php(963): AMP_Style_Sanitizer->finalize_styles() #3 /hermes/walnacweb06/walnacweb06ah/b2385/moo.monnews/burmese/wp-content/plugins/amp/includes/templates/class-amp-content-sanitizer.php(147): AMP_Style_Sanitizer->sanitize() #4 /hermes/walnacweb06/walnacweb06ah/b2385/moo.monnews/burmese/wp-c in /hermes/walnacweb06/walnacweb06ah/b2385/moo.monnews/burmese/wp-content/plugins/amp/includes/sanitizers/class-amp-style-sanitizer.php on line 713