နယ်စပ် ဘုရားသုံးဆူတွင် KNU ဆက်ဆံရေးရုံးဖွင့်
သူရိန် – ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့နံနက် ၉ နာရီခန့်က ကရင်အမျိုးသားအစည်းအရုံး (KNU) ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။ ယင်း ဆက်ဆံရေးရုံးကို ဘုရားသုံးဆူမြို့ အမှတ် ၃ ရပ်ကွက်၊ အဘိဓမ္မာတောင်သာ ဆေးခန်းအနီးတွင် ဖွင့်လှစ်လိုက်သည်။ ယင်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာအစိုးရဘက်မှ ပြည်ထောင်စုအဆင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးခင်ရီအပါအဝင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းတို့ တက်ရောက်ကြသည်။ ရထားဝန်ကြီး ဦးအောင်မင်းက နယ်စပ်ဒေသအတွင်း ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့ပြီးနောက် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်လာစေရေးအတွက်လည်း လုပ်ဆောင်ပေးသွားရန်ရှိကြောင်း အခမ်းအနားတွင် ပြောကြားသွားခဲ့သည်။ ၄င်းက “တပ်မတော်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့ပေမယ့် ဒီအစိုးရသစ်လက်ထက်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ခဲ့တာ အရမ်းဝမ်းသာတယ်၊ နောက်ပြီးတော့ ဒီနယ်စပ်ဒေသ … Continue reading နယ်စပ် ဘုရားသုံးဆူတွင် KNU ဆက်ဆံရေးရုံးဖွင့်
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed