မွန်  ၊ အင်္ဂလိပ် ၊  Font

Home / Tag Archives: အမြင်နှင့်သုံးသပ်ချက် (page 4)

Tag Archives: အမြင်နှင့်သုံးသပ်ချက်

လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ခြင်း မတူကွဲပြား မူခြားသွားပြီလား။

ဦးမျိုး (ဥပဒေ) ၂/၈၀ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည့် တချိန်ကဝန်ကြီးချုပ်ဟောင်း ဦးနု၊ ၀န်ကြီးချုပ် ဘဝက ၁၉၅၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် သူပြောကြားခဲ့သည့် မိန့်ခွန်းကို သတိတရ ကောက်နှုတ်ဖော်ပြပါသည်။

Read More »

ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံး အပေါ် မြန်မာအစိုးရရဲ့ အယူအဆနဲ့ တိုင်းရင်းသား တွေရဲ့အမြင်

ခေတ္တာနွန် – ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ မီးရထားဝန်ကြီး ဦးအောင်မင်းက (၃)လအတွင်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည်ဟု မီဒီယာများမှတဆင့် အတိအလင်း ပြောကြားခဲ့သည်။ ၄င်းယူဆပြောဆိုချက်များနှင့် ပတ်သက်၍ အနီးကပ်စောင့်ကြည့်နေသူအချို့တို့၏ အမြင်များကို လွတ်လပ်သောမွန်သတင်းအေဂျင်စီ မှသတင်းထောက်မိခတ္တာနန်းမေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

Read More »

စပါးကြီးမြွေ အရေခွံလဲချိန်မို့ပါ

ဗညားရံ – အခုတလော လူအတော်များများက မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အမြင်မရှင်းဘဲ ရှိနေကြတယ်။ ကြံ့ဖွတ်အစိုးရအနေနဲ့ ကစားကွက်ကောင်းကောင်းနဲ့ ကစားလိုက်တော့ သံတမန်ရေးအရ သိသိသာသာ အောင်မြင်မှုရသွားတယ်။ အမေရိကန်အစိုးရက သဘောထားပျော့ပျောင်းလာတယ်။

Read More »

ပြည်ထောင်စုတပ်မတော်

သျှမ်းပြည်တပ်မတော် SSPP/ SSA

လူးတား – ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ (U.N.F.C.) က ပြည်ထောင်စုတပ်မတော်တစ်ခုကို ထူထောင်မည်ဟု သိရ၍ စိတ်ဝယ်ပီတိ ဂွမ်းဆီထိပမာ ဝမ်းသာမိသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ဖွဲ့စည်းခဲ့သော မြန်မာ့တပ်မတော်သည် ယခုအခါ၌ ပြည်ထောင်စုတပ် အသွင်မဆောင်တော့ဘဲ

Read More »

ဒီမိုကရေစီနဲ့အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်တို့ဟာ ဒင်္ဂါးပြားရဲ့ပန်းနဲ့ခေါင်း

ရွှေဟင်္သာ – စစ်အာဏာရှင်စံနစ်ကိုမလိုလားလို့ ပြည်တွင်းမှာဆန့်ကျင်လှုပ်ရှားနေကြတဲ့ နိုင်ငံရေးပါတီအဖွဲ့အ စည်းများ၊ ကျောင်းသားလူငယ်နဲ့ ပညာတတ်အသိုင်းအဝိုင်းတွေအကြားမှာရော

Read More »

ဘာလီကျွန်းမှာသမ္မတကြီးဦးသိန်းစိန် ဘာတွေပြောခဲ့ပါသလဲ

မင်းထက်အောင် – အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အာဆီယံထိပ်သီးအစည်းအဝေးအပြီး နို၀င်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်မှာ မြန်မာစာနယ်ဇင်းသတင်းသမားများနဲ့

Read More »

မူမမှန်တဲ့ကြံ့ဖွတ်နဲ့အပေါင်းအပါများ

(ဗညားရံ) – မကြာခင်က K.I.A. နဲ့ ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်တို့ ဆွေးနွေးတုန်း ဗမာတပ်တွေက ရှမ်းတွေကို ထိုးစစ်ဆင်ခဲ့တယ်။ ကချင်နဲ့ဆွေးနွေးတာ အဆင်မပြေလို့ ကြံ့ဖွတ်အကောင်ကြီးတွေက တရုတ်ဖိအားကို ရယူပြီး ဝနဲ့ကိုးကန့်ကို အပစ်ရပ်အောင် လုပ်ခဲ့တယ်။ တွက်ထားတဲ့အတိုင်းပါပဲ။ ဝနဲ့ကိုးကန့်ဘက် စိတ်အေးရတာနဲ့ ကချင်နဲ့ရှမ်းတွေကို ခြေမှုန်းတော့တာပဲ။

Read More »

ဖက်ဒရယ်ဥပဒေ အားမကောင်းသေးသရွေ့တော့

(ဗညားရံ) – ပြည်ထောင်စုမြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာကို အခြေခံဥပဒေပြဿနာလို့ အချို့က မယူဆချင်ဘူး။ စာရေးသူအမြင်အရတော့ အခြေခံဥပဒေပြဿနာလို့ပဲ မြင်ပါတယ်။ ၁၉၄၇-၁၉၇၄-၂၀၀၈ ဥပဒေတို့ကို လေ့လာကြည့်ယင် ဘယ်ဥပဒေကမှ ကြာကြာမခံခဲ့ဘူး။ ၁၉၄၇-ဥပဒေက ၁၉၆၂-မှာ ပျက်ရတယ်။ ၁၉၇၄-ဥပဒေက ၁၉၈၈-မှာ ပျက်ရပြန်တယ်။ ၂၀၀၈-ဥပဒေကတော့ ဘယ်လောက်ကြာကြာခံနိုင်မလဲ စောင့်ကြည့်ရဦးမယ်။ လွတ်လပ်ရေးရတာ (၆၃)နှစ် ကြာခဲ့ပြီ။ ဥပဒေနဲ့အုပ်ချုပ်ဖူးတာ (၂၉) နှစ်လောက်ပဲ။ ကျန်တာက အခြေခံဥပဒေ မရှိဘဲ အုပ်ချုပ်လာခဲ့တာပါ။ အခြေခံဥပဒေရှိလျက်သားနဲ့ မသိကျိုးကျွံပြုပြီး စိတ်ကြိုက်အုပ်ချုပ်ခဲ့တဲ့ နှစ်တွေနဲ့ ထပ်ပေါင်းလိုက်ယင် ဗမာပြည်ဟာ အခြေခံဥပဒေ မပါဘဲ နေလို့ရတဲ့ တိုင်းပြည်တစ်ခုလို ဖြစ်သွားရတယ်။

Read More »

အနုသယနိုင်ငံရေးနဲ့ သမုဒယဗျူဟာ

(နာဲမတ်ဒိပ်) – အနုသယဆိုတာ အင်မတန်သိမ်မွေ့လှတယ်။ သိမ်မွေ့တယ်ဆိုတာ ပျော့ပျောင်းလာတာကို ပြောတာ မဟုတ်ဘူး။ ခန့်မှန်းရခက်တာကို ဆိုချင်တယ်။ ကြံ့ဖွတ်အစိုးရအနေနဲ့ နည်းဗျူဟာအရ နိုင်ငံရေးအခင်းအကျင်းသစ်ကို တင်ဆက်တယ်။ တုန့်ပြန်မှုကို စောင့်ကြည့်တယ်။ အကျိုးအမြတ်ကို တွက်ချက်တယ်။ သမိုင်းတစ်ကွေ့မှာ မှတ်ကျောက်တင်နိုင်ဖို့ ရည်ရွယ်တယ်။ နိုင်ငံရေးအနုသယကို တဒင်္ဂပယ်ဖို့ ကြိုးစားပုံ ရတယ်။ 

Read More »

သုံးရောင်ခြယ် မိန့်ခွန်း

(နာဲမတ်ဒိပ်) – ဒီနေ့ အသိတယောက်ရဲ့ကလေး သုံးရက်လောက် အဖျားမကျဘဲ ရှိနေလို့ ကလေးကို Parkview ဆေးရုံ၊ အရေးပေါ်လူနာဌာန ပို့ရတယ်။ ကလေးက လေးလအရွယ်ပဲ ရှိပါသေးတယ်။ ရာသီဥတု မကောင်းလို့လား မသိ။ အရေးပေါ်ဌာနမှာ လူနာတွေက ပြည့်လို့ပါပဲ။

Read More »