မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: အိုက်စိုင်း (page 4)

Tag Archives: အိုက်စိုင်း

ပြည်ထောင်စုမှခွဲထွက်ရေးကို မည်သည့်တိုင်းရင်းသားမှတောင်းဆိုခြင်းမရှိဟု နိုင်ဟံသာပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုမှခွဲထွက်ရေးကို မည်သူမှတောင်းဆိုခြင်းမရှိဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ နိုင်ဟံသာက မိုင်ဂျာယန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Read More »

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မိုင်ဂျာယန်သို့သွားရေး ကူညီပေးနေဟု ငြိမ်းချမ်းရေးကော်မရှင်ဆို

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေး ကျင်းပမည်ဖြစ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မိုင်ဂျာယန်သို့ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများကို ကူညီပေးနေသည်ဟု ငြိမ်းချမ်းရေးကော်မရှင် မှ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့က ထုတ်ပြန် ကြေညာသည်။

Read More »

ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်နိုင်ရေး NCA လက်မှတ်ထိုးအဖွဲ့ နည်းလမ်းရှာမည်ဟု ကြေညာချက်ထုတ်ပြန်

အခြေအနေ အရပ်ရပ်ကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် ဘဝတူတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ် Peace Process တွင် ပါဝင်နိုင်ရေးကိုလည်း နည်းလမ်းရှာ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

Read More »

တိုင်းရင်းသားများအနေဖြင့် တောင်းဆိုစရာမရှိတော့သလို ပေးစရာလည်းမရှိဟု DPN ခေါင်းဆောင်ပြော

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် မိမိတို့ဘက်မှမည်သည်ကို လိုချင်သည်ဆိုခြင်းထက် မိမိတို့ဘက်က မည်သည်ကို ပေးနိုင်သည်ဆိုသည့်အပေါ် ညှိနှိုင်းဆွေးနွေးကြရန် တိုက်တွန်းပြောဆိုထားခြင်းနှင့်ပတ်သက်ပြီး တိုင်းရင်းသားများ အနေ ဖြင့် တောင်းဆိုစရာမရှိသလို ပေးစရာလည်းမရှိတော့ဟု UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ ့ DPN ခေါင်းဆောင် ခူဦးရယ်က ရန်ကုန်မြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

Read More »

မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်များ စုံညီအစည်းအဝေးသို့ UNA နှင့် NBF ကိုဖိတ်ကြားထား

ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နှင့် ညီနောင်တိုင်းရင်းသားပါတီများဖယ်ဒရေးရှင်း NBF တို့ကို ဖိတ်ကြားထားသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖယ်ဒရယ်ကောင်စီ UNFC မှ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဦးထွန်းဇော်က ပြောသည်။

Read More »

နိုင်ငံရေးမူဘောင်တွင် အမျိုးသမီး ၃၀% ပါဝင်နိုင်ရေး တောင်းဆိုသွားမည်ဟုဆို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ညီလာခံ ဖြစ်မြောက်ရေးအတွက် အဓိကကျသော နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်ခွင့်ပြုရမည်ဆိုသည့် အချက်ကို ထည့်သွင်းနိုင်ရေး တောင်းဆိုသွားမည်ဟု အမျိုးသမီးအဖွဲ့အစည်းများက ဆိုသည်။

Read More »

အစိုးရကိုယ်စားလှယ်နှင့် DPN တို့ ဇူလိုင် ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ် Delegation for Political Negotiation-DPN နှင့် ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂) ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ၂၁ ရာစု ပင်လုံညီလာခံ ကိစ္စရပ်များကို ဇူလိုင် ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

Read More »

ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ထိုးထားသည့် ခေါင်းဆောင်များတွေ့ဆုံကြမည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ မနက်ဖန် ဇွန် ၂၈ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

Read More »

UNA အဖွဲ့ဝင်ပါတီများကိုယ်စား အနိုင်ရပါတီများက ၂၁ ရာစုပင်လုံညီလာခံသို့တင်ပြမည်

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တစ်ဦးမျှအနိုင်မရရှိခဲ့သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်နိုင်ငံရေးပါတီများ၏ သဘောထားများ ရယူကာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီများက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံသို့ ကိုယ်စားတင်ပြသွားမည်ဖြစ်ကြောင်း UNA အဖွဲ့ဝင်ထံမှ သိရသည်။

Read More »

ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းအပေါ် SNLD မှ လွှတ်တော်သို့တင်ပြကန့်ကွက်မည်ဟုဆို

အစိုးရသစ်၏ ရက် ၁၀ဝ စီမံချက်တွင် ပါဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ရွှေ့ပြောင်း အခြေချနေထိုင်သူများကို အိမ်ထောင်စုစာရင်းထုတ်ပေးမည့် အစီအစဉ်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ ့ချုပ် SNLD မှ လွှတ်တော်သို့တင်ပြကန့်ကွက်မည်ဟု သတင်းရရှိသည်။

Read More »