မွန်  ၊ အင်္ဂလိပ် ၊  Font

Home / Tag Archives: အိုက်စိုင်း (page 3)

Tag Archives: အိုက်စိုင်း

၂၁ ရာစု ပင်လုံညီလာခံတွင် စာတမ်းဖတ်ကြားခွင့်ပြုရန်နှင့် နည်းပညာအကြံပေးအဖွဲ့တွင် အမျိုးသမီးများထည့်သွင်းပေးရန် AGIPP တောင်းဆို

၂၁ ရာစု ပင်လုံညီလာခံတွင် ကဏ္ဍအသီးသီးအတွက် မူဝါဒဆိုင်ရာ အကြံပြုတိုက်တွန်းချက်များကို စာတမ်း တင်သွင်း ဖတ်ကြားခွင့်ပြုရန်နှင့် ငြိမ်းချမ်းရေးကော်မရှင်၏ နည်းပညာအကြံပေးအဖွဲ့များ၌ အမျိုးသမီး နည်း ပညာ အကြံပေးများကို ထည့်သွင်းပေးရန် ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူရေး မဟာမိတ်အဖွဲ့ AGIPP က ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းနှင့် တွေ့ဆုံစဉ်တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

Read More »

လက်နက်စွန့်ရမည့်ကြေညာချက်ထုတ်ပြန်ရမည်ဆိုလျင် ၂၁ ရာစုပင်လုံညီလာခံသို့ မဟာမိတ်သုံးဖွဲ့ မတက်ရောက်ဟု TNLA ပြော

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် မိမိတို့ မဟာမိတ်သုံးဖွဲ့ အနေဖြင့် အဆင်သင့်ဖြစ်နေသော်လည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ရမည်ဆိုသော ကြေညာချက် ထုတ်ပြန်ရမည်ဆိုလျင် မဟာမိတ်သုံးဖွဲ့ တက်ရောက်မည်မဟုတ်ကြောင်း ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး PSLF/TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော်က သြဂုတ် ၁၈ ရက်တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

Read More »

၂၁ ရာစု ပင်လုံညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ဝ ဦးတက်ရောက်ခွင့်ရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကျင်းပသွားမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံညီလာခံသို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ၂၀ဝ ဦး တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Read More »

၂၁ ရာစု ပင်လုံ ညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပသွားမည်

၂၁ ရာစု ပင်လုံ ညီလာခံ (သို့မဟုတ်) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပသွား မည်ဖြစ်ကြောင်း သြဂုတ် ၁၅-၁၆ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးတွင် သဘောတူညီမှုရယူခဲ့ကြောင်း သိရသည်။

Read More »

နိုင်ငံရေးမူဘောင်သုံးသပ်ဆွေးနွေးချက်များကို UPDJC သို့ဆက်လက်တင်ပြမည်

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်းအစည်းအဝေးမှ ရရှိလာခဲ့သော အချက်အလက်များကို ဩဂုတ် ၁၅ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

Read More »

လက်နက်ကိုင်လမ်းစဉ်/လက်နက်ကိုင်ပဋိပက္ခစကားရပ် အစိုးရကိုယ်စားလှယ်နှင့် မဟာမိတ်သုံးဖွဲ့အကြား ညှိနှိုင်းမရ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသို့ ပါဝင်လာနိုင်ရေး အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်မှ ကိုယ်စားလှယ်များ နှင့် ရခိုင် AA, ပလောင် TNLA, ကိုးကန့် MNDAA မဟာမိတ်သုံးဖွဲ့ခေါင်းဆောင်များ သြဂုတ် ၉ ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း “လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခ” ဆိုသည့် စကားရပ်တို့ကို ညှိနှိုင်းမရခြင်းကြောင့် သဘောတူညီမှုမရရှိခဲ့ကြောင်း သိရသည်။

Read More »

နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကျင်းပမည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ရေး အဓိကအခန်းကဏ္ဍတွင် ပါဝင်သော နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို သြဂုတ် ၁၁ ရက်နေ့မှ ၃ ရက်ကြာ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NPRC တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

Read More »

ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းအုပ် ဆရာဦးအောင်ထူးနှင့် တွေ့ဆုံမေးမြန်းချက်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်ထား သော ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်း၊ ကျောင်းအုပ် ဆရာကြီး ဦးအောင်ထူးအား မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် တွေ့ဆုံမေးမြန်းချက် ဖြစ်သည်။

Read More »

ရခိုင်တပ်မတော်-AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်(တွေ့ဆုံမေးမြန်းချက်)

ဇူလိုင်လ ၂၆-၃၀ ရက်နေ့များတွင် KIO ကချင်ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ကျင်းပနေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်နေသော ရခိုင်တပ်မတော်-AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်အား မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် “အိုက်စိုင်း” တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။

Read More »

၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားခေါင်းဆောင်အားလုံးနှင့် ပြန်လည်ဆုံတွေ့ရန် တရုတ်ကိုယ်စားလှယ်မျှော်လင့်

မကြာမီကျင်းပတော့မည်ဖြစ်သော ၂၁ ရာစုပင်လုံညီလာခံတွင် ယခုအစည်းအဝေးသို့တက်ရောက်လာသော တိုင်းရင်းသားခေါင်းဆောင်အားလုံးနှင့် ပြန်လည်ဆုံတွေ့ရန် မျှော်လင့်ပါကြောင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာန၏ အာရှရေးရာအထူးသံတမန် Mr. Sun Guoxiang က ပြောသည်။

Read More »