မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: အိုက်စိုင်း

Tag Archives: အိုက်စိုင်း

အမျိုးသားရင်ကြားစေ့ရေးကိုစိုးရိမ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းအမည်တံတားကို ကန့်ကွက်သည်ဟု ဦးခင်မောင်ရီပြော

မွန်ပြည်နယ်၊မော်လမြိုင်နှင့် ချောင်ဆုံးမြို့နယ်အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသော တံတားကို သံလွင်တံ တားအမည်ဖြစ် မသတ်မှတ်ဘဲ “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်၌ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းက အဆိုတင်သွင်းခဲ့ရာတွင် အမျိုးသားရင်ကြားစေ့ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောသည်။

Read More »

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်နှုတ်ထွက်ကြောင်း ဦးမင်းမင်းဦးပြော

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော ဦးမင်းမင်းဦးသည် ရာထူးမှ နှုတ်ထွက်မည် ဖြစ်ရာ လာမည့်တနင်္လာနေ့တွင် လွှတ်တော်နှင့်သမ္မတထံသို့ တင်ပြသွားမည်ဟု ဖေဖော်ဝါရီ ၁၈ ရက်က မွန်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားလိုက်သည်။

Read More »

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်းငံ့သဖြင့် ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ရန်မသေချာဟု CNF ပြော

နေပြည်တော်ရှိသင်္ဂဟဟိုတယ်၌ ဖေဖော်ဝါရီ ၆ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးက ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ဆိုင်းငံ့ကြောင်း သဘောတူဆုံးဖြတ်ခဲ့ခြင်းကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး)သို့ တက်ရောက်ရန် မသေချာတော့ဟု ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ-၂ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

Read More »

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ကျင်းပရန်လျာထား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပ သွားလျာထားပြီး ကိုယ်စားလှယ်ဦးရေအား နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါ အတိုင်း သတ်မှတ်သွားရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Read More »

NCA ရေးထိုးရေးနှင့် ညီလာခံတက်ရောက်နိုင်ရေး ဆွေးနွေးလိုကြောင်း UNFC သို့ ငြိမ်းချမ်းရေးကော်မရှင်စာပေးပို့

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရေးနှင့် ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်လာနိုင်ရေး ဆွေးနွေးလိုကြောင်း လက်မှတ်မထိုးရသေးသည့် ညီညွတ်သော တိုင်းရင်း သား လူမျိုးများဖယ်ဒရယ်ကောင်စီ UNFC သို့ ငြိမ်းချမ်းရေးကော်မရှင်မှ စာပေးပို့အကြောင်းကြားထားသည်ဟု ငြိမ်းချမ်းရေးအကြံပေး ဦးလှမောင်ရွှေ က ဖေဖော်ဝါရီ ၁ ရက်တွင် ပြောသည်။

Read More »

စစ်ပွဲများ ပိုမိုအရှိန်မြှင့်တက်စေမည့် IFC ၏ရေကာတာစီမံကိန်းများကို အစိုးရတားဆီးသင့်ဟု KPCC ပြော

မြန်မာမြစ်ချောင်းများအပေါ်တွင် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း IFC မှ ရေကာတာတည်ဆောက်ရန် ပြင် ဆင်နေခြင်းကြောင့် စစ်ပွဲများ ပိုမိုအရှိန်မြှင့်တက်စေမည့် IFC ၏ရေကာတာစီမံကိန်းများကို ပြည်သူအစိုးရမှ တားဆီးသင့်သည်ဟု ကချင်နိုင်ငံရေးပါတီများညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ KPCC အထွေထွေ အတွင်းရေးမှူး တူးရော်က ပြောသည်။

Read More »

အကြမ်းဖက်အဖြစ်ခေါ်ဝေါ်သုံးစွဲ၍ ထိုးစစ်ဆင်နေခြင်းမှာ တွေ့ဆုံဆွေးနွေးရေးပျက်ပြားစေရန်လုပ်ဆောင်နေဟု UNFC ထုတ်ပြန်

တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့များအဖြစ် တရားဝင် ခေါ်ဝေါ်သုံးစွဲကာ အကြောင်းအမျိုးမျိုးပြပြီး ပိုမို ထိုးစစ်ဆင်နေခြင်းမှာ တွေ့ဆုံဆွေးနွေးရေးဖြစ်စဉ်ကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းပင်ဖြစ်သည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန် လိုက်သည်။

Read More »

တိုင်းရင်းသားများလိုချင်သည့်ဖယ်ဒရယ်နှင့် တပ်မတော်မှပေးနိုင်သည့် ဖယ်ဒရယ်ကွဲလွဲနေဟု BNI ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အစိုးရ၊တပ်မတော်တို့ ငြိမ်းချမ်းရေးဆွေးနွေးကာ ဖယ်ဒရယ်နိုင်ငံ အဖြစ် တည်ဆောက်သွားနိုင်ရေးကြိုးစားနေရာ တိုင်းရင်းသားများလိုချင်သည့် ဖယ်ဒရယ်ပုံစံနှင့် တပ်မတော်မှ ပေးနိုင်သည့် ဖယ်ဒရယ် ကွဲလွဲနေသည်ဟု နိုင်ငံတကာမြန်မာသတင်း BNI ၏စီမံခန့်ခွဲရေးဒါရိုက်တာ နိုင်ကဆော့မွန်က ပြောသည်။

Read More »

စစ်မှန်သည့်နိုင်ငံရေးဆွေးနွေးပွဲရောက်ရှိရေး တရုတ်မှပါဝင်ညှိနှိုင်းပေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ မေတ္တာရပ်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်နိုင်ရေး ဖြေရှင်းဆောင်ရွက်မည်ဆိုပါက ခိုင်မာတည်တံ့ပြီး စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲရောက်ရှိနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တန်းတူညီမျှသော အခြေခံရပ်တည်မှုမှ ပါဝင်ညှိနှိုင်းပေးပါရန် ကချင် KIA,တအောင်း(ပလောင်) TNLA, ကိုးကန့် MNDAA, ရခိုင် AA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ Nothren Alliance(Burma) က ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်က မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

Read More »

တပ်မတော်ထိုးစစ်မရပ်စဲသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များပူးပေါင်းစစ်ဆင်ဟုဆို

တပ်မတော်ထိုးစစ်ရပ်စဲမည့်အခြေအနေမရှိသဖြင့် မြောက်ပိုင်းမဟာမိတ် ညီနောင်တပ်ပေါင်းစုအဖွဲ့ဝင်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA, တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်ဖွဲ့ TNLA, ကိုးကန့်တပ်ဖွဲ့MNDAA နှင့် ရခိုင်တပ်မတော် AA တို့ နိုဝင်ဘာ ၂၀ ရက်နေ့မှစ၍ ပူးပေါင်းစစ်ဆင်ခဲ့သည်ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

Read More »