မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: သတင်း (page 2)

Tag Archives: သတင်း

ချောင်းဆုံမြို့နယ်တွင် လွှတ်တော်ရန်ပုံငွေကျပ်သိန်းတစ်ထောင်ခွဲဝေရေး ညှိနှိုင်းမရသေး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပြည်နယ် လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ထောက်ပံ့ပေးမည့် ကျပ်ငွေသိန်းတစ်ထောင်ကိစ္စနှင့်စပ်လျဉ်း၍ တန်တူညီမျှ ခွဲဝေသုံးစွဲနိုင်ရေးကိစ္စအပေါ် ဒေသခံလွှတ်တော် ကိုယ်စားလှယ်များအကြား ညှိနှိုင်းသဘောတူညီမှုမရသေး ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

Read More »

ဇွန်လအတွင်း မူးယစ်ဆေးဝါးအလုံး ၄၈၅၆ မွန်ပြည်နယ်တွင် ဖမ်းဆီးရမိ

ပြီးခဲ့သည့် ဇွန်လအတွင်း မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးအလုံး ၄၈၅၆ ဖမ်းဆီးရမိခဲ့သည်ဟု ပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Read More »

၂၁ ပင်လုံသို့ EAO’s အဖွဲ့အားလုံးပါဝင်ခွင့်ရှိရန်လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီသဘောထားထုတ်ပြန်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)ကို အောင်မြင်မှုအပြည့်အဝရရှိရန် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားအဖွဲ့အစည်း Ethnic Arms Organizations-EAO’s အားလုံး ပါဝင်ဆွေးနွေးခွင့်ရရှိရန်လိုအပ်ကြောင်း ဇူလိုင် ၂ ရက်နေ့စွဲဖြင့် မွန်ပြည်သစ်ပါတီ၏ အမြင်သဘောထားထုတ်ပြန်ခဲ့သည်။

Read More »

မော်လမြိုင်ကမ်းနားလမ်းအဆင့် (၆) စီမံကိန်းစာချုပ်တွင် မြေဂရမ်ထုတ်ပေးမည့်အချက် မပါဝင်ဟုဆို

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် အသစ်ဖောက်လုပ်ထားခဲ့သော ကမ်းနားလမ်းအဆင့် (၆) စီမံကိန်း စတင်အကောင်အထည်ဖော်စဉ်က လုပ်ငန်းအပ်နှံသူနှင့် လုပ်ငန်းလက်ခံသူတို့ကြား ချုပ်ဆိုခဲ့သည့် စာချုပ်တွင် မြေငှားဂရမ်ထုတ်ပေးမည်ဆိုတဲ့အချက် မပါဝင်ကြောင်း ကမ်းနားလမ်းအဆင့် (၆) စီမံကိန်း ပြန်လည်လေ့လာစိ စစ်ရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်လွှတ်တော်ဒု ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

Read More »

မွန်ပြည်နယ်အတွင်းရှိ မြို့အဝင်ဆိုင်းဘုတ်များ ၃ ဘာသာရေးထိုးနိုင်မည်ဟု ပြော

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်အမျိုးသား ဆန္ဒဖော်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းချက်အရ ပြည်နယ်အတွင်းရှိ မြို့အဝင်ဆိုင်းဘုတ်များကို မွန်၊ ဗမာ၊ အင်္ဂလိပ် ၃ ဘာသာဖြင့်ရေးထိုးနိုင်မည်ဖြစ်ကြောင်း အလွတ်သဘောခွင့်ပြုချက်ရရှိခဲ့သည်ဟု နိုင်တလညီက ပြောသည်။

Read More »

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ဥက္ကဌတွေ့ဆုံရန် မူအားဖြင့်သဘောတူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဌအင်ဘန်လ အပါအဝင် အဖွဲ့ဝင်ဥက္ကဌများပါဝင်သောအဖွဲ့တို့ ရန်ကုန်မြို့၌ ဇူလိုင်လလယ်အတွင်း တွေ့ဆုံရန် မူအားဖြင့်သဘောတူကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation-DPN က ဇူလိုင် ၁ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Read More »

၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံအကြို မွန်လူမှုအဖွဲ့အစည်းများဖိုရမ်ကျင်းပနေ

မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဇူလိုင်လ ၂/၃ ရက်နေ့များတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ပိုင်ခေတ်ခန်းမတွင် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံအကြို မွန်လူမှုအဖွဲ့အစည်းများဖိုရမ်ကျင်းပနေကြောင်း တွေ့ရှိရသည်။

Read More »

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ မွန်ပြည်နယ်တွင် ဖွဲ့စည်းပြီ

မွန်ပြည်နယ်တွင် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအား စောင့်ကြည့်ရန်အတွက် ဇွန်လ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်မြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

Read More »

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ဟင်္သာအဝိုင်းကော်မတီတို့ တွေ့ဆုံမည်

မော်လမြိုင်မြို့ သံလွင်တံတားထပ်အနီး ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေး၊ အစိုးရကျောင်းများတွင် စာသင်ချိန်အတွင်းမွန်စာပေသင်ကြားရေး နှင့် လမ်းညွှန်ဆိုင်းဘုတ်တပ်ဆင်ရေးကိစ္စများနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်လူထုဆုံရပ်မှ ရွေးချယ်ဖွဲ့စည်းခဲ့သော ဟင်္သာအဝိုင်းရုပ်ထု ပြန်လည်တပ်ဆင်ရေးကော်မတီတို့ မနက်ဖြန် (ဇူလိုင်လ ၁ ရက်နေ့) မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Read More »

အစိုးရကိုယ်စားလှယ်နှင့် DPN တို့ ဇူလိုင် ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ် Delegation for Political Negotiation-DPN နှင့် ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂) ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ၂၁ ရာစု ပင်လုံညီလာခံ ကိစ္စရပ်များကို ဇူလိုင် ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

Read More »