မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: ရာမညမင်းငြိမ်းချမ်း

Tag Archives: ရာမညမင်းငြိမ်းချမ်း

အပျိုစင်ဘီလူးကျွန်း

ဘီလူးကျွန်းသည် မော်လမြိုင်မြို့၏ အနောက်ဘက်ယွန်းယွန်း သံလွင်မြစ်တစ်ဖက်ကမ်း ရေပတ်လည်ဝန်းရံလျှက်ရှိသော မွန်ပြည်နယ်ထဲတွင်ရှိသော ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။ ဘီလူးကျွန်းကို ကျေးရွာပေါင်း(၆၄)ရွာ ၊ ကျေးရွာအုပ်စု(၄၆)အုပ်စုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ချောင်းဆုံမြို့နယ် ဟုလည်းခေါ်ဆိုသည်။

Read More »

အစိမ်းရောင်နေ့စွဲများ

ကျွန်တော် အစိမ်းရောင်နေ့စွဲများကို ဖြတ်သန်းလွန်မြောက်ခဲ့တာ ဆယ်စုနှစ်တစ်ခုလွန်ခဲ့ပါပြီ။ ဆယ်စုနှစ်တစ်ခုစာမက အိပ်မက်တွေမက်ရင်း အိပ်မက်တွေကြား မျောပါခဲ့တယ်။ အစိမ်းရောင်လွင်ပြင်ကျယ်ကို ငေးမောပြီး တစ်ခါတစ်ရံ တောင်တန်းခင်းတန်းတွေအကြောင်း စိတ်လက်ပေါ့ပါးစွာ တွေးမိတယ်။ “လေးဖြူ”ရဲ့ ‘မိုးကုပ်စက်ဝိုင်းရဲ့ဟိုးအစွန်းတဖက်မှာဘာတွေရှိမလဲ’၊” လိပ်ပြာ” တေးသီချင်းအပိုင်းအစကို တိုးတိုးလေးရွတ်မိတယ်။ တစ်ခါတလေ အစိမ်းရောင်ဟာ ပက်ပက်စက်စက်ဒုက္ခပေးတဲ့ကြောင်းလည်း တွေးမိတာပေါ့။ သူနဲ့ဆက်စပ်တဲ့ အစိမ်းရောင်ကမ္ဘာကိုမှီခိုပြီး သဘာဝတရားကို ဝါးမြိုဖျက်ဆီးတဲ့ စိုက်ခင်းဖျက်ပိုးမွှားတွေလည်း နေရာရလာတယ်။ အစိမ်းရောင်နေ့စွဲအောက် မွေးဖွားရှင်သန်ခဲ့တဲ့ကျွန်တော့် အရောင်များရဲ့အကြောင်းကို သေချာမသိခဲ့ဘူး။ ဒါပေမဲ့ အစိမ်းရောင်နေ့စွဲတွေကို ကျွန်တော်တို့ဖြတ်သန်းခဲ့ကြတယ်။ ဒီနေ့ခေတ်မှာ “ကျောက်မီးသွေးသုံးမှ တိုးတက်မယ်” စတဲ့အသံတွေ “Clean coal” နည်းပညာဆိုပြီး ယုံကြည်မှုရဖို့ ဂျင်းတွေထည့်နေခြင်းဟာ အရောင်ဆိုးခြင်းရဲ့ ရှေ့ပြေးနိမိတ်ပုံတွေပဲ။ အရောင်တွေဟာ တစ်ခုနဲ့တစ်ခုကြား ထူးထူးခြားခြား …

Read More »

အရိပ်မဲနောက်သို့

ညရင်ခွင်သည် တိတ်ဆိတ်မှုတို့ ကြီးစိုးနေသည်။ ပုရစ်နှင့်ပုဇဉ်းရင်ကွဲသံမှလွဲ၍ ကျွန်တော့်၏ကမ္ဘာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိသလိုပင်။ ကျွန်တော်မျက်ဝန်းအိမ်ပိတ်ကားချပ်ပေါ် အရောင်မျိုးစုံ ဥဒဟို သွားလားလှုပ်ရှားနေသည်။ ကျွန်တော် အဝေးသို့ လှမ်းကြည့်မိသည်။ မြင်ကွင်းများက ယောင်ဝါးဝါးနှင့် သဲကွဲမှုမရှိ။ ကျွန်တော့်တကိုယ်လုံး တိမ်ပေါ်ခိုစီးနေသကဲ့သို့ ခံစားနေရသည်။ စိတ်ဝိဉာဉ်အတွေးများက ဘာမှတိတိကျကျ ပြောပြ၍မရလောက်အောင် ရှုပ်ထွေးနေသည်။ ည၏ပရိယာယ်များလားဟု ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သုံးသပ်ကြည့်သော်လည်း အဖြေကအဆင်သင့်မရှိ။ အိပ်ခွင့်မရှိသည့် ညည့်နက်များလည်း မရေတွက်နိုင်အောင်များနေပါပြီ။ စိတ်ထွက်ပေါက်ပေးသည့်အနေဖြင့် စန္ဒာလမင်း၏အလှကို ငေးမောရင်း ညရင်ခွင်ထဲ စီးမျောနေမိသည်။ မိုးကောင်းကင်ထက် ကြယ်တံခွန်တွေ စီစီရီရီ ထွန်းတောက်နေသည်။ ဓူဝံကြယ်ကို ကျွန်တော်လိုက်ရှာနေမိသည်။ ယခုချိန်ထိ ဓူဝံကြယ်၏အရိပ်အယောင်မျှ ကျွန်တော်ရှာမတွေ့သေးပါ။ ညသည် ကျွန်တော့်အားမျက်လှည့်ပြနေပြီဟု သတိထားမိလိုက်သည်။ ကျွန်တော့်၏ အတွေးပုံရိပ်အိပ်မက်များသည် …

Read More »

အလင်းတံခါးပိတ်ချိန်

နံနက်ခင်းသစ်သည် ပစ်ပစ်နှစ်နှစ်ဆဲဆိုသံများဖြင့် နေ့သစ်ကန့်လန့်ကာကို စဖွင့်သည်။ အချိန်ကို စနစ်တကျအသုံးချ စည်းကမ်းတကျ နေတတ်ပါမှ ဤပတ်ဝန်းကျင်နဲ့ အသားကျလိမ့်မည်။ လူမျိုးစုံ၊ အလွှာစုံ၊ စရိုက်စုံဖြင့် မစည်ကားသင့်သည့်အရပ်မှာ စည်ကားနေခြင်းသည် အတိတ်ဘဝ၏ ၀ဋ်ကြွေး တစ်ခုမဟုတ်။ အမှားတစ်ခုနဲ့ ထိုက်တန်သည့် တန်ပြန်သက်ရောက်မှု ပြစ်ဒဏ်ကိုကျေပွန်အောင် ပေးဆပ်နေခြင်းဟု အတိုချုပ်ကောက် ချက်ချမိသည်။ ထိုက်တန်သည်ဖြစ်စေ၊ မတရား ပြုခံရသည်ဖြစ်စေ အမှောင်ညထဲ တိုးဝင် ရောက်ရှိခဲ့ပြီးဖြစ်သည်။ အလင်းတံခါးဖွင့်ချိန် ရောင်နီဦးသည် စိတ်မချမ်းမြေ့စရာ အမင်္ဂလာများဖြင့် ပြည့်နှက်နေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ တစ်စက္ကန့်တောင် မနေလိုသည့်နေရာ။ ထိုနေရာသည် လူ့လောက ငရဲစစ်စစ်ပင်မဟုတ်လား။ ‘မ တစ်ထောင်သားများ စုဝေးအုပ်ချုပ် နေရလို့ ငါတို့လည်း နှုတ်ကြမ်းနေတာပါ’ ဟု အုပ်ချုပ်သူထောင်ဝါဒါများက …

Read More »

ဦးနာအောက် ဘုရားဆီသို့အလည်တစ်ခေါက်

မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာကပင်အသိအမှတ်ပြုခံရသည့် မွန်လူမျိုးများတွင် ဦးနာအောက်လည်း တစ်ဦးအပါဝင်ဖြစ်သည်။ လူအများအသိအမှတ်ပြု ချီးကျူးခံရသည့်ကိစ္စမှာ လွယ်ကူလှသည်မဟုတ်။ သူ၏လုပ်ဆောင်ချက်၊ ခံယူချက်၊ သဒ္ဓါတရားထက်သန်စွာဆောက်လုပ်လှူဒါန်းခဲ့သော ဘုရား၊ ဝတ်၊ ကျောင်း၊ တန်ဆောင်းများသာမက

Read More »

မြစ်ကျိုးအင်းတောင်တန်းများအောက်

ကျွန်တော်အစိုးရဝန်ထမ်းဘဝဖြင့် တစ်နယ်တကျေးသို့သွားရောက်တာဝန်ထမ်းဆောင်နေရသည့်အတွက် မွေးရပ်မြေရွာလေးကို တစ်နှစ်တစ်ကြိမ်လောက်သာပြန်ဖြစ်သည်။ ပြန်လာတိုင်းလည်းရွာဓလေ့၊ ရွာရနံ့၊ သဘာဝလေကိုရှူရှိုက်ရင်းမြို့ပြနှင့် ဆန့်ကျင်ဘက်မွန်းကြပ်မှုတွေ ပြေပျောက်သွားသလိုပါ။ နှစ်ပေါင်းများစွာရွာဓလေ့နှင့် အသားကျနေပြီးဖြစ်သည့် ကျွန်တော့်အတွက်အထူးအဆန်းမဟုတ်သော်လည်း အိမ်ပြန်ခရီးတိုင်းတောတောင်ရေမြေ သဘာဝအလှများကဖမ်းစားနေဆဲပင်။

Read More »

မွန်ကဝိဆရာနေ့မှ ကလောင်သစ်မွေးဖွားရာဆီ

မွန်စာပေအသိုင်းအဝိုင်းတွင် စာရေးဆရာများသည် နှစ်ပေါင်းများစွာကပင် စာပေကို မိမိတို့နားလည်တတ်ကျွမ်းသလို နည်းမျိုးစုံဖြင့် ရေးသားဖော်ထုတ်ခဲ့ကြသည်။ စာရေးသူအများစုမှာ မိမိတို့စိတ်ထဲတွင် ကိန်းအောင်းနေသော ဗဟုသုတ၊ သိမှတ်ဖွယ်ရာအသိပညာ၊ အတတ်ပညာများကို ပြည်သူများသိရှိခံစားနိုင်ရန် “ဂျာနယ်၊မဂ္ဂဇင်း”များမှတဆင့် ပြန်လည်မျှဝေရေးသားခဲ့ကြသည်။ အခြားသောပညာရပ်များထက်”စာပေအသိပညာ” ပြည့်ဝလျှင်အခြားတစ်ယောက်ထက် ခေါင်းတစ်လုံးပိုသာနေသလိုပင်။ ထို့ကြောင့်စာပေသည်လူမျိုးစုရဲ့ အရေးကြီးသောအထူးအစိတ်အပိုင်းအဖြစ် တည်ရှိနေသည်။ ယခု’ဂလိုဘယ်လိုက်ဇေရှင်း’ ကမ္ဘာ့ရွာကြီးခေတ်တွင် စာပေများကိုဆိုရှယ်မီဒီယာများပေါ်မှ နည်းမျိုးစုံ ရေးသားလာကြသည်။ လူမှုကွန်ယက်စာမျက်နှာ Facebook မှသာမက Online Media များ Website မှလည်း ဖြန့်ဝေရေးသားတင်ဆက်လာကြသည်။ ယနေ့ကာလတွင်”မဂ္ဂဇင်း၊ဂျာနယ်”များ နေဝင်ချိန်ဟု ဆိုရမလို ဖြစ်နေသည်။ “သုတ၊ရသ” အသားပေးသော” မဂ္ဂဇင်း၊ဂျာနယ်” များ တဖြုတ်ဖြုတ်ကြွေလွင့်နေဆဲပင်။ မည်သို့ပင်ရှိစေ စာရေးဆရာများက အရှုံးခံပြီး မိမိတို့ဖြတ်သန်းလာခဲ့သော စာပေသမိုင်းကို …

Read More »

စိတ်ကောက်နေတဲ့တံတားပေါ်က ရွှေအိုးရွက်လာတဲ့ကောင်းကင်

ယမန်နှစ်က ယခုလိုအချိန်တွင်”သတင်း၊သတင်းဆောင်းပါး၊ ဆောင်းပါးနှင့်အမြင်သုံးသပ်ချက်”အများစုသာဖော်ပြသော Online Media တစ်ခုဖြစ်သည့် မွန်သတင်းအေဂျင်စီ Mon New Agency Website တွင် ထူးထူးခြားခြားကဗျာတစ်ပုဒ်ဖော်ပြခဲ့ဖူးသည်။ ထို(Website)တွင်ဖော်ပြခဲ့သော “စိတ်ကောက်နေတဲ့တံတား” ကဗျာ၏ဖန်တီးရှင်ကဗျာဆရာကမ်လူဝေးသည်လည်း မကြာသေးမီကပင် “ရွှေအိုးရွက်လာတဲ့ကောင်းကင်” အမည်ရ ကဗျာစုစည်းမှုစာအုပ်ထွက်ရှိထားပါသည်။ မွန်ပြည်နယ်သားခြင်းအတူတူ ကျနော်နဲ့လည်းရေးဖော်ရေးဖက် ညီအစ်ကိုယ်လိုခင်မင်နေသောကြောင့် ကဗျာဆရာကမ်လူဝေးမှ ကဗျာစာအုပ်လက်ဆောင်ပေးလာသည်။ ကမ်လူဝေးရဲ့ကဗျာစာအုပ်အား ဖွင့်ဖတ်ရင်းယခုသုံးသပ်ချက်ဆောင်းပါးကို ရေးဖြစ်ပါသည်။ “ရွှေအိုးရွက်လာတဲ့ကောင်းကင်” ကဗျာစုစည်းမှုစာအုပ်သည် ကမ်လူဝေး၏ဒုတိယမြောက် တစ်ကိုယ်တော်ကဗျာစုစည်းမှုစာအုပ်ဖြစ်သည်။ (၂၀၁၃)ခုနှစ်က “အသက်ဖမ်းသူ” ကဗျာစုစည်းမှုဖြင့် ပထမခြေလှမ်းထွက်ရှိခဲ့ဖူးသည်။ ယခုစာအုပ်တွင် မိုးမခမီဒီယာနဲ့ အခြားသောမဂ္ဂဇင်း၊ ဂျာနယ် စာမျက်နှာပေါ်တွင် ဖော်ပြခံရသော ကဗျာပုဒ်ရေစုစုပေါင်း (၆၀) ပါဝင်သည်။ အမှာစာကိုဆရာ “နရီမင်း” ကရေးသားပေးထားပါသည်။ ကဗျာဆရာသည် ‘မွန်ပြည်နယ်၊ …

Read More »

သံလွင်ရဲ့ ညီညွှတ်မှုတေး

‘သံလွင်’ဟုဆိုလိုက်တာနဲ့မြွေလိမ်မြွေကောက်အသွင်သဏ္ဍာန်နဲ့တရုတ်နိုင်ငံမှမြစ်ဖျားခံစီးဆင်းလာသည့်မြစ်ဖြစ်သည်။ မြစ်အဆုံးရာမညနဲ့ သံလွင်သည်ခွဲခြားလို့မရနိုင်သောဆက်စပ်မှုပင်ဖြစ်သည်။ တရုတ်နိုင်ငံမှတဆင့်မြန်မာနိုင်ငံနယ်နိမိတ်များဖြစ်သောရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကိုဖြတ်သန်းစီးဆင်းကာ မုတ္တမပင်လယ်ကွေ့မှ ဘင်္ဂလားပင်လယ်အော်ထဲသို့စီးဝင်သည်။ နှစ်ပေါင်းများစွာသံလွင်ဟာ လူသားတို့၏ ဘဝများစွာအတွက်အသုံးတော်ခံရပ်တည်ပေးခဲ့သည်။ သံလွင်ဟာလူသားတို့အတွက် သဘာဝဖန်တီးပေးထားသော အနဂ္ဃရတနာတစ်ပါးပင်ဖြစ်သည်။

Read More »