မွန်  ၊ အင်္ဂလိပ် ၊  Font

Home / Tag Archives: ယဉ်ချိုင်း (page 3)

Tag Archives: ယဉ်ချိုင်း

ဘီလူးကျွန်းဒေသထွက် ကျောက်သင်ပုန်း ရောင်းအားပြန်ကောင်းလာ

မွန်ပြည်နယ်၊ ဘီလူးကျွန်း (ချောင်းဆုံ) မုဒွန်ကျေးရွာထွက် ကျောက်သင်ပုန်းများ ယခုနှစ်အတွင်း ဈေးကွက်ပြန်လည်ရရှိလာပြီး အရောင်းအားပြန်ကောင်းလာသည်ဟု ကျောက်သင်ပုန်း ကျောက်တံလုပ်ငန်းရှင်တို့က ပြောသည်။ မုဒွန်ကျောက်သင်ပုန်း ကျောက်တံလုပ်ငန်းသည် လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင်ခန့်ကမှစ အသုံးပြုမှု တဖြည်းဖြည်းနည်းပါးလာခဲ့ပြီး ဈေးကွက်ပျောက်လုနီးပါးထိဖြစ်ခဲ့ရာမှ ယခုနှစ်အတွင်းတွင် ကျောက်သင်ပုန်း၊ ကျောက်တံဈေးကွက် ပြန်လည်ရရှိလာပြီး ရောင်းအား၊ ဈေးနှုန်းလည်း တက်လာသည်ဟု “အောင်မိုးခိုင်” ကျောက်သင်ပုန်းလုပ်ငန်းရှင်က ပြောသည်။ “ခါတိုင်းနှစ်ဆိုရင် အိမ်မှာ ကျောက်သင်ပုန်းတွေ ပုံနေတယ်၊ ဒီနှစ်က ဘာမှမကျန်ဘူး အကုန်ကုန်တယ်၊ ထုတ်သလောက်ကုန်တယ်၊ အမှာတွေလည်း များလာတယ်၊ ဈေးနှုန်းကျတော့လည်း ခါတိုင်းနှစ်ထက် နည်းနည်းကောင်းတယ်” ဟု “အောင်မိုးခိုင်” ကျောက်သင်ပုန်းလုပ်ငန်းရှင် ဦးအောင်မိုးခိုင်က ပြောသည်။ ကျောက်သင်ပုန်းကို ယခင်က ကျောင်းသုံးစာရေးကိရိယာတစ်ခုအနေဖြင့် …

Read More »

မွန်ပြည်နယ်တွင် လိုင်စင်စည်းကမ်းဖောက်ဖျက်သည့် အရက်ဆိုင် ၅၄ ဆိုင်အရေးယူခဲ့

မွန်ပြည်နယ်အတွင်းရောင်းချလျက်ရှိသည့် အရက်ဆိုင်များကို လစဉ်ပုံမှန်စစ်ဆေးမှုပြုခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလမှ စက်တင်ဘာလထိ လိုင်စင်စည်းမျဉ်းစည်းကမ်းဖောက်ဖျက်သည့် ဆိုင် ၅၄ ဆိုင်အရေးယူခဲ့သည်ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးကံဝင်းက ပြောသည်။ “ဆိုင်တွေကိုတော့ လစဉ် စဉ်ဆက်မပြတ် စစ်ဆေးမှု ပြုလုပ်နေပါတယ်၊ ဒီလမှာလည်း အရေးယူထားတဲ့ဆိုင်တွေ စာရင်းတက်လာပါသေးတယ်၊ လမကုန်သေးတော့ စာရင်းမချုပ်ရသေးဘူး အတိအကျ ပြောလို့မရသေးဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေက နည်းနည်းပြောလာတော့ နောက်ပိုင်းတော်တော် ဖမ်းဆီးမှု လုပ်လာတယ်” ဟု ဦးကံဝင်းက ပြောသည်။ အရေးယူခံရသည့်ဆိုင်များသည် ပထမအကြိမ်တွင် ဒဏ်ငွေပေးဆောင်စေခြင်း၊ ဒုတိယအကြိမ် ထမ်မံ ဖမ်းဆီးရမိပါက ယစ်မျိုးဥပဒေပုဒ်မအရ ငွေဒဏ်အပြင် ထောင်ဒဏ်ကျခံရသည်ထိ အရေးယူခံရမည်ဖြစ်ကြောင်း မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။ …

Read More »

မွန်လွှတ်တော်ဝန်ထမ်းထံမှငွေတောင်းသည့် ဦးစီးအရာရှိ ရာထူးလျှော့ချ ပြောင်းရွှေ့ခံရ

မွန်ပြည်နယ်လွှတ်တော် ဝန်ထမ်းအသစ်ထံတွင် ငွေကြေးတောင်းခံသည်ဆိုသည့် ဦးစီးအရာရှိကို ရာထူးလျှော့ချ ပြောင်းရွှေ့ခြင်းဖြင့် အရေးယူခံရသည်ဟု မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

Read More »

မွန်ပြည်နယ်တွင် ဆားကြမ်းတစ်ပိဿာ ၁၈၀ ကျပ်အထိ ဈေးမြင့်တက်

မွန်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ဆားရာသီအစဖြစ်သည့် အောက်တိုဘာလတွင် ဆားကြမ်းဈေးသည် အနိမ့်ဆုံး တစ်ပိဿာ ၁၈၀ ထိ မြင့်တက်သွားသည်ဟု ဆားရောင်းဝယ်သူတို့နှင့် ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

Read More »

သံလွင်မြစ်ကြောင်းသွား သင်္ဘောများ ပတ်ဝန်းကျင်ထိခိုက်ဆိုင်ရာ စစ်ဆေးမှုပြုလုပ်မည်

မွန်ပြည်နယ်အတွင်း မုတ္တမပင်လယ်ကွေ့နှင့် သံလွင်မြစ်ကြောင်းအတွင်း ခုတ်မောင်းသွားလာနေသော သင်္ဘောများကို ပတ်ဝန်းကျင်ထိခိုက်ဆိုင်ရာ စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။

Read More »

ရာဘာစက်ရုံများ ပတ်ဝန်းကျင်ဆိုင်ရာအစီရင်ခံစာတင်ပြကြရန် မွန်ဝန်ကြီးချုပ်ပြော

မွန်ပြည်နယ်အတွင်းရှိ ရာဘာစက်ရုံများ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာအစီရင်ခံကို အောက်တိုဘာလ ၃၁ ရက်နေ့နောက်ဆုံး တင်ပြကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားသည်။

Read More »

ခနောက်စိမ်းသတ္တုကြိတ်ခွဲသန့်စင်စက်ရုံတစ်ရုံကို မွန်ပြည်နယ်အစိုးရ စမ်းသပ်လည်ပတ်ခွင့်ပြု

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအုပ်စုရှိ မော်လမြိုင်စက်မှုဇုန်အတွင်းတွင် ခနောက်စိမ်းသတ္တုကြိတ်ခွဲသန့်စင်စက်ရုံတစ်ရုံကို ပြည်နယ်အစိုးရအဖွဲ့က စမ်းသပ်လည်ပတ်ခွင့် ပြုထားကြောင်း သိရသည်။

Read More »

မော်လမြိုင်ဘိလပ်မြေစက်ရုံ အရေးယူမည့်ကိစ္စ ပြည်နယ်အစိုးရမှ စက်ရုံသို့ အကြောင်းကြားခြင်းမရှိ

မွန်ပြည်နယ်လွှတ်တော်က အတည်ပြုထားသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) အရေးယူပေးရေးအဆိုကိစ္စ ပြည်နယ်အစိုးရမှ စက်ရုံသို့ တစ်စုံတစ်ရာအကြောင်းကြားလာခြင်းမရှိကြောင်း စက်ရုံတာဝန်ရှိသူတို့က ပြောသည်။

Read More »

မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀ဝ ခန့် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား ကျေးရွာအုပ်ချုပ်ရေးမှူးထုတ်ပယ်ရခြင်းနှင့်ပတ်သက်၍ မှိန်ဂနိမ်းကျေးရွာ၌ ဒေသခံ ၁၀ဝ ခန့်တို့က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Read More »

ရေးမြို့ပေါ် စည်းကမ်းမဲ့ရပ်နားသည့် မော်တော်ယာဉ်များကို အရေးယူသွားမည်

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ပေါ်တွင် စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကို ဥပဒေနှင့် အညီ အမြန်ဆုံး အရေးယူဆောင်ရွက်သွားမည်ဟု မွန်မြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

Read More »