မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: ယဉ်ချိုင်း (page 2)

Tag Archives: ယဉ်ချိုင်း

ရာဘာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းကြရန် မွန်ပြည်နယ်အစိုးရ တိုက်တွန်း

မွန်ပြည်နယ်တွင် ရာဘာဘာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍအလိုက် လိုအပ်ချက်များကို အားထုတ်ကြိုးပမ်းကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့က ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနှင့် ရာဘာဘာလုပ်ငန်းရှင်များအား တိုက်တွန်းလိုက်သည်။

Read More »

မွန်ပြည်နယ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ် ၁၀ဝ၀ ကျော် ဈေးကျ

မွန်ပြည်နယ်အတွင်း ကွမ်းသီးအစိုပေါ်ချိန် နိုဝင်ဘာလတွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ကျော်အထိ ဈေးကျသွားသည်ဟု ပြည်နယ်အတွင်းရှိ ကွမ်းသီးအရောင်းအဝယ်ပြုလုပ်နေသူတို့က ပြောသည်။

Read More »

မိုးစပါးရိတ်သိမ်းချိန် မွန်ပြည်နယ်စပါးဈေးမြင့်တက်

ယခုမိုးစပါး ရိတ်သိမ်းချိန် မွန်ပြည်နယ်စပါးဈေးသည် စပါးတင်း ၁၀ဝ လျင် ကျပ် ၁ သိန်းဝန်းကျင်ခန့် ယမန်နှစ်ထက် ဈေးမြင့်တက်နေကြောင်း ပြည်နယ်အတွင်းရှိ စပါးကုန်သည်များနှင့် စပါးစိုက်တောင်သူတို့ထံမှ သိရသည်။

Read More »

မွန်ပြည်နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဒီဇင်ဘာလအတွင်း ရွေးချယ်မည်

မွန်ပြည်နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဒီဇင်ဘာလအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

Read More »

မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ခွန်တန်ကိစ္စ ကြားနာစစ်ဆေး

မွန်ပြည်နယ် သထုံမြို့နယ် စရစ်ချောင်ကျေးရွာအုပ်စုရှိ အလံတစ်ရာနယ်မြေဒေသတွင် ဖြစ်ပွားနေသည့် ခွန်တန်ကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားထားချက်အပေါ် ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက နိုဝင်ဘာလ ၆ ရက်နေ့တွင် ကြားနာစစ်ဆေးမှုပြုလုပ်ခဲ့သည်။

Read More »

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ နိုဝင်ဘာ ၈ ရက်တွင်တွေ့ဆုံကြမည်

မွန်နိုင်ငံရေးပါတီ ၂ ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် တွေ့ဆုံကြမည်ဟု နှစ်ဘက်ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။

Read More »

မွန်ပြည်နယ်၌ နေ့စားလပေးလျှောက်ထားသည့် တိုင်းရင်းသားဆရာ/ဆရာမ ၈၀ဝ ကျော်ရှိ

မွန်ပြည်နယ်တွင် နေ့စားလပေးအဖြစ် လျှောက်ထားသည့် အစိုးရအခြေခံပညာကျောင်းများအတွင်း၌ တိုင်းရင်းသား စာပေသင်ကြားပေးနေသည့် ဆရာ၊ ဆရာမ ၈၀ဝ ကျော်ရှိသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ တိုင်းရင်းသား စာပေသင်ကြားနေသည့် ဆရာ၊ ဆရာမများကို နေ့စားလပေးအဖြစ် တိုးမြှင့်ခန့်အပ်ရန် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ပြည်နယ်အစိုးရမှတဆင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးဌာနတို့က အောက်တိုဘာ ၉ ရက်နေ့တွင် လျှောက်လွှာ စတင်ခေါ်ယူခဲ့ကာ နောက်ဆုံးရက်ဖြစ်သည့် အောက်တိုဘာ ၂၃ ရက်နေ့အထိ လျှောက်ထားသူ ၈၆၄ ဦး ရှိသည်။ “နေ့စားလပေးခန့်အပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေနဲ့က ပညာရေးဌာနနဲ့ ညှိနှိုင်းမှု လုပ်ဆောင်ထားတဲ့ဟာပေါ့နော်၊ နေ့စားလပေးခန့်အပ်လိုက်တဲ့အခါကျတော့ မူလ တစ်လ ၃ သောင်း ရနေတာကနေ ခံစားခွင့် …

Read More »

ကျိုက်မရောမြို့နယ်လှိုင်ဂူများတွင် ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသန ပြုလုပ်မည်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ခရုံဂူ၊ ဖားဘောင်ဂူ၊ စပယ်ဂူ၊ မယ်ဂရိုဂူ အစရှိသည့် သဘာဝထုံးကျောက်လိုဏ်ဂူများ၌ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ သုတေသနပြုလုပ်ငန်းကို နိုဝင်ဘာလတွင် ပြုလုပ်သွားမည်ဟု မွန်ပြည်နယ်လွှတ်တော်မှ သိရသည်။ ၄င်းဂူများအတွင်း ရှေးဟောင်း အုတ်ခွက်၊ ရုပ်ပွားတော်၊ ဆင်းတုတော်များရှိသဖြင့် မွန်ပြည်နယ်လွှတ်တော်နှင့် မော်လမြိုင်တက္ကသိုလ် သမိုင်းဌာန၊ ပထဝီဝင်ဌာန၊ ရူပဗေဒဌာန၊ မြန်မာစာဌာနနှင့် ဘူမိဗေဒဌာနတို့မှ ဆရာ၊ ဆရာမတို့နှင့် သုတေသနပြုလုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်လွှတ်တော် ဒု- ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ “ကျိုက်မရောမြို့နယ်အတွင်းမှာဆိုရင် သဘာဝလိုဏ်ဂူတွေ အများကြီးရှိတယ် ဒါပေမယ့် ဘယ်သူမှ သုတေသနမလုပ်ကြဘူး၊ တန်းဖိုးလဲ မသိကြဘူး၊ အချို့နေရာတွေမှာဆိုရင် ရှေးဟောင်းဘုရားတွေ၊ ဆင်တုတော်တွေ ရှိနေတယ်၊ ဒါတွေကို …

Read More »

ခွန်တန်နှင့် ၆ ဦးကို အမျိုးသမီးဖခင်တစ်ဦးက ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

မွန်ပြည်နယ် သထုံမြို့နယ် စရစ်ချောင်ကျေးရွာအုပ်စုရှိ အလံတရာနယ်မြေနေ ဦးဝင်းညွန့်ဆိုသူမှ ခွန်တန် (ခ) ဇာတ်လိုက်အပါအဝင် အမျိုးသား ၇ ဦးကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားသည်ဟု သထုံမြို့မရဲစခန်းထံမှ သိရသည်။

Read More »

ရွှေသံလွင်ကုမ္ပဏီထံမှစစ်တောင်းစက္ကူစက်ပြန်လည်လွှဲပြောင်းရယူရန် မွန်ပြည်နယ်အစိုးရစိစစ်မှုပြုလုပ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ကို ရွှေသံလွင်ကုမ္ပဏီမှ လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ပြည်နယ်အစိုးရထံ ပြန်လည်လွှဲပြောင်းအပ်နှံရန် အဆိုပြုထားသည့်အပေါ် ပြန်လက်ခံရယူရန် မွန်ပြည်နယ်အစိုးရကော်မတီဖွဲ့စိစစ်မှုပြုလုပ်လျက်ရှိသည်။ “ရွှေသံလွင်ကုမ္ပဏီက လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိလို့ ပြန်အပ်တာပေါ့၊ လက်ရှိမှာ ရွှေသံလွင်ဝန်ထမ်းတွေရှိတယ်၊ ဝန်ထမ်းအိမ်ရာတွေရှိတယ်၊ စက်ရုံပစ္စည်းတွေရှိတယ် ပြန်အပ်မယ့်အပိုင်းမှာ ဒို့ကလည်း ပြန်လက်ခံဖို့ ဆောင်ရွက်ဖို့အတွက်ကို ဗမာတိုင်းရင်းသားဝန်ကြီးဦးစီးပြီးတော့ စိစစ်ရေးအဖွဲ့ ဖွဲ့ပြီး မြေပြင်အခြေအနေကွင်းဆင်းစိစစ်နေတယ်၊ အလုပ်သမားတွေရှင်းဖို့က စိစစ်ရေးအဖွဲ့နဲ့ အလုပ်သမားဥပဒေအရ ဘယ်လိုဆောင်ရွက်လို့ရမလဲ မြေကြီးကို ဘယ်လိုလက်ခံလို့ရမလဲ စတာတွေကို စိစစ်နေတဲ့အနေအထားရှိတယ်” ဟု ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ အလုပ်သမားကိစ္စနှင့် ပတ်သက်ပြီး ရွှေသံလွင်ကုမ္ပဏီက ဖြေရှင်းပေးရမည်ဖြစ်ကြောင်း အားလုံးရှင်းလင်းပြီးမှသာလျှင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်လွှဲပြောင်းရယူမည်ဖြစ်ကြောင်း ဦးမြင်းသန်းဝင်းက ဆက်ပြောသည်။ လက်ရှိတွင် …

Read More »