မွန်  ၊ အင်္ဂလိပ် ၊  Font

Home / Tag Archives: မွန်သတင်းအေဂျင်စီ (page 3)

Tag Archives: မွန်သတင်းအေဂျင်စီ

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (ဒုတိယနေ့)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့ (ဒီဇင်ဘာလ ၅ ရက်)

Read More »

အိန္ဒိယ-မြန်မာဒေသတွင်း သတင်းမီဒီယာဆက်ဆံရေးဆွေးနွေးပွဲကျင်းပခဲ့

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ MPC ဦးဆောင်သောသတင်းဆရာများနှင့် အိန္ဒိယနိုင်ငံသတင်းကောင်စီ Press Council of India နှစ်ဖက်ကိုယ်စားလှယ်များက နှစ်နိုင်ငံဒေသတွင်း မီဒီယာဆက်ဆံမှု ပိုမိုတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့၌ ၂ ရက်တာ ဆွေးနွေးပွဲကျင်းပခဲ့သည်။

Read More »

ရေရှည်တည်တန့် ခိုင်မြဲသည့် ကုလသမဂ္ဂ၏ ဖွံ့ ဖြိုးရေးပန်းတိုင်များသတင်းရေးသားရန် မြန်မာသတင်းထောက်များအတွက်အမြင်

မြန်မာနိုင်ငံပြန်ကြာရေးဝန်ကြီးဌာနနှင့် အာရှ-ဥရောပ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် နိုဝင်ဘာလ (၁၈) ရက်နှင့် (၁၉) ရက် (၁၁) ကြိမ်မြောက် အာရှ-ဥရောပသတင်းထောက်များအစည်းအဝေးတွင် ကုလသမဂ္ဂမှ ချမှတ်ထားသည့် ရေရှည်တည်တန့် ခိုင်မြဲသည့် ဖွံ့ ဖြိုးရေးပန်တိုင် (၁၇) ရပ်အား အကောင်အထယ်ဖော်သည့် သတင်းများအား ထိထိရောက်ရောက် သတင်းရေးသားပေးပို့ နိုင်ရန် ဆွေးနွေးခဲ့သည်။

Read More »

အစိုးရနှင့် UNFC ၉ ကြိမ်မြောက်ဆွေးနွေးပွဲ သတ်မှတ်ရက်တွင်မဖြစ်မြောက်

မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ကြိုတင်သတ်မှတ်ထားသည့် ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၆ ရက်နေ့တွင် နဝမအကြိမ်တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် မဖြစ်မြောက်ကြောင်း သိရသည်။

Read More »

မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့ နိုင်ငံရေးပါတီတည်ထောင်ရန်စီစဉ်

အစိုးရထံ လက်နက်ချအလင်းဝင်ထားသည့် မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့အနေဖြင့် နိုင်ငံရေးပါတီဖွဲ့စည်းရန် စီစဉ်နေကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့က သံဖြူဇရပ်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းအထူးတပ်ဖွဲ့၏ ဥက္ကဋ္ဌက ပြောကြားလိုက်သည်။ မွန်ငြိမ်းချမ်းကာကွယ်ရေးအထူးတပ်ဖွဲ့ ဥက္ကဌ နိုင်ရွှေအောင်က “၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ကျွန်တော်တို့အဖွဲ့အနေနဲ့ အင်အားရှိသလောက် နိုင်ငံရေးပါတီတစ်ခုတည်ထောင်ဖို့ ကျွန်တော်တို့ စီစဉ်နေဆဲပါ။ ဒါပေမယ့် ကျွန်တော်တို့လူမျိုးထဲမှာ ပါတီတွေ ကွဲပြားနေတာ များတယ်။ ပြည်သူတွေလည်းပြောကြတယ်။ လူငယ်တွေလည်း ပြောနေကြတယ်။ မွန် ၂ ပါတီကနေ ၃ ပါတီဖြစ်လာတယ်။ အခု ၃ ပါတီကနေ ကျွန်တော်တို့ တစ်ပါတီပေါ်လာရင် ၄ ပါတီဖြစ်လာရင် ကျွန်တော်တို့လူမျိုးအချင်းချင်း ပြိုကွဲမှုဖြစ်နေမလား။ ကျွန်တော်တို့ စဉ်းစားထားပါတယ်။ ကျွန်တော်တို့ …

Read More »

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ဟံသာတို့ စက်တင်ဘာ ၁ ရက်နေ့တွင် တွေ့ဆုံမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာနှင့် အဖွဲ့တို့ စက်တင်ဘာ ၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံကြမည်ဟု သိရသည်။

Read More »

ကျိုက်မရောမြို့နယ် မွန်အမျိုးသားပါတီဝင် ၆၀ ကျော်တပြိုင်တည်းနုတ်ထွက်

မွန်အမျိုးသားပါတီ MNP ကျိုက်မရောမြို့နယ်မှ ပါတီဝင် ၆၀ ကျော်ခန့် သြဂုတ်လ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ ပါတီမှတပြိုင်နက်စုပေါင်းနုတ်ထွက်လိုက်ကြောင်း လူမှုကွန်ယက်အင်တာနက်စာမျက်နှာ Facebook ၌ ဖြန့်ဝေထားသည်။

Read More »

NCA လက်မှတ်ထိုးရန် ၃ လအချိန်ပေးဟု မွန်ပြည်သစ်ပါတီမေတ္တာရပ်ခံ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရန် ၃ လခန့်အချိန်ပေးရန် မွန်ပြည်သစ်ပါတီမေတ္တာရပ်ခံခဲ့ကြောင်း ယနေ့(သြဂုတ် ၂၃ ရက်) ဆွေးနွေးပွဲအပြီးသတင်းထောက်များနှင့် တွေ့ဆုံစဉ် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

Read More »

မွန်ပြည်သစ်နှင့်တပ်မတော်ဆွေးနွေးပြီးနောက် စစ်ရေးတင်းမာမှုလျော့ကျသော်လည်း စစ်ကြောင်းတစ်ကြောင်း ဆက်လက်အခြေပြုလျက်ရှိ

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦးဆောင်သည့်အဖွဲ့နှင့် တပ်မတော် အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)တို့ ရေးမြို့အခြေစိုက် စကခ(၁၉) ဌာနချုပ်၌ လွန်ခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စစ်ရေးတင်းမာမှုများလျော့ကျလာသော်လည်း တပ်မတော်စစ်ကြောင်းတစ်ကြောင်း ၄င်းတို့ဒေသတွင် ဆက်လက်အခြေပြုလှုပ်ရှားနေဆဲဖြစ်ကြောင်း မွန်ပြည်သစ်အရာရှိတစ်ဦးက ပြောသည်။

Read More »

မြန်မာ့တပ်မတော်သဘောထားမပြောင်းလဲပါက တိုက်ပွဲများရပ်တန့်လိမ့်မည်မဟုတ်ဟု TNLA ပြော

မည်သည့်အပစ်အခတ်ရပ်စဲစာချုပ်ရေးထိုးထားသည်ဖြစ်စေ မြန်မာ့တပ်မတော်သဘောထားမပြောင်းလဲပါက တိုက်ပွဲများရပ်တန့်နိုင်လိမ့်မည်မဟုတ်ကြောင်း မြောက်ပိုင်းမဟာမိတ်ဖြစ်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။

Read More »