မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မွန်သတင်းအေဂျင်စီ

Tag Archives: မွန်သတင်းအေဂျင်စီ

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ဟံသာတို့ စက်တင်ဘာ ၁ ရက်နေ့တွင် တွေ့ဆုံမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာနှင့် အဖွဲ့တို့ စက်တင်ဘာ ၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံကြမည်ဟု သိရသည်။

Read More »

ကျိုက်မရောမြို့နယ် မွန်အမျိုးသားပါတီဝင် ၆၀ ကျော်တပြိုင်တည်းနုတ်ထွက်

မွန်အမျိုးသားပါတီ MNP ကျိုက်မရောမြို့နယ်မှ ပါတီဝင် ၆၀ ကျော်ခန့် သြဂုတ်လ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ ပါတီမှတပြိုင်နက်စုပေါင်းနုတ်ထွက်လိုက်ကြောင်း လူမှုကွန်ယက်အင်တာနက်စာမျက်နှာ Facebook ၌ ဖြန့်ဝေထားသည်။

Read More »

NCA လက်မှတ်ထိုးရန် ၃ လအချိန်ပေးဟု မွန်ပြည်သစ်ပါတီမေတ္တာရပ်ခံ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရန် ၃ လခန့်အချိန်ပေးရန် မွန်ပြည်သစ်ပါတီမေတ္တာရပ်ခံခဲ့ကြောင်း ယနေ့(သြဂုတ် ၂၃ ရက်) ဆွေးနွေးပွဲအပြီးသတင်းထောက်များနှင့် တွေ့ဆုံစဉ် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

Read More »

မွန်ပြည်သစ်နှင့်တပ်မတော်ဆွေးနွေးပြီးနောက် စစ်ရေးတင်းမာမှုလျော့ကျသော်လည်း စစ်ကြောင်းတစ်ကြောင်း ဆက်လက်အခြေပြုလျက်ရှိ

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦးဆောင်သည့်အဖွဲ့နှင့် တပ်မတော် အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)တို့ ရေးမြို့အခြေစိုက် စကခ(၁၉) ဌာနချုပ်၌ လွန်ခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စစ်ရေးတင်းမာမှုများလျော့ကျလာသော်လည်း တပ်မတော်စစ်ကြောင်းတစ်ကြောင်း ၄င်းတို့ဒေသတွင် ဆက်လက်အခြေပြုလှုပ်ရှားနေဆဲဖြစ်ကြောင်း မွန်ပြည်သစ်အရာရှိတစ်ဦးက ပြောသည်။

Read More »

မြန်မာ့တပ်မတော်သဘောထားမပြောင်းလဲပါက တိုက်ပွဲများရပ်တန့်လိမ့်မည်မဟုတ်ဟု TNLA ပြော

မည်သည့်အပစ်အခတ်ရပ်စဲစာချုပ်ရေးထိုးထားသည်ဖြစ်စေ မြန်မာ့တပ်မတော်သဘောထားမပြောင်းလဲပါက တိုက်ပွဲများရပ်တန့်နိုင်လိမ့်မည်မဟုတ်ကြောင်း မြောက်ပိုင်းမဟာမိတ်ဖြစ်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။

Read More »

မော်လမြိုင်ခရိုင်စစ်ရေးလှုပ်ရှားမှု တပ်မတော်နှင့် မွန်ပြည်သစ်ဆွေးနွေး

တပ်မတော်စစ်ကြောင်းများ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်အနီး လတ်တလောစစ်ဆင်ရေးလှုပ်ရှားနေမှုများနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦးဆောင်သည့်အဖွဲ့နှင့် တပ်မတော် အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)တို့ ဩဂုတ်လ ၁၆ ရက်နေ့တွင် ရေးမြို့အခြေစိုက် စကခ(၁၉) ဌာနချုပ်၌ တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပခဲ့သည်။

Read More »

တပ်မတော် ကစထမှူးနှင့် မွန်ပြည်သစ်ပါတီဒုဥက္ကဌ တွေ့ဆုံ

တပ်မတော် အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့တို့ မွန်ပြည်နယ်၊ ရေးမြို့တစ်နေရာ၌ ယနေ့(သြဂုတ် ၁၆ ရက်) နေ့ မွန်းလွဲပိုင်းအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Read More »

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအနီး တပ်မတော်စစ်ကြောင်းလှုပ်ရှားနေမှုကြောင့် ဒေသခံများစိုးရိမ်မှုဖြစ်

မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဌာနချုပ်နှင့် အမှတ်(၁) တပ်ရင်း ရုံးစိုက်ရာ ပတ်ဝန်းကျင်အနီးတဝိုက်ဒေသရှိ ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိချောင်းနှင့် ဝင်းရော်ချောင်းနှစ်သွယ်ကြားရှိ မွန်ကျေးရွာအချို့တွင် တပ်မတော်စစ်ကြောင်းများ ဆက်လက်လှုပ်ရှားနေသဖြင့် ဒေသခံများစိုးရိမ်မှုဖြစ်ပေါ်နေကြောင်း သိရသည်။

Read More »

နှစ်ကရင်တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးသုံးစွဲသူ ၅ ဦးအပြင် လက်ပစ်ဗုံးတစ်လုံးဖမ်းမိသော်လည်း အဓိကတရားခံဟုယူဆရသူကို ဖမ်းမမိသေး

ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၌ သြဂုတ် ၁၄ ရက် နံနက်အစောပိုင်းက ရဲနှင့် ကျေးရွာလုံခြုံရေးအဖွဲ့တို့ သတင်းအရ မူးယစ်ဆေးဝါးများရှာဖွေဖမ်းဆီးခဲ့ရာတွင် တဆင့်ခံရောင်းချသုံးစွဲသူ ၅ ဦးအပြင် မူလရောင်းချဖြန့်ဖြူးသူနေအိမ်မှ လက်ပစ်ဗုံးတစ်လုံးသိမ်းဆည်းမိသော်လည်း အဓိကတရားခံဟုယူဆရသူအား မဖမ်းမိသေးဘဲ လွတ်မြောက်နေသည်ဟု သိရသည်။

Read More »

NCA အတွက်ဆွေးနွေးပွဲကျင်းပချိန်တွင် မွန်ပြည်သစ်ပါတီကို စစ်ရေးဖြင့်တပ်မတော်ပိုမိုဖိအားပေး

တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ မနက်ဖန် သြဂုတ်လ ၁၀ ရက်နေ့တွင် ဆဌမအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးပွဲကျင်းပမည့်အချိန်နှင့်တိုက်ဆိုင်ပြီး တပ်မတော်စစ်ကြောင်းများ မွန်ပြည်သစ်ပါတီထိန်းချုပ်ဧရိယာသို့ ယခုအခါဝင်ရောက်လာကြောင်း သိရှိရသည်။

Read More »