မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မွန်ထော (page 10)

Tag Archives: မွန်ထော

သြဂုတ်လပထမအပတ်အတွင်း မွန်အမျိုးသားကွန်ဖရင့်တစ်ရပ်ကျင်းပမည်

လာမည့် သြဂုတ်လ ပထမအပတ်၌ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ မော်လမြိုင်ခရိုင်ဌာနချုပ်ရှိရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာတွင် မွန်ပြည်သစ်ပါတီမှဦးဆောင်၍ မွန်အမျိုးသားကွန်ဖရင့်တစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

Read More »

ဇွန်လအတွင်း မူးယစ်ဆေးဝါးအလုံး ၄၈၅၆ မွန်ပြည်နယ်တွင် ဖမ်းဆီးရမိ

ပြီးခဲ့သည့် ဇွန်လအတွင်း မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးအလုံး ၄၈၅၆ ဖမ်းဆီးရမိခဲ့သည်ဟု ပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Read More »

၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံအကြို မွန်လူမှုအဖွဲ့အစည်းများဖိုရမ်ကျင်းပနေ

မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဇူလိုင်လ ၂/၃ ရက်နေ့များတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ပိုင်ခေတ်ခန်းမတွင် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံအကြို မွန်လူမှုအဖွဲ့အစည်းများဖိုရမ်ကျင်းပနေကြောင်း တွေ့ရှိရသည်။

Read More »

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ မွန်ပြည်နယ်တွင် ဖွဲ့စည်းပြီ

မွန်ပြည်နယ်တွင် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအား စောင့်ကြည့်ရန်အတွက် ဇွန်လ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်မြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

Read More »

ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးသည့်ကိစ္စ စောင့်ကြည့်ရန်လိုသေးဟုဆို

ယာယီရွှေ့ပြောင်း အလုပ်သမားများကို အိမ်ထောင်စုစာရင်းထုတ်ပေးသည့်ကိစ္စအား ရပ်ဆိုင်းပေးရန် တိုက်တွန်းကြောင်းအဆိုကို မွန်ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်အဖြစ်ထားရှိပြီးနောက် ယင်းကိစ္စအား စောင့်ကြည့်ရန် လိုအပ်သေးသည်ဟု အဆိုတင်သွင်းသူ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

Read More »

မူးယစ်ဆေးဝါးအလုံး ၁၉၄၄ မုဒုံမြို့တွင်ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ မုဒုံမြို့၌ ဇွန်လ ၂၄ ရက်နေ့တွင် မူးယစ်ဆေးဝါး ၁၉၄၄ လုံး ဖမ်းဆီရမိခဲ့ကြောင်း ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပထမနေ့(ဇွန် ၂၇) ၌ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ပြောကြားခဲ့သည်။

Read More »

ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးခြင်းကို နိုင်ငံတော်သမ္မတထံ AMDP ကန့်ကွက်

အစိုးရသစ်ရက် ၁၀ဝ စီမံချက်ဖြင့် ရွေ့ပြောင်းလုပ်သားများကို အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းအပေါ် လုပ်ထုံးလုပ်နည်းစနစ် မှန်ကန်မျှတသည်ဟု မယူဆသဖြင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP က နိုင်ငံတော်သမ္မတထံလိပ်မူ၍ ဇွန်လ ၂၇ ရက်က ကန့်ကွက်စာ ပေးပို့ထားကြောင်း သိရသည်။

Read More »

မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်လမ်းလျှောက်ပွဲနှင့် ဟောပြောပွဲ ရေးမြို့တွင်ကျင်းပပြုလုပ်

ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်လူငယ်ကွန်ယက် (ရေး)၊ ရေးမြို့နယ်ရှိ သံဃာတော်များနှင့် မွန်သံဃာပျိုများ ဦးစီးပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်လမ်း လျှောက်ပွဲနှင့်ဟောပြောပွဲကို မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ မွန်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

Read More »

အလွန်၊ အဆောင်း ဓါးပြအဖွဲ့ ရေးမြို့တွင်လက်နက်ချ

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဒေသများတွင် လှုပ်ရှားခဲ့သည့် အလွန်၊ အဆောင်း ခေါင်းဆောင်သောဓါးပြအဖွဲ့ဝင် ၂၀ ဦးတို့သည် ဇွန်လ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် ရေးမြို့အခြေစိုက် တပ်မတော် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ ၌ လက်နက်ချ အလင်းဝင်ခဲ့ပြီး ဖြစ်သည်။

Read More »

ရေးတောင်ပိုင်း အလွန်၊ အဆောင်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်ရန်စီစဉ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသတစ်ဝိုက်တွင် လှုပ်ရှားလှျက်ရှိသည့် အလွန်နှင့် အဆောင်း ညီအကိုနှစ်ယောက်ခေါင်းဆောင်သည့် လက်နက်ကိုင်ဓါးပြအဖွဲ့သည် လာမည့်ရက်ပိုင်းများအတွင်း တပ်မတော်ထံ အလင်းဝင်ရန် စီစဉ်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Read More »