မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မွန်ထော

Tag Archives: မွန်ထော

မွန်စာသင်ကြားခွင့်မပြုဘဲခွဲခြားဆက်ဆံပါက မွန်လွှတ်တော်ကိုတိုင်ကြားစေလို

အစိုးရအနေဖြင့် ကျောင်းချိန်ပြင်ပ မွန်စာသင်ကြားရေးကို ခွင့်ပြုပေးထားလျက်ရှိပြီး သင်ကြားခွင့်အားပိတ်ပင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းရှိခဲ့ပါက လွှတ်တော်သို့ ချက်ခြင်းတိုင်ကြားစေလိုဟု မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဌ ဦးထွန်းမင်းအောင်က (၁၈) ကြိမ်မြောက် မွန်ဒေသလုံဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာသင်တန်း စာမေးပွဲအခမ်းအနားကျင်းပစဉ် ပြောကြားလိုက်သည်။

Read More »

MCL ဘိလပ်မြေစက်ရုံ၏ EIA အစီရင်ခံစာ ပြည်နယ်အစိုးရထံတင်ပြခြင်းမရှိသေး

မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်၊ ပျားတောင်ဒေသရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cemant Ltd. (MCL) ကို ပြည်ထောင်စု သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သဘာပတ် ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ (EIA) ကို ပြန်လည်တင်ပြရန် ပြီးခဲ့သည့် မတ်လကညွှန်ကြားခဲ့ရာ အဆိုပါအစီရင်ခံစာအား မွန်ပြည်နယ်အစိုးရထံ တင်ပြထားခြင်းမရှိသေးဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

Read More »

အရေးယူရန်ကြန့်ကြာနေသည့်ယာဉ်တိုက်မှု ဝန်ကြီးချုပ်ထံတိုင်ကြား

ယာဉ်တိုက်မှုကြောင့်ခြေတစ်ဖက်ဖြတ်ခံခဲ့ရသူ ဒေါ်အုန်းဝင်းက ၄င်းအမှုကြန့်ကြာနေသဖြင့် မေလ ၁၂ ရက်နေ့၊ ရေးမြို့တွေ့ဆုံပွဲ၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ တိုင်ကြားခဲ့သည်။

Read More »

၁၈ လအတွင်း ရေးတစ်မြို့နယ်လုံးမီးလင်းစေရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ရေးမြို့နယ်တခုသာ အစိုးရလျှပ်စစ်မီးမရရှိသေးသော်လည်း ယနေ့ရက်မှစ ပြီး ၁၈ လအတွင်း ရေးမြို့နယ်တခုလုံးလျှပ်စစ်မီးရရှိစေရမည်ဟု ရေးမြို့နယ်ဒေသခံများနှင့် မေလ ၁၂ ရက်နေ့ ရေးမြို့ရွှေဆံတော်ဓမ္မာရုံတွင်ပြုလုပ်သည့် တွေ့ဆုံပွဲ၌ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ပြောကြားလိုက်သည်။

Read More »

သစ်တောကြိုးဝိုင်းအတွင်း ကျောက်ထုတ်လုပ်ခွင့်ပြုမည်မဟုတ်ဟု မွန်သယံဇာတဝန်ကြီးပြော

မွန်ပြည်နယ် သစ်တောကြိုးဝိုင်းဧရိယာတွင် ၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာရေးနှစ်၌ ကျောက်မိုင်းအသစ် များအား ကျောက်ထုတ်လုပ်ခွင့်ထပ်မံင်ခွင့်ပြုမည်မဟုတ်ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက မွန်သတင်းအေဂျင်စီကိုပြောသည်။

Read More »

သောင်ပြင်ကျေးရွာတွင် AMDP ပါတီဆိုင်းဘုတ်ပြန်တင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုက ရေစီပါတီ AMDP ဗဟိုအလုပ်အမှုဆောင်များဦးဆောင်ပြီး ပါတီရုံးဆိုင်းဘုတ်တင်အခမ်းအနား ဧပြီလ ၅ ရက်နေ့တွင် အသစ်ပြန်တင်ခဲ့ကြောင်း တွေ့ရှိရသည်။

Read More »

တစ်နှစ်အတွင်း ရေးမြို့နယ်တစ်ခုလုံး မီးလင်းရမည်ဟု မွန်ဝန်ကြီးချုပ်ကတိပေး

မွန်ပြည် ၁၀ မြို့နယ်တွင် အစိုးရလျှပ်စစ်မီးမရရှိသည့်ရေးမြို့နယ်၌ တစ်နှစ်အတွင်း မြို့နယ်တစ်ခုလုံးရှိ ကျေးရွာတိုင်း လျပ်စစ်မီးရရှိစေရမည်ဟု မတ်လ ၂၂ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးခန်းမ၌ သတင်းမီဒီယာများအား မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

Read More »

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း လွှတ်တော်အစည်းအဝေးမတက်ရောက်နိုင်ကြောင်းခွင့်တိုင်

ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည့် ဘီလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးမင်းမင်းဦးသည် ယခုကျင်းပလျက်ရှိသည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်၊ ပဉ္စမအကြိမ်ပုံမှန် အစည်းအဝေးတွင် ခရီးလွန်နေသဖြင့် အစည်းဝေးသို့ (၅) ရက်တိုင်တိုင် မတက်ရောက်နိုင်ကြောင်း ခွင့်တိုင် ထားသည်ဟု ကိုယ်စားလှယ်စိစစ်ရေးကော်မတီမှ သိရသည်။

Read More »

‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ သတ်မှတ်သည့် အပေါ် ဂုဏ်ယူရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

မွန်ပြည်သူလူထုမှ မော်လမြိုင်-ချောင်းဆုံ (သံလွင်မြစ်) ကူးတံတားအား ‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ ဟု အမည်ကို ကန့်ကွက်လျက်ရှိပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က ၎င်းအမည်ပေးခြင်းကို ဂုဏ်ယူရမည်ဟု မတ်လ ၁၅ ရက်နေ့၊ ဒုတိယအကြိမ် မွန်ပြည်လွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

Read More »

ချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲ ဒေသခံမွန်ကိုယ်စားလှယ်လောင်းအတွက် မွန်လူငယ်ကွန်ယက် ဝိုင်းဝန်းမဲဆွယ်မည်ဟုဆို

လာမည့် ၂၀၁၇၊ ဧပြီ ၁ ရက်နေ့တွင်ပြုလုပ်မည့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း) ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်နေရာဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကိုယ်စားလှယ်လောင်း နိုင်ဝင်းထွဋ် (ခ) နိုင်မြဝင်း အောင်နိုင်ရေးအတွက် မွန်လူငယ်ကွန်ယက်က ဝိုင်းဝန်းမဲဆွယ်ယ်စည်းရုံးသွားမည်ဟု မတ်လ ၁၁ ရက်နေ့တွင် သဘောထားကြေငြာချက် ထုတ်ပြန်ခဲ့သည်။

Read More »